25 Feb 2012 |By Good Health

အဆိုပါတွေ့ရှိချက်က ကင်ဆာရောဂါကို တားဆီးရန်အတွက် ကုထုံးအသစ်များဖြစ်ပေါ်လာရေးကို လမ်းခင်းပေးနိုင်သည်ဟုဆိုသည်။ မဲလ်ဘုန်းမြို့ ပီတာမက် ကော်လန် ကင်ဆာရောဂါဌာနမှ ပညာရှင်များက ကင်ဆာဆဲလ် များပျံ့နှံ့ပုံကို အသေးစိတ် လေ့လာကြည့်ရာ ကင်ဆာကျိတ်၏ လျှို့ဝှက်ပရိုတင်းများနှင့် ဓာတ်ပေါင်းများက သွေးများနှင့် ပြန်ရည်ကြောခက်မြွှာများကို ဆွဲဆောင်ပြီး ကင်ဆာရောဂါကို ကြီးထွား ပျံ့နှံ့အောင် ဆောင်ရွက်ပေးကြောင်း တွေ့ရှိရသည်။ အဆိုပါလမ်းကြောင်းကို ဖြတ်တောက်ပစ်နိုင်ပါက ကင်ဆာ ရောဂါကို ကြီးထွား ပျံ့နှံ့မှုမ ရှိအောင် ဆောင်ရွက်နိုင်သည်။ ယင်းလုပ်ငန်းကို အက်စပရင်ဆေးက ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသည်။ အူလမ်းကြောင်းကင်ဆာ၊ ဆီးကျိတ်၊ အဆုတ် ကင်ဆာ၊ ဦးနှောက်ကင်ဆာနှင့် လည်ချောင်းကင်ဆာအားလုံး တို့တွင် နေ့စဉ်အက်စပရင်သုံးစွဲခြင်းက ကင်ဆာပျံ့နှံ့မှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
(Xinhua, 15.2.12)NYM
No comments:
Post a Comment