ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့


 ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် )
စာအမှတ် ။ ။ ပမကဖ ဗလ ၀၀၁၂
နေ့စွဲ ။ ။ ၁၉. ၀၇. ၂၀၁၂

၁-ယနေ့ကျရောက်လာသည့်၂၀၁၂ခုနှစ်ဇူလိုင်၁၉ရက်နေ့သည်(၆၅) နှစ်ပြည့်ဝမ်းနည်းကြေကွဲဖွယ်လွန်စွာ
မှ ကောင်းသည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းနားနေ့ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံအတွက်အကြီးမားဆုံးဆုံးရှူံးခဲ့သည့်အမျိုးသားခါင်းဆောင်အာဇာနည်သူရဲကောင်း
များ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် သမိုင်းဝင်နေ့လည်းဖြစ်သည်။
၂-အာဇာနည်နေ့ရောက်တိုင်းတိုင်းယခင့်ယခင်ကဆိုတနိုင်ငံလုံးအတိုင်းတာအရနိုင်ငံတော်အလံကိုတဝက်
လွင့်ထူပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့သည့်အချိန်တွင် ဥသြဆွဲပြီး အမြို့မြို့အနယ်နယ်ရှိ လွတ်လပ်ရေးကျောက်တိုင်များတွင်လွမ်းသူပန်းခွေများချပြီး အာဇာနည်ခေါင်းးဆောင်ကြီးများအားဦးညွှတ်ဂါရဝပြုခြင်းဖြင့်အထိမ်းအမှတ်အခမ်းအနားများပြုလုပ်ကျင်းပ
ခဲ့ကြသည်။
၃- ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် ( နအဖ ) စစ်အာဏာရှင်လက်ထက်တွင် အာဇာနည်နေ့အခမ်းအနား
များပြုလုပ်ကျင်းပခြင်းကို ခွင့်မပြုတော့ပဲ၊ အာဇာနည်နေ့ အခမ်းအနားပြုလုပ်ကျင်းပသူများအား ဖမ်းဆီးနှိပ့်စက်
အပြစ်ပေးအရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ပါသည်။

၎- ကျွန်ူပ်တို့ ပြည်ပရောက်အမျိုးသားကျောင်းသားများမှ လက်ရှိအစိုးရနှင့် စစ်တပ်ခေါင်းဆောင်များအားသိစေ
လိုသည်မှာ၊ ဇူလိုင်လ ( ၁၉ ) ရက်နေ့တွင်ကျရောက်မည့် ( ၆၅ ) နှစ်ပြည့် အာဇာနည်နေ့အခမ်းနားကို ယ္ခုနှစ်
တွင် တနိုင်ငံလုံးအတိုင်းတာအရ ခန်းခန်းနားနားပြုလုပ်ကျင်းပစေလိုပါသည်။
၅- လွတ်လပ်ရေးမရမှီစပ်ကြား အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရသည့်နောက်ပိုင်း မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်ကာ မြန်မာတနိုင်ငံလုံး ကံဆိုးမိုးမှောင်ကျခဲ့ရသည်။
၆- မြန်မာနိုင်ငံတွင် အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်ရည်မှန်းထားသည့်နိုင်ငံကို ယနေ့ထိတိုင်တည်
ဆောက်နိုင်ခဲ့ခြင်း အလျှင်း မရှိသေးချေ။ ထိုသို့ဖြစ်ခဲ့ရခြင်း၏ အကြောင်းတရားကား၊ နိုင်ငံရေးပဋိပက္ခကြီး
မားလာခြင်းနှင့် စစ်ရေးပဋိပက္ခကြီးမားလာခြင်း၏ဆိုးကျိုးရလဒ်များကြောင့်သာဖြစ်သည်။
၇- အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံသတ်ဖြတ်ခြင်းခဲ့ရသည်မှာ ( ၆၅ ) နှစ်ပြည့်ခဲ့သော်ငြားလည်း၊ ပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခကြီးများ ယနေ့ထိတိုင်အဆုံးသတ်နိုင်ခဲ့ခြင်းမရှိသေးချေ။
၈- ထို့ကြောင့် ယနေ့ကျေ၇ာက်လာမည့် ၂၀၁၂ ခုနှစ် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းနားနေ့တွင် ကျွန်ူပ်တို့
ပြည်ပရောက်အမျိုးသားကျောင်းသားများမှ တိုင်းရင်းသားပြည်သူများနှင့် မြန်မာနိုင်ငံသားများအားလုံးအား အလေးအနက်ထား၍သိစေလိုသည်မှာ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်ရည်မှန်းထားသည့် နိုင်ငံတော်ကို ကျ
နော်တို့တတွေရဲ့ စွမ်းပကားများနဲ့ ညီညီညာညာပူးပေါင်းတည်ဆောက်ကြပါစို့တိုက်တွန်းရင်း ( ၆၅ ) နှစ်ပြည့် အာဇာနည်နေ့အတွက် ကျွန်ူပ်တို့ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့မှပူးတွဲသဘောထားထုတ်ပြန်
ကြေညာလိုက်သည်။

၁- ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် ) ဗဟို ( ဒိန်းမတ်နိုင်ငံ )
၂- ပြည်ပရောက်အမျိုးသားကျောင်းသားများအဖွဲ့ ( မြန်မာပြည် ) အဖွဲ့ခွဲ ( ထိုင်းနိုင်ငံ )




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: