ဘယ်သူဖြစ်နိုင်မလဲ ?

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းမည့် ဒုသမ္မတ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ
Monday, 09 July 2012 18:31
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် အနားယူသွားသဖြင့် လစ်လပ်သွားသော ဒုတိယ သမ္မတနေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမြင့်ဆွေသည် ယခင်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ကိုင်တွယ်ဖြေရှင်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ယခင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ တစ်ဦးဖြစ်ကြောင်း လည်းသိရသည်။ ဦးမြင့်ဆွေသည် DSA အပတ်စဉ် ၁၅ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တွင်တာ ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် ဦးမြင့်ဆွေသည် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသလို ကစထမှူး(က.စ.ထ-၅)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 
၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒ
နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
ယခု အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ပြီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်တွင် သတင်းဖော်ပြ ရေးသားမှုများအတွက် ပြည်တွင်းမီဒီယာများအား ပုဒ်မ ၅(ည)အပါအ၀င် အစရှိသည်တို့ဖြင့် ဥပဒေအရ တရားစွဲဆို အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ခေါ်ယူသတိပေးခဲ့သူလည်းဖြစ်
သည်။
w74002
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၌ EU ရုံးခွဲဖွင့်လှစ်သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့
ရသည့် ဦးမြင့်ဆွေ
၎င်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးတို့ကိုလည်း အဆိုတင်သွင်းဖွယ် ရှိကြောင်းလည်း သတင်းအချို့အရ သိရသည်။ ဦးတင်အေးသည် ယခင် စစ်အစိုးရလက်ထက်တွင်ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်
ခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းနေသူ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးဌေးဦးသည် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ကာ လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
 E Leven Media Group



No comments: