လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လယ်မြေအသိမ်းခံရဟုဆို


    ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပိုင်ဆိုင်သည့် လယ်မြေ ၁၅ ဧကကို ဇူလိုင်လဆန်းတွင် လူတစ်စုက လာရောက်ခြံခတ် သိမ်းယူခံရကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ   လှိုင်သာယာမြို့နယ်ကော်မတီမှ သတင်းရရှိသည်။လှိုင်သာယာမြို့နယ် ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ကွင်းအမှတ် ၃၇၂ (ခ)မှ လယ်မြေဧက ၅၀ ကို ဇူလိုင်လဆန်းက လူတစ်စုက လာရောက်၍ ခြံခတ်ခဲ့ခြင်းဖြစ်သည်။ ထိုလယ်မြေဧက ၅၀ တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေလင်းပိုင်ဆိုင်သည့် လယ် ၁၅ ဧကပါဝင်ကြောင်း ၎င်းကပြောသည်။
အကြောင်းကြားခြင်းလည်း မရှိဘူး။ ဒီလယ်တွေအတွက် အခုထိလည်း လျော်ကြေးတစ်စုံတစ်ရာမရသေးဘူး”
ဟုဦးနေလင်းကဆိုသည်။လက်ရှိမြေသိမ်းယူမှုများမှာအနော်ရထာစက်မှုဇုန်စီမံကိန်းအတွက်သိမ်းယူခြင်း
ဖြစ်ပြီးဝါ၀ါဝင်းကုမ္ပဏီမှတစ်ဆင်
့ဝယ်ယူထားသည့်ရင်းနှီးမြှုပ်နှံသူကခြံခတ်ခြင်းဖြစ်ကြောင်းဦးနေလင်းကပြောသည်။ယင်းကိစ္စနှင့်ပတ်သက်ပြီးလယ်သိမ်းသည်ဟုစွပ်စွဲခံရသောဝါ၀ါဝင်းကုမ္ပဏီသို့ဆက်သွယ်မေးမြန်း
သော်လည်း တာဝန်ရှိသူများက ဖြေကြားခြင်း မရှိသေးပေ။
 လယ်ယာမြေသိမ်းယူမှုများမှာ ၂၀၁၂ ခုနှစ်တွင် ဒေသအတော်များများ၌ ပေါ်ပေါက်လာသည်။

တရားဥပဒေအရ ဖြေရှင်းမယ်ဆိုရင်လည်း တရားရုံးမှာ ဖြေရှင်းမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ဆိုသည်။
လယ်ယာမြေများ အသိမ်းခံရသည်ဟု ပြဿနာများဖြစ်ပွားနေသော အဆိုပါအနော်ရထာစက်မှုဇုန် နယ်မြေတွင် မြေပုံတစ်ခုပူးတွဲပါ အသိပေးကြေညာခြင်း ဆိုင်းဘုတ်များကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး
ရေးဦးစီးဌာနအမည်
ဖြင့် စိုက်ထူထားသည်။

 အဆိုပါ အသိပေးကြေညာချက်တွင် စက်မှုမြေကွက်များနှင့် အကျုံးဝင်သော မူလလယ်မြေပိုင်ရှင်များအား စက်မှုဇုန်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ တွေ့ဆုံစိစစ် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ြေ
ကာင်း၊ ညှိနှိုင်းကာလမှာ၂၀၁၂ ဇူလိုင် ၄ ရက်မှ သြဂုတ် ၅ ရက်အထိဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း တွေ့ဆုံညှိနှိုင်းခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုသော လယ်မြေကိစ္စများအတွက် တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

 အကယ်၍ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ အဟန့်အတား အနှောင့်အယှက်ဖြစ်စေရန် ဆောင်ရွက်ပါက တရားဥပဒေအရအရေးယူဆောင်ရွက်မည်ြ
ဖစ်ကြောင်းယင်းကြေညာ
စာတွင် ရေးသားထားသည်။လွှတ်တော်တွင် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွတ်က လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်အဆိုကို ဇူလိုင် ၄ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွ
င် တင်သွင်းခဲ့သည်။

    လက်ရှိ လယ်ယာမြေများ အသိမ်းခံနေရသည့် လယ်သမားများမှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အာဏာပိုင်အဖွဲ့သို့ တိုင်ကြားရမည်ကို မသိကြဘဲ လယ်သိမ်းခံရ၍ ရဲစခန်းသို့ အမှုဖွင့်သော်လည်း အမှုဖွင့်ခွင့်မရကြောင်း လယ်သမားအချို့ကပြောသည်။လယ္သမားေ
တွရဲ့ဒုက္ခက ဘယ်သူ့ကို အဖေခေါ်လို့ ခေါ်ရမှန်းမသိ ဖြစ်နေတယ်”ဟု ရွှေပြည်သာမြို့နယ်မှ လယ်သမားတစ်ဦးကဆိုသည်။

    လှိုင်သာယာမြို့နယ်အတွင်းရှိ ပဒံ၊ အပြင်ပဒံနှင့် ကျွန်းကြီးကျေးရွာများမှ လယ်မြေအသိမ်းခံရသော လယ်သမား ၂၀ ကျော်နှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့
ဖြိုးမှုဦးစီးဌာန ရုံးရှေ့၌ ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့
သည်။

    လယ်ယာမြေအသိမ်းခံရခြင်းနှင့် ပတ်သက်၍ အမှုတိုင်ကြားစာများသည် လူ့အခွင့်အရေးကော်မရှင်သို့ ရောက်ရှိသည့်တိုင် စာစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီသို့လည်း လယ်သမားများက လယ်ယာမြေအသိမ်းခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ စာပေါင်း ၂၅၀ ကျော် ပေးပို့တိုင်ကြားထားသည်။


7Day News Journal





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: