ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်ကျေးရွာတွင်သစ်ကားစီးရေ (၇၀၀) ခန့်ေ ရာက် ရှိနေ
 ===============================================
 ဗန်းမော် မတ်လ ၂၃ ရက်
 
 ၁။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ မန်စီမြို့နယ် နန့်ဟန်ကျေး ရွာနှင့် ရှမ်းပြည်မြောက် ပိုင်းကျောက်မဲ
 ခရိုင် မဘိန်းမြို့နယ် တ၀ိုက်တွင် တရုတ်နိုင် ငံနောင်တောင်းမြို့ 
အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံ သစ်ခိုးဂိုဏ်း ကြီးရောက် 
ရှိလာပါသည်။ ယင်းနှင့် အတူ လမ်းဖေါက်လုပ်ရေးစက် ယန္တယား များ၊ဘက် ဖိုးယာဉ် 
များ၊မြေးတူးမြေကော် စက်များ၊ချိန်းဆောများ၊ တရုတ်နိုင်ငံသား ကျွမ်းကျင် 
ပညာရှင်များ၊ တရုတ် လုပ်သား များ၊ စုစုပေါင်း အင်အား (၅၀၀)ခန့် တပါတည်း 
လိုက်ပါ လာပါသည်။
 
 ၂။ BDY ကုမ္မဏီ ကအောက်ပါ 
သစ်ခိုးလမ်းကြောင်းများကို တစ်လအ တွင်း အပြီးဖေါက်လုပ်ကာ တရုတ်နိုင် 
ငံနောင်ေ တာင်းမြို့ ဖက်မှ ယန်းဖေါင်၊ အယ်စူဝူးစသည့် (၁၀)ဘီးသစ်တင် ယဉ်ကြီး
 စီးရေ (၇၀၀)ခန့်ကို အသု တ်လိုက် တင်သွင်းခဲ့ပါသည်-
 (က)နန့်ဟန်-စကရွာ-ပကာကောက်-နှစ်မွှာ-ပါဖန်-ပန်ဂျပ်-လွယ်ခန်း-ပန်ထန်-ဘုံချောင်း-
 လူးလူးယန်-ကောင်ဗွေယန်-မန်ဝိန်းကြီး-တရုတ်နိုင်ငံနောင်တောင်းမြို့
 (ခ)ပန်ထန်-မိုင်၃၀-ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
 (ဂ)မန်စီမြို့ဘုရားကုန်း-ဂျာမိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
 
(ဃ)ကြိုးစွန်တောင်သစ်တောကြိုးဝိုင်း-နန့်အူကြီး-၇မိုင်-စီမွန်း-မန်သာ-မိုင်းခေါင်-မဒန်ယန်-
 ၁၇မိုင်- ခပ်ပရာ-တိန်ဆင်းပါ-အင်ဘာပါ- တရုတ်နိုင်ငံနောင်တောင်းမြို့
 (င)မိုင်းခေါင်-ဂျေစွမ်း-မကျီကုန်-ဘော်နွယ်- တရုတ်နိုင်ငံနောင်တောင်းမြို့
 
 ၃။ ကျွန်းသစ်နှင့်တမလန်းသစ်များထွက်ရှိရာပင်ရင်းဒေသမှာ 
ကျောက်မဲခရိုင်မဘိန်းမြို့နယ်ဖြစ်ပြီး ယင်းမှ တစ်ဆင့် ကွန်းချောင်း -ခေါလော
 -ယန်းဘို-မအူကုန်း မဲဇလီ-ပင်ကြိမ်း-လ၀ါ လမ်းကြောင်း အတိုင်း မန်စီမြို့ 
နယ် နန့်ဟန်ကျေးရွာကျေးရွာ တွင်သယ်ယူ စုပုံခြင်းဖြစ်ပါသည်။
 
မန်စီမြို့နယ် အတွင်း တရုတ်နိုင်ငံနောင်တောင်းမြို့ အခြေစိုက် BDY အမည်ရှိ 
သစ်ကုမ္မဏီ အမည်ခံ သစ် ခိုး ဂိုဏ်းကြီးက သယ်ဆောင်ခိုးထုတ်နေသော 
ကျွှန်းသစ်နှင့်တမလန်းသစ်များ စုပုံ တည်ရှိရာ ဒေသများ မှာေ အာက် ပါ အတိုင်း 
ဖြစ်ပါသည်။
 (က)နန့်ဟန်ရွာ
 (ခ) ဂျာမိုင်ရွာ
 (ဂ) မိုင်းစိမ်း၊မိုင်းဟိန်းရွာ
 (ဃ)အင်ဂျီရွာ
 (င) မိုင်းခေါင်ရွာ
 (စ)ကြိုးစွန်တောင်သစ်တောကြိုးဝိုင်း
 (ဆ)သံတံတားရွာ
 (ဇ)အောက်ချောင်းရွာ
 
 ၄။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ အမည်ခံ 
သစ်ခိုး ဂိုဏ်းကြီးသည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ကုန်ခန့်မှ စတင်ကာစု 
ရပ်ဖြစ်သော မန်စီမြို့နယ် နန့်ဟန်ကျေးရွာနှင့် မိုင်းခေါင်ေ ကျး ရွာ တို့မှ
 အပိုဒ်(၂)ပါ သစ်ခိုးလမ်းကြောင်း (၅)ကြောင်း အတိုင်း တရုတ်နိုင်ငံနောင်ေ 
တာင်း မြို့သို့ သယ်ေ ဆာင် ခိုးထုတ်ခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ သစ်တင်ယဉ် 
တစ်စီးလျှင် တန် (၂၀) ခန့် တင်ဆောင် ပြီးနေ့  စဉ်စီးရေ (၁၀၀) ခန့် 
နယ်စပ်သို့ သယ်ဆောင် ခိုးထုတ်နေပါသည်။ ကျွန်းသစ်လုံးများပေါ်တွင် အဆို ပါ 
ဂိုဏ်း၏ markerတံဆိပ် BDY-1,BDY-2  စာတမ်း ရိုက်နှိပ်ထားပါ 
သည်။ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်န၀ါ ရီ လ ၂၈ ရက်နေ့ထုတ် The Voice Weekly 
ဂျာနယ်ကလည်း  သတင်းရေးသား ဖေါ်ပြခဲ့ဖူး ပါသည်။
 
 ၅။ 
တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ သစ်ကုမ္မဏီ 
အမည်ခံသစ်ခိုးဂိုဏ်းကြီး ၏ ဂိုဏ်းေ ခါင်းေ ဆာင် (၃)ဦးမှာအောက်ပါ 
အတိုင်းဖြစ်ပါသည်-
 (က) B=ဘရန်နူး၊ကချင်လူမျိုး
 (ခ ) D=ဒွန်ဖေါ့တန်ဂွန်း၊ကချင်လူမျိုး (ဂ) y=မော်ရုံး(ခ)လီးမော်ရုံး၊တရုတ်လူမျိုး
 
 ၆။ တရုတ်နိုင်ငံနောင်တောင်းမြို့အခြေစိုက် BDY အမည်ရှိ 
သစ်ကုမ္မဏီအမည်ခံသစ်ခိုးဂိုဏ်းကြီး တွင် အဖွဲ့ ၀င် သစ်လောပန်း (၂၀)ဦး 
ရှိပြီးကနဦး မတည် ထည့်ဝင်ငွေ တရုတ်ယွမ်သိန်း (၅၀)စီဖြင့် စု စုပေါင်း ယွမ် 
သိန်း (၁၀၀၀) (မြန်မာငွေကျပ် သန်းပေါင်း ၁၄၀၀၀ ခန့်) ကိုအပိုဒ် ၅ 
ပါသုံးဦးထံသို့ ထည့်ဝင်ရ ပါ သည်။ ယင်းငွေများ အနက် ယွမ်သိန်း ၆၀၀ ကို KIA 
အဖွဲ့ထံသို့ စစ်အသုံးစရိတ် ရန်ပုံငွေပေးချေ ရပါ သည်။ KIA အဖွဲ့ သည် 
ယင်းငွေယွမ်သိန်း ၆၀၀ဖြင့် တရုတ်လုပ် လက်နက်မျိုးစုံကို 
ဝယ်ယူစုဆောင်းနိုင်ခဲ့ သည်။ BDY သစ်ကုမ္မဏီ သည် ကျန်တရုတ်ယွမ်ငွေ သိန်း(၄၀၀)
 (မြန်မာငွေကျပ် သိန်းပေါင်း ငါးသောင်းေ ကျာ် ခန့်) ကိုေ 
နာင်တောင်းမြို့ရှိ တရုတ် အာဏာပိုင်များနှင့် ကချင်ပြည် 
နယ်နှင့်ရှမ်းပြည်နယ် ရှိမြန်မာ အာဏာ ပိုင် များ အားလာဘ်ငွေများပေးကာ 
၎င်း၏ယန္တယားကို လည်ပတ်ခဲ့ပါသည်။
 
 ၇။ ယင်းသို့လည်ပတ်ရာတွင် သစ်ခိုး 
လမ်းကြောင်းပေါ်ရှိ အရေးကြီး check point များတွင်အောက်ပါ လမ်းေ ကြာင်း 
ထိန်းများကို ခန့်အပ် တာဝန်ပေးပြီး ကင်းထောက်စေ ပါသည်၊ ၄င်း၏ တာဝန် 
သည်သစ်ကား များ အ ဖမ်း မခံ ရရေးအတွက် ဖမ်းဆီးရေး စစ်ကြောင်း အားကြိုတင် 
စနည်းနာခြင်း၊ လိုအပ်လျှင် လာဘ်ငွေ အမြောက် အမြားပေးခြင်း တို့ လုပ်ဆောင် 
ရပါသည်။ လမ်းကြောင်းထိန်း တစ်ဦး လျှင် pajero တစ်စီး၊ ကျပ်သိန်း ၃၀၀  
၊တရုတ်ဖုန်း၊ cdma ဖုန်း၊ လမ်းလျှောက် စကားပြောစက် တို့ေ ထာက်ပံ့ တပ်ဆင်ပေး
 ထားပါ သည်-
 (က)မန်စီမြို့နယ် မန်ဝိန်းကြီးရွာ တွင် ကိုဘောက်လာ
 (ခ).....။……….. နန့်ဟန်ရွာ …… ကိုမာဘရန်
 (ဂ)မန်စီမြို့ပေါ် ကိုဖိုးသား
 (ဃ)မန်စီမြို့နယ် ကိုက်ထိပ် စခန်း ကိုမိုက်ကယ် 
 (င)….။……….. မိုင်းခေါင်ရွာ ကိုဘယ်ကြီး 
 
 ဂ။ မန်စီမြို့နယ် နန့်ဟန်ကျေးရွာမှောင်ခို သစ်ကွင်းတွင် သစ်တင် 
လုပ်သား၊ယာဉ်မောင်း တရုတ်လူမျိုး (၅၀၀) ခန့်၊ဒေ သခံ တိုင်းရင်း သား 
(၅၀၀၀)ခန့်နှင့် သစ်ကား စီးရေ (၇၀၀)ခန့် မှနေ့စဉ် တရုတ် နယ်စပ် သို့ သစ် 
များခိုးထုတ်နေပါသည်။ မန်စီမြို့နယ် နန့်ဟန်ကျေးရွာသစ် ကွင်းတွင်လေးကောင် 
၊ခြောက်ေ ကာ င်ေ လာင်း ကစားဝိုင်း (၅၀)ခန့်၊ 
အနှိပ်ခန်း(၃၀)ခန့်၊ပြည့်တန်ဆာခန်း(၂၀)ခန့်၊ ဘိန်းနှင့်ရာမ စိတ်ကြွဆေး 
ဆိုင် (၁၀)ဆိုင်ခန့်ရောင်းချလျှက်ရှိနေပါသည်။
 
 ၉။ 
တရုတ်နိုင်ငံနောင်တောင်းမြို့ အခြေစိုက် BDY သစ်ကုမ္မဏီ အမည်ခံ 
သစ်ခိုးဂိုဏ်း ကြီးသည် ဗန်းမော်ြ မို့ (၃)မိုင် ကွက်သစ်တွင် 
ရွှေမိုးသွန်းအောင် ကုမ္မဏီ အမည်ဖြင့်ရုံးခန်း ဖွင့်လှစ်ထားပြီး 
ဗန်းမော်-နမ့်ခမ်း ကား လမ်း ကို BOT စနစ်ဖြင့် ငှားရမ်းဖေါက်လုပ် ကာဒေသ 
ဖွံ့ဖြိုးရေးကိုFOR SHOW လုပ်ကိုင်လျှက်ရှိပါ သည်။
 
 ၁၀။ BDY 
သစ်ခိုးဂိုဏ်းကြီး အခြေပြုရာ မန်စီမြို့နယ် နန့်ဟန်ကျေး 
ရွာနှင့်မိုင်းခေါင်ကျေး ရွာ၊ကျောက်မဲ ခ ရိုင် မ ဘိန်းမြို့နယ် တ၀ိုက် သည် 
၂၀၁၁ခုနှစ် မတိုင်မီက မိမိ အမာခံ နယ်မြေများဖြစ်ေ သ်ာလည်း ယခု အခါ KIA 
အဖွဲ့  အစည်း ၀င် များဆက်ကြေးကောက် သွားလာ လှုပ်ရှားရာ နယ်မြေ များဖြစ်လာ 
ခဲ့ပါသည် ။ရဲ၊ သစ်တော စသ ည့် နယ်ဖ က် ဌာနဆိုင်ရာများ သွားလာ မရသည့် 
အညိုရောင် နယ်မြေများဖြစ်ပါသည်။
 
 BDY သစ်ခိုးဂိုဏ်းကြီးနှင့်KIA  
တို့ပေါင်းကာ သစ်တော ၀န်ထမ်းများ ကို သတ်ဖြတ်ခဲ့ရာ ၁ ဦးသေဆုံး ၃ဦး ဒါဏ် ရာ 
ရှိခဲ့ပါသည် ။ BDY သစ်ခိုးဂိုဏ်းကြီး သည်နယ်မြေ မအေး ချမ်းမှုကို 
အခွင့်ကောင်းယူကာ စိတ် တိုင်း ကျ သစ်မှောင်ခို ခိုးထုတ်ခွင့် ရရှိခဲ့သည်။
 
 ၁၁။ အဆိုပါ နယ်မြေအတွင်း တပ်မ ၉၉၊ စကခ ၁၆၊ စကခ ၂၁၊ မပခ မိုးမိတ် စစ်ဗျုဟာ စသည့် တပ် မတော် စစ်ကြောင်း များ တာဝန် ထမ်းဆောင်နေ ပါသည်။
 
 ကချင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်
 
 
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment