လယ်သမားတွေ ဦးဆောင်တဲ့ လယ်သမား အစည်းအရုံးများ ဖွဲ့ဖို့လို


Published On: Mon, Jul 9th, 2012
လယ်သမားတွေ ကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ လယ်သမား အစည်းအရုံးတွေ ဖွဲ့စည်းကြဖို့ ပါတီ ၄ ပါတီ စုပေါင်း ဖွဲ့စည်းထားတဲ့ မြန်မာ
နိုင်ငံလုံး ဆိုင်ရာ လယ်သမား အစည်းအရုံး ဖြစ်မြောက်ရေး ကော်မတီက တိုက်တွန်း လိုက်ပါတယ်။ လယ်သမားတွေ လယ်သမား အ
စည်း အရုံး ဘာကြောင့် ဖွဲ့စည်းဖို့ လိုအပ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့စီးတီးစတား ဟိုတယ်မှာ ဇူလိုင်လ ၇ ရက်နေ့က ပြု
လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားတာပါ။ တဆက်တည်းမှာ လယ်သမား အခွင့်အရေး တောင်းဆိုရာမှာ လယ်သမားတွေ
ကိုယ်တိုင် ရပ်တည်ပြီး တောင်းဆိုဖို့ လိုအပ်တယ် ဆိုတာကို ထောက်ပြ သွားပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြုပြင် ပြောင်းလဲရေး
နှင့် ခေတ်မှီ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးအောင်သိန်းလင်းက လယ်သမာတွေရဲ့အခက် အခဲတွေကို ကူညီ ဖြေရှင်းပေးမယ့်
သူတွေဆိုရင် လယ်သမား မဟုတ်လည်း  မြန်မာ နိုင်ငံလုံး ဆိုင်ရာ လယ်သမား အစည်းအရုံး ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်ခွင့်
ရှိတယ်လို့ ဆိုသွား ခဲ့ပါတယ်။ ဒ့ါအပြင် ကော်မတီ အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းတွေက လယ်သမားတွေရဲ့အခက် အခဲများ
ကို လွှတ်တော်ကို  တင်ပြ ဆွေးနွေး သွားမယ်လို့ သူက ပြောဆို ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို သတင်းသမား အယောက် ၃၀
ခန့် တက်ရောက် သတင်း ယူခဲ့ကြသလို မြန်မာ နိုင်ငံလုံးဆိုင်ရာ လယ်သမား အစည်းအရုံး ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်ကြတဲ့
အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီ၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ မြန်မာ အမျိုးသား ကွန်ဂရက် ပါတီနဲ့ ညီညွတ်ရေး နှင့်
ငြိမ်းချမ်းရေး ပါတီတွေက တာဝန်ရှိသူတွေ တက်ရောက် လာခဲ့ကြပါတယ်။
 Burma VJ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: