ပြုံးပါလေ -

ပြုံးရွှင်ခြင်း(အပြုံး)သည် စိတ်ဖိစီးမှုကို လျော့နည်း
**Public Health** 
(ကန်ဆက်၊ သြဂုတ် ၇)
 ပြုံးရွှင်ခြင်းသည် ကျန်းမာရေးအတွက်သင့်လျော်သော အကျိုးကျေးဇူးများရှိကြောင်း၊ အထူးသဖြင့် စိတ်သောကဗျာပါဒများသောသူများအဖို့ပြုံးရွှင်ခြင်းသည် ကုထုံးနည်းတစ်ရပ်ပင်ဖြစ်ကြောင်းလေ့လာမှုအသစ်တစ်ခုတွင်
ဖော်ပြသည်။ ပြုံးရွှင်ခြင်းသည် စိတ်သောကရောက်နေသူများအား ပြန်လည်ကောင်းမွန်လာရန် အကူအညီပေးနိုင်သည်ဆို၍ ပြုံးရွှင်ခြင်းမှရရှိလာမည့်ဖြစ်နိုင်ခြေ
ရှိသောကျန်းမာရေးအကျိုးကျေးဇူးများကိုကန်းဆတ်တက္ကသိုလ်
မှစိတ်ပညာဆိုင်ရာသိပ္ပံပညာရှင်များဖြစ်သည့် တာရာခရက်(ဖ်)နှင့်ဆာရာပရက်စ်မန်တို့က လေ့လာခဲ့ကြသည်။
သုတေသီများသည် သာမန်အပြုံး(သို့)ပုံမှန်အပြုံးနှင့် စစ်မှန်သောအပြုံးနှစ်မျိုးတို့ကို လေ့လာခန့်မှန်းခဲ့ ကြသည်။ သာမန်အပြုံး(ဟန်ဆောင်အပြုံး)သည်နှုတ်ခမ်းကြွက်သားများကို
သာလျှင် လှုပ်ရှားစေသောအပြုံးဖြစ်ပြီး စစ်မှန်သောအပြုံးသည် နှုတ်ခမ်းနှင့်မျက်လုံးနှစ်ခုစလုံးမှ ကြွက်သားများကို လှုပ်ရှားစေသောအပြုံးဖြစ်သည်။ လေ့လာမှုပြုလုပ်နေစဉ်အတွင်း
 ပြုံးရွှင်သူများကို အုပ်စုသုံးစုခွဲ၍ လေ့လာခဲ့ကြသည်။ အုပ်စု တစ်ခုစီတွင်ပါဝင်၍ ပြုံးမည့်သူများ၏ မျက်နှာများအား အမျိုးမျိုးကွဲပြားခြားနားစေရန် လေ့ကျင့်ပေးခဲ့သည်။လေ့လာမှု
တွင်ပါဝင်ပြုံးမည့်သူများအားစားသောက်ရာတွင်သုံးသည့်တူကို
နှုတ်ခမ်းတွင်ကိုက်ထားစေ၍အပြုံးပုံစံအမျိုးမျိုးကိုဖန်တီးကာ
 ပြုံးစေခြင်းဖြစ်သည်။ယင်းနောက် ပြုံးမည့်သူများအားစိတ်သော
ကများ ပြေပျောက်စေ
ရန်လှုပ်ရှားမှုပုံစံအမျိုးမျိုး သတ်မှတ်၍ဖော်ထုတ်ပြုံးစေသည်။ ယင်းသို့ ပြုလုပ်နေစဉ် အတောအတွင်း သုတေသီများက၎င်းတို့ခန္ဓာကိုယ်၏ တုံ့ပြန်မှုများကိုလေ့လာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏နှလုံးခုန်နှုန်းနှင့် စိတ်ဖိစီးမှုအဆင့်တို့ကို တိုင်းတာခဲ့ကြသည်။ ပျော်ရွှင်ချမ်းမြေ့မှုအတွက် စကားမပြောဘဲ ညွှန်ပြရာတွင်ပြုံးရွှင်ခြင်း(အပြုံး)သည် အရေးကြီးသကဲ့သို့ ဗျာများရသော ဘ၀အဖြစ်အပျက်များအတွက် ဆန္ဒပြင်းပြစွာပိုမိုပြုံခြင်းသည် ကုထုံးနည်းတစ်ခုလည်းဖြစ်သည်ဟု ခရက် (ဖ်)က ပြောပြသည်။သောကဗျာပါဒများနေသော အချိန်တိုအတွင်းပြုံးရွှင်ခြင်း(အပြုံး) သည် ခန္ဓာကိုယ်စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် လျော့နည်းသွားစေရန် အကူအညီပေးနိုင်ကြောင်း၊ လူတစ်ဦး၏ အမှန်တကယ်ခံစားနေရသည့်ပျော်ရွှင်မှု (သို့) ၀မ်းနည်းမှုတို့အနက် တစ်ခု မဟုတ် တစ်ခုအား ပြုံးရွှင်ခြင်းဖြင့် အလေးမထားနိုင်တော့ကြောင်း လေ့လာမှုများကသက်သေထူခဲ့
သည်ဟု ဖော်ပြသည်။ (အင်တာနက်)

No comments: