ရေအောက်နေ အရိုးစားသန်ကောင် တစ်မျိုးတွေ့ရှိ

10 Jul 2012  By First Music News

သန်ကောင်လို့ ပြောလိုက် ရင် လူ၊ တိရစ္ဆာန်တွေရဲ့ ကိုယ်ထဲမှာ ကပ်ပါး နေထိုင်ပြီး အစာအဟာရတွေ စုပ်ယူစားသောက်လေ့ရှိတဲ့ အဆင့်နိမ့် သတ္တဝါတွေလောက်ပဲ သိထားကြမှာ ပါ။ အခုတော့ အဲဒီအဆင့်တွေထက် ပိုတဲ့ သန်ကောင်တစ်မျိုးကို သိပ္ပံပညာ ရှင်တွေ ရှာတွေ့ခဲ့ကြပါပြီ။ နောက်ပြီး အဲဒီသန်ကောင်တွေဟာ ပင်လယ်ရေ အောက်မှာ နေထိုင်ကြပါသတဲ့။ သူတို့ ဟာ ပါးစပ်တွေကနေ အရိုးအရည်ပျော် စေတဲ့ အက်ဆစ်တစ်မျိုး ထုတ်လွှတ် ပြီး ဝေလငါးအရိုးတွေကို စားသောက် ကြတယ်လို့ သိရပါတယ်။
အင်မတန် သေးငယ်တဲ့ Osedax သန်ကောင်တွေ ကို ဝေလငါးအသေတွေရဲ့ ကိုယ်တွင်း ထဲမှာ တွေ့ခဲ့ရတာပါ။ ဒါပေမဲ့ထင်ရှား တဲ့ ပါးစပ်တွေမပါရှိတာကြောင့် အရိုး တွေကို သူတို့ဘယ်လို ချေဖျက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဇီဝဗေဒပညာ ရှင်တွေ ခေါင်းစားခဲ့ရပါသေးတယ်။ အဲဒီသန်ကောင်တွေမှာ အရိုးအရည် ပျော်စေတဲ့ အက်စစ်တစ်မျိုးထုတ်လုပ် တဲ့ အင်ဇိုင်းတစ်ခုပါရှိပြီး အရိုးအရည် ပျော်သွားလို့ ထွက်လာတဲ့ အဆီတွေကို ပဲ သန်ကောင်ထဲရှိနေတဲ့ ဘတ်တီးရီး ယားတွေဟာ အစာချေကြတာ ဖြစ် တယ်လို့ ဆန်ဒီဂိုးတက္ကသိုလ်သိပ္ပံပညာ ရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ အသီးတွေဟာ အလွန်သေး ငယ်တာကြောင့် အမတွေမှာမှ အဆိုပါ ကြောက်မက်ဖွယ် ဇီဝလက်နက်ပါရှိ တာဖြစ်ပါတယ်။ အရွယ်ရောက်အ ကောင်တွေမှာ ပါးစပ်၊ အစာအိမ်၊ အူ လမ်းကြောင်းနဲ့ စအိုမပါရှိတာကြောင့် အာဟာရအတွက် သူတို့ကိုယ်ထဲက ဘတ်တီးရီးယားတွေကိုပဲ မှီခိုအားကိုး နေရပါသတဲ့။ သူတို့ကို မြောက်အတ္တ လန္တိတ်အနောက် ပစိဖိတ်နဲ့ အရှေ့ပစိ ဖိတ်ဒေမှာတွေ့နိုင်တယ်လို့သိရပါတယ်။
ရိုးရာလေးမှ

No comments: