DVB ဘာလဲ ဘယ်လဲ

DVB ပြည်တွင်းသတင်းထောက်များအားလုံး ရုံးချုပ်သို့ သတင်းမပို့ရန် ဆုံးဖြတ်

နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB)ရုပ်မြင်သံကြား ရုံးချုပ်၏ လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေနှင့်မြန်မာနိုင်ငံအတွင်းရှိ DVB သတင်းထောက်များအား လုံး သတင်းမတင်ရန်
ဆုံးဖြတ်ခဲ့ကြောင်း ၄င်းတို့ထံမှ သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရသည့်အကြောင်းရင်းမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းတွင် ဖွင့်လှစ်ခဲ့သည့် DVBရုံးခွဲတွင်အုပ်ချုပ်ရေးပိုင်းနှင့်စီမံခန့်ခွဲမှုလုပ်ထုံလုပ်နည်းများနည်းလမ်းမကျသောကြောင့်
 ဖြစ်ကြောင်း ၄င်းတို့က တူညီစွာ ပြောဆိုကြသည်။

အဆိုပါဆုံးဖြတ်ချက်ကို ရန်ကုန်အခြေစိုက် DVB သတင်းထောက် အယောက် ၃၀အပါအ၀င် မြန်မာ တစ်နိုင်လုံးရှိ DVB Citizen journalist (CJ) များပါထောက်ခံခဲ့ကြကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။

“ ကျွန်တော်တို့က ရွှေဝါရောင်တော်လှန်ရေး၊နာဂစ်၊ ရွေးကောက်ပွဲ(၂၀၁၀နှင့်ကြားဖြတ်) တွေမှာ
အဖမ်းခံရမှာ မကြောက်ဘဲနဲ့ လုပ်ခဲ့တာ။ အနစ်နာ ခံခဲ့တာတွေကို ဂရုမစိုက်ဘဲမြန်မာပြည်ရုံးခွဲအတွက် တာဝန်ခံခန့် တဲ့အခါမှာ တစ်ခြားသူတွေခန့်တယ်။
ပြီးတော့ ပြန်ကြားရေးကို ထောက်ခံတဲ့ လုပ်ရပ်မျိုးတွေကလက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟုနေပြည်တော်တွင်လွှတ်တော်သတင်းယူနေသာDVBသတင်းထောက်တစ်ဦးက ပြောကြားသည်။

ယနေ့ DVB သတင်းထောက် ၃၀ ဦး၏ အစည်းအဝေးဆုံးဖြတ်ချက်ကိုသဘောတူညီသည့်အနေနှင့် လွှတ်တော်သတင်း ဗွီဒီယိုကလစ်များကို လုံးဝမပို့ကြောင်း ၄င်းက ဆိုသည်။

DVBသည် ရွှေဝါရောင်တော်လှန်ရေးတွင် ဖြစ်ရပ်မှန်များကို နိုင်ငံတကာသို့ရိုက်ပြနိုင်ခဲ့သော
BurmarVJအဖွဲ့ကို ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့်စွပ်စွဲတရားစွဲမှုအပြီးတွင် DVB သတင်းထောက်များကို ခံစားခွင့်များတိုးမြှင့်ပေးရန် အော်စလိုရှိ DVB ရုံးချုပ်မှ ကတိပေးထားသော်လည်းယခုအချိန်ထိ ဖြစ်လာခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်အခြေစိုက်DVBသတင်းထောက်များယနေ့အစည်းအဝေးတစ်ရပ်ပြုလုပ်၍ပြသာနာ
 ဖြစ်ရသည့်အကြောင်းအရင်း နှင့်ရသင့်ရထိုက်သည့်အခွင့်အရေးများကိုနော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ DVB ရုံးချုပ်သို့ အီးမေလ်ပို့ထားပြီးဖြစ်ကြောင်း ယင်းသတင်းများထံမှ သိရသည်။

“ ဒီရက်ပိုင်းအတွင်း ခုပြဿနာတွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်။မန္တလေးက သတင်းထောက်တွေလည်း ရန်ကုန်ကို လာကြမယ်။” ဟု ရန်ကုန်အခြေစိုက် DVBသတင်းထောက်က ဆိုသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ် ဇူလှိုင်လတွင်စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအပြီးတွင် ပိုမိုလူသိများလာခဲ့သည်။
The voice weekly





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: