ဂျူလိုင် ၇ ရက် ၂၀၁၂
Burma VJ

နှစ် ၅၀ ပြည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ
ဖြိုချဖျက်ဆီးခံရတဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ 7July နှစ် ၅၀ ပြည့်
အထိမ်းအမှတ် အဖြစ် ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းမှာ အခမ်းအနားတရပ်
ကျင်းပခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာယကအဖွဲ့ဝင် ဦးဝင်းတင်၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ကျောင်းသားအဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပ
သတင်းထောက်များ တက်ရောက်ခဲ့ပြီး နံနက် ၉ နာရီကနေ နံနက် ၁၀း၄၅ နာရီအထိ
ကျင်းပခဲ့ပါသည်။ အခမ်းအနား မကျင်းပမှီ ဇူလိုင်လ ၆ ရက်နေ့ ညဦးပိုင်းက
ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို
အထူးရဲတပ်ဖွဲ့ SB တွေနဲ့ နယ်မြေခံရဲတွေက ဖမ်းဆီး ထိန်းသိမ်းသွားပေမဲ့
ဒီကနေ့မှာတော့ ရန်ကုန်မှာရော မန္တလေးမှာပါ 7July ပွဲ အခမ်းအနားတွေကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သတင်းရရှိပါသည်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment