ကွန်ပြူတာစစ်ပွဲ (အပိုင်း-၁)

ဒေါ်ခင်မျိုးသက်
"--- သတင်းတွေကို ထုတ်ပြန်တဲ့အခါမှာ တယောက်နဲ့တယောက် လက်ဦးမှု အရင်လိုချင်ကြတယ်ပေါ့နော်။ အင်တာနက် စစ်ပွဲလို့ ခေါ်တယ်။ Cyber War ရဲ့ အဓိက ဦးတည်ချက်က အဲဒါပဲခင်ဗျ။"

မေး။     ။ "အင်တာနက် စစ်ပွဲတွေ ဘယ်တုန်းကလောက် စဖြစ်တာလဲ၊ အဲဒါလေး ပြောပြပေးပါအုံး။"

ဖြေ။      ။ "Cyber War တကယ်စဖြစ်တာက ၉၉ ခုနှစ် နောက်ပိုင်းလောက်မှာ ဖြစ်တာ။ ကိုရီးယားနဲ့ တရုတ်၊ နောက် အမေရိကန် တွေနဲ့ ပတ်သက်ပြီးတော့ cyber war စဖြစ်လာတာ ခင်ဗျ။ များသောအားဖြင့် ဖြစ်တာ နှစ်ခု ရှိတယ်။ တခုက သူတို့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်တွေ)ကို ကိုယ်က သွားပြီးတော့ ဖျက်ဆီးချင်တာ။ နောက်တခုကျတော့ အဲဒီ imaformation တွေကို တခြားလူတွေ access လုပ်လို့ မရအောင်လုပ်တာ ဆိုပြီး နှစ်မျိုး ရှိတယ်ခင်ဗျ။"
မေး။     ။ "access လုပ်လို့ မရအောင် ဆိုတာက-"
ဖြေ။      ။ " ကျနော်တို့ သတင်းအချက်အလက်တွေကို တဘက်လူက ဖတ်လို့၊ သုံးလို့ မရတော့အောင်၊ ကျနော်တို့ရဲ့ ဆာဗာကို တဘက်လူတွေ ဖွင့်လို့မရအောင်၊ အလုပ်ရှုပ်သွားအောင် လုပ်တဲ့ဟာမျိုး တခုရှိတယ်။ နောက်တခုကျတော့ တချို့ရဲ့ web site ထဲကို ခွင့်ပြုချက်မရဘဲနဲ့ ဝင်ပြီးတော့မှ သူ့အထဲက information တွေကို ဝင်ပြင်တာ။ တရားဝင် မဟုတ်တဲ့နည်းနဲ့ ဝင်ပြင်တာဆိုပြီး နှစ်ခု ရှိတယ်။ "

မေး။     ။ "ကိုရီးယားတို့၊ အမေရိကားတို့၊ တရုတ်တို့ အစိုးရပိုင်းတွေက ဝင်ပြီး ပတ်သက်တာတွေ လည်း ရှိလာတယ်။ အဲဒီလို ရှိတဲ့အထဲမှာ ထင်ရှားတဲ့ ဥပမာလေးတခုလောက် နည်းနည်း ပြောပြပေးပါလား။"

ဖြေ။      ။ "အစိုးရပိုင်းက တရားဝင်ပါလား ဆိုတော့ တရားဝင် မပါဘူး ခင်ဗျ။ ဥပမာအားဖြင့်- အမေရိကန်က ပင်တဂွန်က ဆာဗာထဲကို တရုတ်ပြည်က ဖောက်ပြီးတော့ သတင်းအချက်အလက်တွေ ထုတ်ယူသွားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးကို တရုတ်ပြည် အစိုးရက တရားဝင် လုပ်သွားတာလား ဆိုတော့ မဟုတ်ဘူး။ အစိုးရအတွင်းမှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ cyber army group ဆိုတာမျိုးတွေ ရှိတတ်တယ်။ အဲဒါမျိုးတွေကတဆင့် သူတို့ ဝင်ပြီးတော့မှ သတင်းအချက်အလက်တွေ ယူတာ ရှိတယ်။  cyber war ဆိုတာ နိုင်ငံအချင်းချင်း တရားဝင် recognize လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါမျိုးကို  သူတို့က cyber war လို့ ခေါ်တာ ခင်ဗျ။"
မေး။     ။ "အစိုးရသုံးနေတဲ့ ဝဘ်ဆိုဒ်တွေထဲ ဝင်ပြီးတော့ နှောင့်ယှက်တာကျတော့ cyber war ထဲ ဝင်သွားပြီနော်။"
ဖြေ။      ။ "ဟုတ်ကဲ့၊ ဥပမာအားဖြင့်- ရခိုင်ကိစ္စမှာဆိုရင် ဗမာပြည်မှာကျတော့ ဗမာလူငယ်တွေ လုပ်ထားတဲ့ BHG ပေါ့။ Blink Hacker Group ပေါ့။ တော်တော် တော်ပါတယ်။ သူတို့ ဖွဲ့စည်းထားတာ။ သူတို့ကနေပြီးတော့ ရခိုင်မှာ ဖြစ်နေတဲ့အရေးကို အသိအမှတ်မပြုလို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဝဘ်ဆိုဒ်ထဲ ဝင်ပြီးတော့မှ ဘယ်လို ဘယ်လိုတွေ ဖြစ်နေပါတယ် ဆိုပြီးတော့မှ တရားမဝင် ဝင်ပြီးတော့ ရေးတာပေါ့။ အဲဒီလို ဖြစ်ရင်းကနေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် cyber army လို့ ခေါ်တယ်။ BCA ပေါ့။

ဒါပေမဲ့ အဲဒါမျိုးကို မေးရင် အစိုးရက support လုပ်နေတာလား ဆိုတော့ မဟုတ်ဘူး။ သူတို့ဖာသာ သူတို့ ရပ်တည်နေတာ။ သူတို့ရဲ့လူမျိုးရေးစိတ်ဓာတ်နဲ့ သူတို့ဖာသာသူတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ။


ဗမာ BHG ကနေသွားပြီးတော့ သူတို့ရဲ့ အစိုးရ ဝဘ်ဆိုဒ်တွေကို သွားလုပ်တဲ့အချိန်မှာ BCA ကနေပြီးတော့မှ ဒီက ဝဘ်ဆိုဒ်တွေကို ပြန်ပြီးတော့ လုပ်တာ။ အဲဒီတော့ ဘာဖြစ်သွားလဲ ဆိုတော့ မြန်မာပြည်က ဝဘ်ဆိုဒ် တော်တော်များများက အသက်မဝင်ဘူး။ အသက်မဝင်ဘူး ဆိုတာက သတင်းအချက်အလက်တွေက အသေဖြစ်နေတယ်။ အဲဒီတော့ သူတို့မှာ လုံခြုံရေး အားနည်းတယ်။ ဆာဗာတွေက လုံခြုံမှု မရှိဘူး။ အဲဒီတော့ အလွယ်တကူ တိုက်ခိုက်လို့ ရသွားတယ်။

ဒါပေမဲ့ BHG ကနေ ပြန်တိုက်တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်က တော်တော် အထိနာသွားတယ်။"


မေး။     ။ "ဥပမာလေး တခုလောက် ပြောပြပေးပါနော်။ တိုက်ခိုက်တာ တခု။"


ဖြေ။      ။ "ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်က BCA က ဘာကို တိုက်ခိုက် သွားသလဲဆိုတော့ - myanmar.gov.mn အဲဒါကို သူက ဒိပြင်လူတွေ ဝင်လို့မရအောင် သူက ---- နဲ့ တိုက်သွားတယ်။  အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ myanmar.gov.mn မှာ နေ့စဉ်သတင်းတွေ ထုတ်ပြန်ပေးနေတာ ရှိတယ်။ အဲဒီလို တိုက်ခိုက်သွားတဲ့အတွက် သတင်းအချက်အလက်တွေ ထုတ်ပြန်လို့ မရတော့ဘူး။ တကယ် အင်ဖော်မေးရှင်း လိုအပ်တဲ့နေရာတွေကို ထုတ်လို့ မရတော့ဘူး။ အဲဒါမျိုးတွေ ဖြစ်သွားတယ်။


နောက်တခုကျတော့ commercial ဆိုဒ်တွေ ရှိတယ်။ ဥပမာ aungmyanmaronline.com တွေ ရှိတယ်။ အဲဒီတွေမှာကျတော့ မဟုတ်က ဟုတ်က သတင်းတွေ လုပ်သွားတယ်။ အဲဒီမှာ သူတို့က ဆိုင်း (sign) လေးထားသွားတယ်။ ဒီဟာကို သူတို့ hack လုပ်သွားပါတယ်ဆိုတာကို။"


မေး။     ။ "ဒီဟာမျိုးတွေကို ခြေရာခံလိုက်မယ်ဆိုရင် လွယ်သလား။"


ဖြေ။      ။ "လွယ်ပါတယ် ခင်ဗျ။ များသောအားဖြင့် hacker တွေက လုပ်ပုံလုပ်နည်း နှစ်မျိုးရှိတယ်။ တချို့ လုပ်သွားတာကို လူမသိစေချင်တဲ့ သဘောမျိုးရှိတယ်။ တချို့က လုပ်သွားတာကို လူသိစေ ချင်တဲ့ သဘောမျိုးရှိတယ်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် ကိစ္စမှာဆိုရင် BHG က လူသိစေချင်တဲ့ ဟာမျိုးနဲ့ လုပ်သွားတယ်။ သူတို့အဖွဲ့ကို ဘယ်လို ဆက်သွယ်လို့ရတယ်ဆိုတာပါ ထားသွားတယ်။ တချို့ hack လုပ်တဲ့ ဟာတွေကျတော့ cyber war  တွေကျတော့ သူတို့ရဲ့ အချက်အလက်တွေကို မပေးဘူး။ ဥပမာအားဖြင့်  အမေရိကန် ပင်တဂွန်က အချက်အလက်တွေကို တရုတ်ပြည်က ဝင်တိုက်သွားတယ်။ အဲဒီမှာကျတော့ information ကို ထားမသွားဘူး။ Hacker တွေမှာကျ association လို ဟာမျိုးရှိတယ်။ သူ့အစုတွေ၊ အစုတွေ လုပ်ထားကြတာ ရှိတယ်။


ဥပမာ- BHG ဆို သူတို့ hacking လုပ်သွားရင် သူတို့မှာ link ထားသွားတယ်။ အဲဒီလင့်ခ်ကို ပြန်ရှာမယ် ဆိုရင် သူတို့မှာ နံပါတ်အဆင့် ဘယ်လောက်ရှိတယ်။ Hacker Group မှာဆိုရင် အဲဒါမျိုးတွေ ပြန်ပြီး ခြေရာကောက် (trace) လုပ်လို့ရတယ်ခင်ဗျ။ "



မေး။     ။ "ဘင်္ဂလားဒေ့ရှ် ဘက်က အဖွဲ့ကိုကျတော့ရော။"


ဖြေ။      ။ "ဘင်္ဂလားဒေ့ရှ်ကလည်းသူတို့က တရားဝင် အဖွဲ့အစည်းလုပ်ထားတယ်။ သူတို့မှာ ကိုယ်ပိုင် ဝဘ်ဆိုဒ်ရှိတယ်။ Bangladish Cyber War ဆိုတာ။ မြန်မာပြည်ကို ပြန်တိုက်တဲ့အခါ သူတို့မှာ  အဖွဲ့တွေနဲ့ ပြန်တိုက်တယ်။ တဖွဲ့က BCA ၊ Bangaladish Cyber Army ပေါ့။ အဲဒါမျိုးကျ သူတို့က NGO လို ဖွဲ့စည်းထားတာ။ နိုင်ငံတော်တော်များများမှာ အခု အဲဒါမျိုးတွေ ဖွဲ့ထားကြတယ်။ Cyber Army တွေ ဖွဲ့ထားတယ်။ Cyber Attack တွေ အရမ်းများတဲ့ အခါကျတော့။ Cyber War တွေ များတဲ့အခါကျတော့။ ဘင်္ဂလားဒေ့ရှ်မှာဆို ဒီ BCA က အစိုးရအဖွဲ့ မဟုတ်ရင်တောင်မှ သူတို့က NGO သဘောမျိုးနဲ့ ထူထောင်ထားတာ။

"နောက်တခုက သူတို့မှာ BBHH ဆိုတာ၊ Bangaladish Black High Hack  ဆိုတာမျိုး၊ အဲဒါမျိုးကျ ရိုးရိုး လူငယ်တွေကနေ ဖွဲ့စည်းထားတာ။ အဲဒါမျိုး နှစ်ခုရှိတယ်။ မြန်မာပြည်မှာကျတော့ သူတို့ တရားဝင် ဖွဲ့စည်းထားတာ မရှိဘူး။ BHG ဆိုတာ ---- ဆိုတာကတော့ သူက  နိုင်ငံ့ ဝဘ်ဆိုဒ်တွေမှ မဟုတ်ဘူး။ ဥပမာအားဖြင့် မိုးလေဝသ ဦးထွန်းလွင်ရဲ့ ဝဘက်ဆိုဒ်ထဲ သူတို့ ဝင်တိုက်သွားတယ်။ သူတို့ ဘာ အကြောင်းပြချက်ပေးလဲဆိုတော့ လုံခြုံရေးအားနည်းလို့၊ လုံခြုံရေးအားနည်းတာကို ပြုပြင်ဖို့အတွက် Hilite လုပ်ပေးတဲ့သဘောမျိုး၊ ပြုပြင်ရမယ်ပေါ့။ သတိပေးတဲ့သဘောနဲ့ hack လုပ်သွားတာ။  သူတို့က နှောင့်ယှက်တာ တခုတည်းမဟုတ်ဘူး။ သူတို့က အားနည်းချက်ရှိနေရင်လည်း အားနည်းချက် ရှိမှန်းသိအောင်လို့ hack လုပ်တာလို့ ပြောတယ်ခင်ဗျ"

"မေး။     ။ "သူတို့က ဘာလို့ Blink လို့ ပေးထားတာလဲ။"


ဖြေ။      ။ "ဟိုတုန်းက ခေါ်တာ Burmese Hacker လို့ပေးတာ။ ဘားမီးစ်ဟက်ကာစ် ဆို လူသိမှာစိုးလို့ ဘလင့်ခ် ဟက်ကာစ် လို့ ပြန်ပြောင်းလိုက်ကြတာ။ Blink Hacker group က တော်တော်လေးကို အစွမ်းထက်တာ။ ဒီ ဟက်ကာအုပ်စုထဲမှာတော့ နံပါတ် ၂ ချိတ်တယ်။"


မေး။     ။ "နံပါတ် တစ်က ဘယ်သူလဲ။"


ဖြေ။      ။ "နံပါတ် တစ်ကတော့ အမေရိကားပေါ့။ --- အဖွဲ့တဖွဲ့ရှိတယ်။ နာမည်သေချာမသိဘူး။ အဲဒီ နှစ်ခုက အမြဲတမ်း တစ် နေရာမှာ လုလေ့ရှိတယ်။ ဗမာက အခု နံပါတ် နှစ်အထိ တက်သွားတာ။ ဟက်ခ် လုပ်တဲ့အခါမှာ အာရှကတော့ နည်းပညာ တော်တော်မြင့်တဲ့အထဲမှာ ပါတယ်။ များသောအားဖြင့် တရုတ်ပြည်၊ ရုရှားကပဲ များတာ။ "


မေး။     ။ "ပင်တဂွန်မှာ သူတို့က ပရိုဂရမ်တခု ဖွင့်ထားတယ်။ တက္ကသိုလ်တွေမှာပဲဖြစ်ဖြစ်၊ အထက်တန်းကျောင်းတွေမှာပဲဖြစ်ဖြစ်။ ကျောင်းသားတွေကို ဆိုဒ်တခုပေးထားတယ်။ သူတို့ဆိုဒ်ကို ဟက်ခ်လုပ်ပါ။  လုပ်နိုင်တဲ့ကျောင်းသားနဲ့ အရည်အချင်းပြိုင်တာပေါ့နော်။ တော်တဲ့ကျောင်းသားတွေကို သူတို့က လူသစ်စုဆောင်းတာပေါ့။ အဲဒါမျိုးက လုပ်သင့်လား၊ မလုပ်သင့်လား။ ဘယ်လိုထင်လဲ။"


ဖြေ။      ။ "ဒါက ကောင်းပါတယ်ခင်ဗျ။ နမူနာအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ ဖြစ်တဲ့ကိစ္စမှာ နိုင်ငံတခုမှာ အဲဒါမျိုးလေးတွေ ရှိတတ်တာပဲ။ နိုင်ငံတခုမှာ အဲဒါမျိုးလေးတွေ ရှိတဲ့အခါမှာ---- ဖြစ်ဖြစ်၊ NGO တခုအနေနဲ့ ထူထောင်တာပဲဖြစ်ဖြစ် အရေးပေါ်ဖြစ်လာတဲ့အခါ ကိုယ့်နိုင်ငံကိုယ် အနည်းဆုံးတော့ ကာကွယ်လို့ရတာပေါ့ခင်ဗျ။ ဒါမျိုးက ဖြစ်သင့်ပါတယ်လို့ ကျနော်ထင်တယ်။"


ကွန်ပြူတာပညာရှင် ဥက္ကာ--- ပါ။အပိုင်း ၂ ကိုသွားပါ

1 comment:

အောင်မိုးဇော်(သွေးသစ်) said...

ခုလိုတင်ပြပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက်ထပ်လည်း ဖော်ပြပေါးပါဦး။
အထူးသဖြင့် နည်းပညာနဲ့ပတ်သက်တာကို
ရှင်းလင်းပြီး နားလည်ရလွယ်ကူအောင်
အခြေခံကျကျ တင်ပြပေးပါဦး

sakawarchitthu.1500@gmail.com