မျက်နှာကြည့်ပြီး ရောဂါရှာမယ် - - - -


တချို့  ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေဟာ လူတို့ ရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်လွင်နေတတ်တာကြောင့် သင့်မျက်နှာကို မှန်ပေါ်မှာကြည့်ပြီး ဘာရောဂါရှိလည်း ဆိုတာကို အောက်ပါအတိုင်းရှာဖွေပါ ။
မျက်ခုံးမွှေးပါးပြီးကျဲနေခြင်း
ဖြစ်နိုင်သည့်ပြဿနာ = သိုင်းရွိုတ်ကလင်း အလုပ်နည်းခြင်း
သိုင်းရွိုတ်ကလင်း အလုပ်နည်းခြင်းကြောင့် မောပန်းလွယ်တာ အအေးဒါဏ်မခံနိုင်တာ ဆံပင်ကြမ်းတာ (သို့ ) ကိုယ်အလေးချိန်တိုးလာတာ တွေဖြစ်တတ်ပါတယ်။ သွေးစစ် အဖြေရှာပြီး သိုင်းရွိုက် ဟော်မုန်းဆေးဝါးနဲ့  ကုသနိုင်ပါတယ် ။
နှုတ်ခမ်းထောင့်တွင် ကွဲအက်နေခြင်း
ဖြစ်နိုင်သည့်ပြဿနာ = အဟာရဓါတ်ချို့ တဲ့ခြင်း
နှုတ်ခမ်းထောင့်တွင် ကွဲအက်နေခြင်း ဟာ သံဓါတ် ဗီတာမင်ဘီ နဲ့  သွပ်ဓါတ် ချို့ တဲ့မှုနဲ့ ဆက်စပ်မှုရှိပါတယ် ။ နှုတ်ခမ်းထောင့်ကို လျှာနှင့် မလျက်သင့်ပါ ။ ပါးစပ်အတွင်းမှ ဘက်တီးယီးယားနှင့် မှိုပိုးတွေဝင်ရောက်ပြီး အနာပိုဆိုးနိုင်ပါတယ်။ မှိုပိုးသတ်ဆေး (Antifungal Cream) အသုံးပြုနိုင်ပါတယ်။

မျက်ခွံတွင် အဝါရောင်အဖုတွေ့ ရှိခြင်း
ဖြစ်နိုင်သည့်ပြဿနာ = ကိုလက်စထ်ရောမြင့်မားခြင်း
မျက်ခွံပေါ်မှာရှိနေတတ်တဲ့ အဝါရောင်အဖတ်တွေဟာ ကိုလက်စထ်ရော တွေစုဝေးနေတာကြောင့်ုဖြစ်လို့ ခန္တာကိုယ်အတွင်း ကိုလက်စထ်ရောမြင့်မားမှုကိုပြနေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှု (အဆီပါသော အစားအစာလျှောစားခြင်း ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်း) ပြုလုပ်ပြီး လိုအပ်လျှင် ဆရာဝန်နှင့်ပြပြီး ကုသမှုခံယူပါ။

မျက်ကွင့်ညိုခြင်း
ဖြစ်နိုင်သည့်ပြဿနာ = နှာပိတ်ခြင်း၊ ဓါတ်မတည့်ခြင်း (သို့ မဟုတ်) နှင်းခူဖြစ်ခြင်း
နှာပိတ်ခြင်း အတွက်နှာပွင့်ဆေး (Nasal Decongestant) ကိုအသုံးပြုနိုင်သလို ဓါတ်မတည့်ခြင်း (သို့ မဟုတ်) နှင်းခူဖြစ်ခြင်း အတွက်Antihistamine ဆေးကိုအသုံးပြုပါ။ နေရောင်ခြည်နဲ့ ထိတွေ့ မှုများတာကြောင့်လည်းဖြစ်နိုင်တာ ကြောင့် နေရောင်ကာလိမ်းဆေး (SPF) ကို နေ့ စဉ်လူးပေးပါ ။

ဒေါက်တာ ခင်မိုးမိုး

၇ိုးရာလေး.com မှယူပါတယ်

No comments: