မိုးထိမိုးမိဒေသ နောက်ဆုံးသတင်း


 
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
                                             သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ဒုတိယ ၀ါဆို လပြည့်ကျော် (၁၀) ရက်နေ့
 ( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် )
(၁၂.၈.၂၀၁၂)

     မိုးထိမိုးမိဒေသ၊ရမည်းသင်းမြို့နယ် ရွှေတူးဖော်ရေးလုပ်ငန်းများ
လုပ်ကိုင်လျှက်ရှိသောမိုးထိမိုးမိတောင်ပေါ်တွင်နိုင်ငံတော်ကာ
ကွယ်ရေးဝတ်စုံ(ပျောက်ကျားဝတ်စုံ)များကို ဝတ်ဆင်ပြီး တုတ်(ရာဘာနံပါတ်တုတ်၊ဝါးရင်းတုတ်)၊ဓါး၊လက်ထိပ်များတပ်
ဆင်ထားသောအမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီလီမီ
တက်မှ ခေါ်ယူဖွဲ့စည်းထားသော လှုပ်ရှားတပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်းများပြန်လည်လုပ်ကိုင်ရန်စောင့် ဆိုင်းနေသော ရွှေလုပ်သားများ၏ နေအိမ်တဲများအတွင်းသို့ အတင်းဝင်ရောက်ရှာဖွေသိမ်းဆည်းနေပါသည်။ထို သို့ရှာဖွေသိမ်းဆည်းရာတွင် ရှာဖွေစစ်ဆေးခွင့် စာရွက်စာတမ်းများ ပြသခြင်းမရှိသလိုနိုင်ငံတော်မှတရားဝင်ဖွဲ့ စည်းထားသော ပြည်သူ့ရဲဝန်ထမ်းများ၊ခရိုင်အုပ်ချုပ်ရေးမှူးမှ
 နေရာချထားပေးထားသော ဈေးတန်း ရာအိမ်မှူး များ တစ်ဦးမှမပါဝင်ပါ။ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီသည်မိုးထိမိုးမိ
တောင်ပေါ်တွင်၁၄.၆.၂၀၁၂ရက်နေ့တွင် ရွှေလုပ်သားများနှင့်
နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေသလို ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်နေပါသည်။
မိုးထိမိုးမိတောင် ဇုံ-၉(ဘတ်ဖိုး)တွင် (၉.၈.၂၀၁၂)ရက်နေ့မြင်ကွင်းများ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: