ဘာကောင်းသလဲမမေးနဲ့  ဟောဒီက - ကြက်သွန်နီ !


ကြက်သွန်နီနှင့် သွေးတိုးရောဂါ 

ကြက်သွန်နီသည် အိမ်ရှင်မများ မီးဖိုဆောင်တွင် စားသောက် ဖွယ်ရာများကို ချက်ပြုတ် ကြော်လှော်ရာ၌ မရှိမဖြစ် လက်စွဲ အသုံးပြုကြရသော စားသုံးသီးနှံ တစ်မျိုးဟု ဆိုရပေ မည်။ ဟင်းလျာများ ချက်ပြုတ်ရာတွင် ဆားမပါသည့် ဟင်းလျာသည် အရသာ ကင်းမဲ့သည့်နည်းတူ ကြက်သွန်နီ မပါဝင်သည့် ဟင်းလျာသည်လည်း ကောင်းမွန်သော အရသာနှင့် အနှစ်သာရကို ရာနှုန်းပြည့်ပေးစွမ်း နိုင်မည် မဟုတ်ပေ။
တိုင်းရင်း ဆေးဖက်ဝင် အရသာနှင့် ဂုဏ်သတ္တိ
ချို၏၊ စပ်၏၊ အနည်း ငယ်ပူ၏၊ ကြေကျက်ပြီးနောက် ချို၏။ ကြေကျက်ခဲ၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကို တိုးပွားစေတတ်၏။ ခွန်အားနှင့်အသိဥာဏ်ကို တိုးပွားစေ၏။ ဆီးကို ရွှင်စေ၏ ဟု မြန်မာ့ တိုင်းရင်း ဆေးကျမ်းတွင် ဖော်ပြထားပါသည်။
ရောဂါများနှင့် ကြက်သွန်နီ
ဘန်ဂီ BUNGE အဆိုအရ ကြက် သွန်နီသည် ခန္ဓာကိုယ်က သံဓာတ်စုပ် ယူရာတွင် အထောက်အကူ ဖြစ်စေသည်။ ထို့ကြောင့် သွေးအားနည်းနေသူများ အနေနှင့် ကြက်သွန်နီကို မကြာခဏ စားသုံးပေးသင့်သည်ဟု အကြံပြုထား ပေသည်။ ကြက်သွန်နီသည် အားတိုး စေသော အာဟာရလည်း ဖြစ်ပေ သည်။ ယင်းသည်အဖျားရောဂါ၊ ဖောရောင်ခြင်း၊ နှာစေးချောင်းဆိုးခြင်း
 နှင့် နာတာရှည် အဆုတ် လေပြွန်ရောင် ရောဂါ၊  ချောင်းဆိုး   သွေးပါရောဂါတို့ကိုလည်း သက်သာစေနိုင်သည်။ ကြက်သွန်နီကို ညစာ စားသုံးချိန်တွင် ထည့်သွင်းစားသုံးပါက နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေသည်ဟု ဆေးကျမ်းတွင် ဖော်ပြထားသည်။ ဖျားနာခြင်း၊ ဝက်ရူးပြန်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ အပူရှပ်ခြင်း၊ သွားရောဂါ၊ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ နားရောဂါ၊ ဆီးလမ်း ကြောင်းရောဂါ၊ သွေးယိုစိမ့်ခြင်း၊ လိပ်ခေါင်းရောဂါ တို့အတွက် ဆေးဖက်ဝင်ကြောင်း သိရပါသည်။
သွေးဖိအားကျစေနိုင်
ဗြိတိန်နိုင်ငံမှ သုတေသီများဟာ ကြက်သွန်နီ နေ့စဉ် ပုံမှန်စားသုံးသူပေါင်း တစ်သိန်းခန့်ကို သုတေသနပြု လေ့လာခဲ့ပါသည်။ ကြက်သွန်နီတစ်လုံးခန့်ကို ဟင်းချက်ရာ၌ ဖြစ်စေ၊ အခြားစားဖွယ် များ၌ဖြစ်စေ၊ နေ့စဉ်ပုံမှန် ထည့်သွင်း စားသုံးပေးခြင်းဖြင့် မြင့်တက်နေသော သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သည်။ ထို့ပြင် ကြက်သွန်နီကို နေ့စဉ် ပုံမှန်တစ်လုံးခန့် စားသုံးပေးပါက သွေးတိုးကျပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ရာခိုင်နှုန်း   လျော့နည်းသွားကြောင်း သိရသည်။ ကြက်သွန်နီတွင် ခရိုမီယမ်ဓာတ် အများဆုံးပါဝင်ပြီး မဂ္ဂနိစ်၊ ဗီတာ မင်C၊ ဗီတာမင်B6၊ပိုတက်စီယမ်၊ ကော့ပါး၊ ဖော့စဖရပ်စ်၊ ကယ်လိုရီ ဓာတ်နှင့်အမျှင်ဓာတ်တို့ ပါဝင်ပါသည်။ ကြက်သွန် နီသည် ကမ္ဘာ့စားကုန် အဖြစ် ထင်ရှားပေ သည်။ တိုင်းရင်း ဆေးဖက်ဝင်ကြက် သွန်နီ၏ ယနေ့ ဆေးသိပ္ပံ တွေ့ရှိ ချက်များကို တိုင်းရင်းဆေး ကဏ္ဍမှဆောင်းပါး တစ်ပုဒ်အဖြစ် တင်ဆက်လိုက် ရပါသည်။

No comments: