နီးလုပေါ့
စည်းကမ်းရေးဆွဲနေတဲ့ ဒိုင်လူကြီးနဲ့ 
နေရာရှာနေတဲ့ ပရိတ်သတ်တို့ 
စောင့်ကြည့်နေ(တယ်လို့ ထင်ရ)ကြတဲ့
အားစမ်းပြိုင်ပွဲကြီးလေ ။           ။
အရှိမ်ရစ
သာယာမှုကို
အမှောင်က ပေးစွမ်းသလား
အမှောင်ဟာသာယာမှုလား
စဉ်းစားစဲ
စဉ်းစားစဲ ။                 ။
ဝီစီလည်းမမှုတ်
အားပေးသူလည်းဝါးတားတား
(လက်ခုပ်သံလည်းမကြား)
ကြားကာလလို့ ထင်ရဲ့
မောဟိုက်လာပေါ ။့                ။
အမှောင်ထဲက အရိပ်ကို မြင်လိုက်ရ
ထိပ်လန့် စရာ
နောက်မှာ
ဟိုဖက်မှာ
ဒီဖက်မှာ
အဲဒါ ငါ
. . .  မင်း ။               ။
မရှင်းတာ ဝေဝါး
ရောင်စဉ်တွေ ထွေပြား
အမြင်အားနည်းလိုက်ထာ ။                 ။
အသိတွေနောက်ကြ
နားမလည်မိတာ ယခု
ချဲ တွက်ဖို့ စာရွက်ရှာ
အလှူအိမ်ကို နားစွင့်
မျက်လုံးကစွန်ရဲ
နှလုံးသားက သမင်ငယ်
စကားကြွယ်သူတွေလည်း လက်မလည်ရှာဘူး ။             ။
ပြောရင်း ပြောရင်း
စောင့်နေသူတစု
လူစုမကွဲစေနဲ့ 
လူစုမကွဲစေနဲ့ 
လမ်းဘေးကသူရဲ
အဆွဲကြမ်းသတဲ့ ။                  ။
တွန်းတင်ပါ
ဆွဲခေါ်ပါ
သိပ်မကြာပါဘူး
နီးလုပေါ့
ရောက်လုပေါ့ ။           ။
ခါးတမာ - ဂျူလိုင် ၃၁ ၊ ၁၉၉၂
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments: