ဆီးချို ရောဂါရှင်များ ကိုလက်စထရော ကျစေရန်


ဆီးချိုရောဂါ ရှိသူများတွင် သွေးကြောတွင်း သကြားဓာတ်နှင့် အဆီဓာတ် (ကိုလက်စရော) ပမာဏ မြင့်တက် နေတတ်ကြ သည်။
သွေးတွင်း ကိုလက်စရော မြင့်မားခြင်းသည် သွေးတိုးရောဂါနှင့် နှလုံးသွေးကြော ကျဉ်း ရောဂါများ နှင့် ဆက် စပ်နေ၍ ဆီးချိုဝေဒနာရှင်များတွင် ဤရောဂါများကို ကာကွယ်ရန် လွယ်ကူသော ကိုလက်စရော ချပေးနိုင်သည့် အစား အစာ အချို့ကို ဖော်ပြလိုက်ပါသည်။
အုတ် (Oat)
၎င်းသည် ကိုယ်တွင်း အဆီဓာတ်ကို စုပ်ယူနိုင်သည်။ အာဟာရလည်း ကြွယ်ဝသည်။
သစ်ကြားသီး
၎င်းတွင် Vitamin E ကြွယ်ဝ၍ ခန္ဓာကိုယ်ကို ဥပါဒ်ပေးနိုင်သောအဆီ ဓာတ်ကို ထုတ်လုပ်ခြင်းမှ ဟန့်တားနိုင် သည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အသည်းမှ အဆီထုတ်လုပ်မှုကို လျှော့ကျစေသည်။ အမျှဓာတ် အသီးအရွက် များများ စားခြင်းဖြင့် အူလမ်းကြောင်းတစ်လျှောက် အဆီစုပ်ယူ မှုကို လျှော့ကျစေသည်။
ပန်းသီး
ပန်းသီးအခွံတွင် ပါဝင်သော ဓာတုဗေဒဒြပ်တစ်မျိုးသည် သွေးကြော နံရံအတွင်းအဆီစုပုံခြင်းမှ ကာကွယ်နိုင် သောကြောင့် သွေးကြောကျဉ်းခြင်းကို လျှော့ကျစေသည်။
ပဲအမျိုးမျိုး
ပဲတွင် ပျော်ဝင် စုတ်ယူနိုင်သော အမျှင်ဓာတ် ပါရှိ၍ ၄င်းက အသည်းတွင်း အဆီဓာတ် ထုတ်လုပ်မှုကို ဟန့်တားနိုင် သည်။ ပဲပိစပ် ၄င်းသည် သွေးတွင်း ကိုလက် စရော ပမာဏကို ချေဖျက်နိုင်စွမ်းရှိသည်။

No comments: