တန်ခိုးကြီးဘုရားပင် မခံနိုင်

မုံရွာမြို့ကတန်ခိုးကြီးဘုးရားများသိမ့်သိမ့်တုန်သွားတဲ့(16-7-2012)နေ့
(၁၆-၇၂၀၁၂)တနင်္လာနေ့ နေ့လည်(၁၂)နာရီအချိန့်က မုံရွာမြို့ရဲ့တစ်ဖက်
ကမ်းမှာရှိတဲ့ လက်ပန်းတောင်းတောင်က တရုတ်တွေရဲ့တောင်ဖြိုမိုင်းခွဲမှု
တွေကြောင့် မုံရွာမြို့ရှိတန်ခိုးကြီးဘုရားများဖြစ်ကြသော-ဆုတောင်းပြည့်
ရွှေစည်းခုံဘုရားများမှာ သိမ့်သိမ့်သွားခဲ့တယ်လို့ ဘုရားဂေါပကအဖွဲမှ -Than
LarWaddy Times သို့တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။
မဟာဗောဓိတစ်ထောင်သို့-ThanLarWaddy Times မှ၎င်းကိစ္စကိုတယ်လီ
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ အသံက(၂)ခါဆက်တိုက်ဖြစ်ကြောင်းတုန်ခါမှု
အလွန်ပြင်းထန်ကြောင်း၊အလံ(၁၀၀)ဘုရားနှင့် ကမ္ဘာအကြီးဆုံးလေးကျွန်း
စင်္ကြာရပ်တော်မူဘုရားကြီးများတုန်ခါသွားခဲ့ကြောင်းပြောကြားခဲ့သည်။
" ဒီလိုသာ ခဏ ခဏဖြစ်နေရင်တော့ ရပ်တော်မူဘုရားကြီးလည်းသိပ်မကြာ
ခင်မှာပြိုကျပျက်စီးမှာသေချာတယ် ဒကာ၊ ဘုန်းကြီးတို့တိုင်းပြည်ကလည်းမ
လွယ်တော့ဘူးထင်တယ်။ဒီတရုတ်ကောင်တွေ နှိပ်စက်သမျှကိုဒီအတိုင်းခံနေ
ရတော့မှာလားမသိဘူး"ဟုဆိုတယ်
ဆန္ဒပြမှုတွေကြောင့်ရပ်နားထားသည်ဟုဆိုသော်လည်းဒီနေ့အသံကဘာလုပ်
လို့အခုလိုထွက်ပေါ်လာတာလည်းဟုမုံရွာမြို့ကမ်းနာဆိပ်တွင်နေသူတစ်ဦးက
ဆိုတယ်။

No comments: