လောင်းလုံ
 ရေနံချက်စက်ရုံ စီမံကိန်းအနီးမှ ဒေသခံများအား တရုတ်ပြည် လေ့လာရေးခရီးစဉ် 
ခေါ်ဆိုမှုအား ဒေသခံများမှ ကန့်ကွက်ကြောင်း သဘောထားဖော်ထုတ်...
တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင် 
လောင်းလုံမြို့နယ် ညင်းမော်ရွာတွင် တရုတ်နိုင်ငံမှ တည်ဆောက်မည့် လောင်လုံ 
ရေနံချက်စက်ရုံစီမံကိန်းမှ တရုတ်ပြည် လေ့လာရေးခရီးစဉ်အား သဘောမတူ 
ကန့်ကွက်သည့် အစည်းအဝေးတစ်ခုကို 27.8.2012(တနင်္လာနေ့) နံနက် ၉း၀၀နာရီခန့်က 
လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းအတွင်းတွင် 
ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသခံရပ်မိရပ်ဖများ၊ 
လူငယ်လူရွယ်များ အပါအ၀င် ဒေသခံ(၂၀၀)ခန့် တက်ရောက်ကြသည်။
အစည်းအဝေးအစတွင် 
ဆရာတော်အရှင်ဦးညာဏိဒမှ အဖွင့်အမှာ စကား ပြောကြားရာတွင် တရုတ်နိုင်ငံမှ 
လာရောက်လုပ်ကိုင်မည့်  ရေနံချက်စက်ရုံ အတွက် ဒေသခံများအား လာရောက်ခေါ်ယူသည့်
 တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ်အား မလိုက်သင့်သဖြင့် မလိုက်ကြစေလိုကြောင်း 
လိုက်သွားသူ များအားလည်း တစ်ရွာလုံး၊ တစ်ဒေသလုံးက ညီညီညွတ်ညွတ်နှင့် 
ကန့်ကွက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားသွားခဲ့ပြီး၊ ဒေသခံများထဲမှ 
ကိုဝေလင်း၊ ကိုအာကာ၊ ဦးတင်စိုး၊ ဦးဟန်သိန်း၊ အုပ်ချုပ်ရေးမှူးတို့မှ 
အပြန်အလှန် ဆွေးနွေးသွားကြရာတွင်““ဒီခရီးစဉ်ကိုလိုက်လည်း မလိုက်ဘူး၊ 
ရေနံချက်စက်ရုံ တည်ဆောက်မှာကိုလည်း၊ လုံးဝ(လုံဒ၀) လက်မခံနိုင်ကြောင်းကို ဆွေးနွေးသွားကြသည်။
အဆိုပါ တရုတ်နိုင်ငံမှ 
တည်ဆောက်မည့် ရေနံချက်စက်ရုံနှင့် ရေနံသန့်စင်စက်ရုံအတွက် အနီးအနားရှိ 
ဥယျဉ်၊ ခြံမြေများအား သိမ်းယူရန် မြေတိုင်းထွာမှုများ ပြုလုပ်နေကြောင်း 
သိရှိရသည်...။
ထားဝယ်သား ပေးပို့သည်..
တနှစ်လျှင် ရေနံစိမ်း တန်ချိန် ၅ 
သန်း ချက်လုပ်နိုင်မည့် ထိုစက်ရုံသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် 
အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်ခြင်း မရှိသော်လည်း စက်မှုဇုန်နှင့် 
ဆက်စပ်မှု ရှိပြီး စီမံကိန်းတွင် တရုတ် ၇၀ ရာနှုန်း၊ ဦးပိုင် ၂၀ 
ရာနှုန်းနှင့် ထူးကုမ္ပဏီမှ ၁၀ ရာနှုန်း ပါဝင်သည်ဟု မဇ္ဈိမသတင်းစာမျက်နှာတွင် 
ဖော်ပြပါရှိသည်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
 
No comments:
Post a Comment