ကိုလာ ဆိုဒါ ရှောင်ကြင်ပါ - - -
 နေ့စဉ် ကိုလာတစ်လီတာခန့် သောက်တာကြောင့် ဝမ်းဗိုက်ထဲက အင်္ဂါအစိတ်အပိုင်း  တစ်ဝိုက်ရှိ အသည်းနဲ့ ကြွက်သားတွေမှာ အဆီတိုးစေနိုင်တယ်လို့ နယူးဒန်းနစ်ရှ်  လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ဒီအဆီစုပုံတာဟာ Metabolic Syndrome  ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုထားပါတယ်။ Metabolic  Syndrome ဆိုတာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာတို့  ဖြစ်နှုန်းကို တိုးစေတဲ့ ရောဂါစုပါ။ လေ့လာမှုမှာပါဝင်တဲ့ ပုံမှန်ထက်  ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ၄၇ ဦးကို ရေ၊ နွားနို့၊ Diet  လုပ်ထားတဲ့ကိုလာနဲ့ ပုံမှန်ကိုလာတို့ကို သောက်သုံးစေခဲ့ပါတယ်။  လေ့လာမှုအပြီးမှာ ပုံမှန်ကိုလာ သောက်သူတွေက သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်း  တစ်ဝိုက်မှာ အဆီ၂၅ရာခိုင်နှုန်း စုနေတာကို တွေ့ရပြီး ဒါဟာ အသည်းနဲ့  ကြွက်သားတွေမှာရှိတဲ့ အဆီပမာဏကို နှစ်ဆတိုးစေတာ ဖြစ်ကြောင်း  တွေ့ရှိခဲ့ရပါတယ်။ ''ဒီအဆီတွေက အရေပြားအောက်မှာ ရှိနေတဲ့ အဆီတွေထက်  ပိုအန္တရာယ်များပါတယ်''လို့ ဒေါက်တာရစ်ချယ်လ်ဆန်က ရှင်းပြပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment