သွေးချို ရောဂါ ဝေဒနာရှင်များ

သွေးချို ရောဂါ ဝေဒနာရှင်များ အနေဖြင့် အကောင်းမြင်စိတ် ရှိရန် အဓိက လိုအပ်


သွေးချို ရောဂါသည်ဖြည်းဖြည်း ချင်း ဖြစ်ပွား တတ်သောကြောင့် မိမိ ကိုယ်ကို ထိန်းသိမ်းခြင်း သည်သာ အ ကောင်းဆုံး ဖြစ်ကြောင်း  ပါမောက္ခ ဦးနေ၀င်း(ဆေးပညာ) ကပြောသည်။
“သွေးချို ရောဂါဖြစ်ပြီး အချိန် အတော်ကြာတော့ သွေးချိုပမာဏ ပြန်ကျ သွားတာမျိုးဖြစ်တတ်တယ်။ ဒါကို Honeymoom Period လို့ ခေါ်တယ်။ ဒါပေမဲ့ သွေးချိုဟာ ပျောက်သွားတယ်လို့တော့မရှိဘူး။ အကောင်းမြင် စိတ်နဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်း ဖို့လိုအပ်တယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ သွေးချို ရော ဂါမှာ သွေးတွင်းရှိ Insulin မထွက် ခြင်းကြောင့် ဖြစ်ပွားခြင်းနှင့် Insulin အလုပ်မလုပ်သောကြောင့်ဖြစ် ပွားခြင်းဟူ၍ နှစ်မျိုးရှိပြီး နံပါတ်တစ် အမျိုးအစားမှာ အချိုအလွန်အကျွံ စားသုံးခြင်းကြောင့်ဖြစ်ပြီး ဒုတိယအ မျိုးအစားမှာ ကျန်းမာရေးနှင့် မလျော် ညီသော လူနေမှုပုံစံမျိုးကြောင့်ဖြစ် ကြောင်း၊ သွေးချိုရောဂါရှင် ၉၅ ရာ ခိုင်နှုန်းသည် အဆိုပါ ဒုတိယအမျိုး အစားကြောင့်ဖြစ်ကြောင်း၊ ဝေဒနာ ရှင်အနေဖြင့် မိမိအခြေအနေပေါ် အကောင်းမြင် စိတ်မရှိပါက ကျန်းမာ ရေးနှင့် လျော်ညီသောလူနေမှု ပုံစံမျိုး မဖြစ်ကြောင်း၊ စိတ်ဓာတ် ကျဆင်း၍ စားချင်ရာစား၊ နေချင်တိုင်း နေ၍ ရောဂါပိုမို ဆိုးရွားနိုင်ကြောင်း ဦးနေ ၀င်းက ဆက်လက် ပြောသည်။
သွေးချိုရောဂါ ကုသရာ၌ insulin ထိုးဆေးဖြင့်ကုသခြင်း၊ သွက် လက်ဖျပ်လက်သော လူနေမှုပုံစံသို့ ပြောင်းလဲခြင်း၊ အချိုစာ နှင့် အဆီ စာများရှောင်ကြဉ်ခြင်း၊ ဆေးဝါး သောက်သုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်း တို့ဖြင့် ကုသနိုင်ကြောင်း၊ ဆေးထိုးကုသမှုမှာ မြန်မာ နိုင်ငံ၌ နည်းပါးကြောင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းသည် ရောဂါမဖြစ်ပွား ဖို့ ကာကွယ်ရာ ၌ ရာခိုင်နှုန်း ၅၀ ထိ ရောက်မှု ရှိကြောင်း သိရသည်။
ကိုဖြိုး (The myanmar post)

No comments: