ဖန်လုံအိမ် ဓာတ်ငွေ့ (သိပ္ပံ)

၁၈၂၄-ခုနှစ်တွင် ပြင်သစ်ပညာရှင်ဂျိုးဇက်ဖူရီ

ယေးကဖန်လုံအိမ်အာနိသင်အကြောင်းစတင်

ဖေါ်ထုတ်ရေးသားခဲ့သည်။ ကမ္ဘာမြေပြင်၊ ရေပြင်စသည်တို့မှ ကောင်းကင်ယံ

သို့ ပြန်ကန်ထွက်လာသောအပူဓာတ်များကို

 လေထုတွင်းရှိဓာတ်ငွေ့အချို့ကစုတ်ယူထိန်း

သိမ်းထားခြင်းဖြင့်ကမ္ဘာကိုပူနွေးစေသည်ကို ဖန်လုံအိမ် အာနိသင်ဟု ခေါ်သည်။

ဖန်လုံအိမ်သက်ရောက်မှုပြ ကားချပ်
ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse gas) များသည် လေထုထဲမှ ဓာတ်ငွေ့များ ဖြစ်ပြီး အပူစွမ်းအင်ကို သယ်ဆောင်နိုင်စွမ်းရှိသည့် အနီအောက် ရောင်ခြည်များအား စုပ်ယူနိုင်၊ ထုတ်လွှတ်နိုင်သည့် ဓာတ်ငွေ့များဖြစ်သည်။ ဤဖြစ်ရပ်မှာ အခြေခံအကျဆုံး ဖန်လုံအိမ် သက်ရောက်မှု ဖြစ်သည်။  ကမ္ဘာ့လေထုအတွင်း အတွေ့များသည့် ဖန်လုံအိမ်ဓာတ်ငွေ့များတွင် အဓိကဓါတ်ငွေ.လေးမျိုးပါဝင်ပြီး ယင်းတို.၏အချိုးအစားရာခိုင်နှုန်းတွေမှာ အောက်ပါအတိုင်းဖြစ်
သည်။ • ရေခိုးရေငွေ. (water vapor) 36–70% • ကာဗွန်ဒိုင်အောက်ဆိုက်(carbon dioxide) 9–26% • မီသိန်းဓါတ်ငွေ.(methane) 4–9% • အိုဇုန်းဓါတ်ငွေ. (ozone) 3–7% • အခြား CFC 11, CFC 12 အစရှိသည်. စက်မှုသုံးဓါတ်ငွေ.များ


နေအဖွဲ့အစည်း‎အတွင်းရှိ သောကြာဂြိုဟ် (ဗီးနပ်စ်ဂြိုလ်)၊ အင်္ဂါဂြိုဟ် (မားစ်ဂြိုလ်) နှင့် တိုင်တန်အရံဂြိုလ်တို့၏ လေထုတွင်လည်း ဖန်လုံအိမ်သက်ရောက်မှု ဖြစ်စေသည့် ဓာတ်ငွေ့များ ပါရှိသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့အပူအချိန် အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိသည်။ ဤဓာတ်ငွေ့များ မရှိလျှင် ကမ္ဘာ​မြေမျက်နှာပြင်၏ အပူချိန်မှာ လက်ရှိထက် ပိုနှိမ့်ပြီး 33°C (59°F) သာရှိမည် ဖြစ်သည်။
၁၇၅၀ ပြည့်လွန်နှစ် စက်မှုတော်လှန်ရေး စတင်ခဲ့ချိန်မှစ၍ လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်း မြင့်တက်လာသည်။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ၂၀ ရာစု ခေတ်လယ်ပိုင်းမှစ ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှုနှင့် တိုက်ရိုက်ဆက်နွယ်ကြောင်း သိရသည်။ 



No comments: