ခွေကျင့်ခွေးကြံ အမျိုးယုတ် လူမဟုတ်သူတို့ ညာဏ်

ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၂၂၊ ၂၀၁၂
မြန်မာ့စီးပွားရေးဦးပိုင်ကတရုပ်ဝမ်ပေါင်ကုမ္မဏီနှင့်ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာအဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်
ပေါ်စေရန် စီစဉ်လုပ်ဆောင်နေ

 မြန်မာ့စီးပွားရေးဦးပိုင်ကတရုပ်ဝမ်ပေါင်ကုမ္မဏီနှင့်ပူးပေါင်းပြီး
NLDပါတီဝတ်စုံများဝတ်ဆင်စေကာအဓမ္မလယ်သိမ်းခံရသော
 တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေသည်ဟုမုံရွာဒေသခံများကပြောဆိုနေကြ
သည်။

၂၁.၈.၂၀၁၂ နံနက် (၇)နာရီခန့်တွင် NLD ဝတ်စုံများဝတ်ထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝတ်စုံဝတ်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦးခန့်သည် မှန်လုံကားတစ်စီးဖြင့် မုံရွာအနောက်ဖက်ကမ်း လက်ပတောင်းကြေးနီစီမံကိန်းဘက်သို့ သွားကြောင်းကြားသိရသည်။ ထပ်မံကြားသိရသည်မှာ ထိုကားသည် ဝမ်ပေါင်ကုမ်ပဏီဝင်းအတွင်း၌ ရှိနေပြီး Light Truckတစ်စီးကNLDအလံထောင်၍ တောင်ကြားထဲသို့ဝင်သွား

ကြောင်းကို သေသေချာချာမြင်တွေ့သူများက ပြောကြားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုကဲ့သို့လုပ်နေသည်ကို မုံရွာမြို့နယ် NLDမှစိုးရိမ်စိတ်ဖြင့် သေချာဂရုစိုက် စောင့်ကြည့်၊ နားစွင့်ကာ အပြန်အလှန် သတင်းဖြန့်ဝေနေကြသည်မှာ ယခုအချိန်အထိဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီစီမံကိန်းမှာဖြစ်တာ ပါ။ မြန်မာ့စီးပွားရေးဦးပိုင်က NLDပါတီအင်္ကျီတွေဝတ်ပြီး ဒေသခံပြည်သူတွေထွက်လာ

အောင်ထောင်ချောက်ဆင်တယ်လို့သတင်းရပါတယ်။ NLDပါတီလည်းနာမည်ပျက် ဒေသခံတွေလည်းပုဒ်မ(၁၄၄)နဲ့ငြိ
စွန်းတယ်ဆိုပြီး ပစ်သတ်ရန်စီစဉ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ စစ်တပ် ရဲတို့ ပူးပေါင်းပြီးဆင်တဲ့သတ်ကွင်းတစ်ရပ်ဖြစ်ပါတယ်။

လုံထိန်းရဲကား(၃)စီး၊ရဲကား(၁)စီးနှင့်မီးသတ်ကားများဖြင့်တား

ဆီးညှိနှိုင်းရန်ရောက်လာသူ တောင်သူလယ်သမားများနှင့် ထိတ်တိုက်ဆုံမည့်အခြေအနေဖြစ်ပေါ်နေပါသည်။

မုံရွာနှင့်အနီးတစ်ဝိုက်မှအင်အားစုများနှင့်မီဒီယာများဝန်းရံပေါင်း

ဖြည့် ကူညီနိင်ပါရန် ရေးသားသိစေအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ...
၀၉၄၉၂၇၇၈၂၃
၀၉၄၀၀၄၅၆၁၀၆
၀၉၄၅၀၀၂၆၃၃၄
၀၉၄၀၀၄၀၁၁၈၉
၀၉၄၃၁၅၅၇၉၆
Nay Thiha (ThanLarWaddy Times)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: