| အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို အတည်မဖြစ် | 
| Thursday, 09 August 2012 02:13 | 
လှယ် ဦးဝင်းမြင့် တင်သွင်းသည့် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ)ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင် စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်''အဆိုကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသဖြင့် လွှတ်တော်မှ အတည်မပြုကြောင်း သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ 
အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ်များဖြစ်သည့် ဦးစိန်ဝင်း(မအူပင် မဲဆန္ဒနယ်)၊ 
ဦးကျော်မင်း(လက်ပံတန်းမဲဆန္ဒနယ်)၊ 
 ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် 
မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင်မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း 
(၀ါးခယ်မမဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင် 
(ကျောက်ပန်းတောင်းမဲဆန္ဒနယ်)၊ 
 ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ် ကမ်းမဲဆန္ဒနယ်)တို့မှ 
ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များဖြစ်သည့် 
ဗိုလ်မှူးကြီးခင်မောင်ထွန်းနှင့် ဗိုလ်မှူးကြီးအောင်မြင့် 
ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့သည်။ ထို့နောက် ကျားဖြူပါတီမှ 
ဒေါက်တာစိုင်းကျော်အုန်းနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ 
ဦးစိုးဝင်းနှင့်ဦးအောင်ဇင်က ပြန်လည်ပြင်ဆင် တင်သွင်းရန် 
ဆွေးနွေးခဲ့ကြသည်။အဆိုကို ထောက်ခံဆွေးနွေးသည့် ကိုယ်စားလှယ်များမှ ပြောကြားရာတွင် အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ၏ အလေ့အထ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံသည် ပွင့်လင်းမြင်သာမှုအားကောင်းရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ တွင် လက်ဆောင်ပေးမှုမှတစ်ဆင့် လာဘ်ပေးလာဘ်ယူမှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေးမှု အတိုင်းအတာ ပမာဏ (Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင် လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်း ဆွေးနွေးခဲ့ကြသည်။ တပ်မတော်သား ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ တွင်ပါဝင်သည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ် ငန်း၊ စုငွေနှင့် အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တစ်ကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့် မကိုက်ညီကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်မှ အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲနေသော်လည်း အဆိုကောင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးသည့် အစိုးရအဖွဲ့ဝင်များထံမှ ပိုင်ဆိုင်မှုစာရင်း တောင်းသကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်တွင် ကြီးလေးသော တာဝန်များ ထမ်းဆောင်နေသည့် လွှတ်တော်ဥက္ကဋ္ဌများ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း ညီတူညီမျှဖြစ်စေရန် ပိုင်ဆိုင်မှုစာရင်း တောင်းဆိုရန် စဉ်းစားသင့်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ 
ထိုအခါ အဆိုရှင် ဦးဝင်းမြင့်က'' ဖွဲစည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ 
ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ပစ္စည်းတွေက ပြည်ထောင် 
စု လွှတ်တော်နာယကဆီကို 
ပဲတင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေ 
ပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက 
ပိုင်ဆိုင်မှုကို သမ္မတဆီ တင်ရမှာ။ ကျွန်တော်ဆိုလိုချင်တာက အများပြည်သူသိရှိနိုင်ဖို့ အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ 
အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာ မဟုတ်ဘူး။ 
ဖွဲ့စည်းပုံမှာပါပြီးသား မဟုတ်ဘူး''ဟု ထပ်မံဆွေးနွေးခဲ့သည်။ လွှတ်တော်တွင် 
မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၈မဲ၊ ကန့်ကွက်မဲ ၂၇၁မဲနှင့် ကြားနေမဲ၁၅မဲဖြင့်ရှုံးနိမ့်ခဲ့သဖြင့်အဆိုအတည်မဖြစ်ကြောင်း
 ကြေညာခဲ့သည်။ 
 | 
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment