Tomatec             Tomatec ကို ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ထားပါသည်။ ၄င်းသည် ခရမ်း  ချဉ်သီးဆေးဖြစ်ပါသည်။ ၄င်းသည် Anticancer Antioxidant ဖြစ်ပါသည်။  နိုင်ငံတကာ သုတေသနစာတမ်းများတွင် တင်ပြချက်များအရ ခရမ်းချဉ်သီး စားသုံးမှု  သို့မဟုတ် သွေးအတွင်း Lycopene ရှိမှုနှင့် မြစ်ပွားနာ ရောဂါတို့ ဆက်နွယ်မှု  ပြောင်းပြန်အချိုးရှိကြောင်း ခိုင်လုံစွာ သိရှိခဲ့ကြပါသည်။ ခရမ်းချဉ်  သီးတွင်ပါဝင်သော Lycopene ၏ ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့်  ကလပ်စည်းပွားမှုကို ဟန့်တားနိုင်သည့် အာနိသင်ကြောင့်  ဆီးကျိတ်မြစ်ပွားနာရောဂါ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေပါသည်။ အရေပြား  အပိမ့်ထွက်ခြင်း၊ နေလောင်ခြင်း၊ အရေပြား အရောင်ပြောင်းလဲခြင်းနှင့်  အရေပြား မြစ်ပွားနာဖြစ်ခြင်းတို့မှ  ကာကွယ်နိုင်သော အစွမ်းထက်သည့်  Antioxidant တစ်မျိုးဖြစ်ပါသည်။ ၄င်းကို မြန်မာနိုင်ငံအခြေစိုက် FAME  Pharmaceuticals ကုမ္ပဏီက ထုတ်လုပ်ပါသည်။ မြန်မာနိုင်ငံအတွက်  ရွှေစံကားကုမ္ပဏီက ဖြန့်ချိပါသည်။
No comments:
Post a Comment