အာဇာနည်ဗိမာန် အဆောက်အအုံ ပြင်ဆင်လိုဟု ဗိသုကာအထူးအဖွဲ့ပြော

11 Jul 2012  |By Venus

 ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ လက်ထက်၌ တည်ဆောက် ခဲ့သော အာဇာနည် ဗိမာန် အဆောက်အအုံသည် မူလရေးဆွဲ ထားသော ဗိသုကာပုံစံနှင့် ကွဲလွဲဆောက်လုပ်မှုများ ရှိခဲ့သဖြင့် မွမ်းမံပြင်ဆင်လိုကြောင်း ၁၉၈၄-၈၅ အာဇာနည်ဗိမာန် တည်ဆောက်ရေး စီမံကိန်းပုံစံထုတ်လုပ်ငန်း ဗိသုကာ အထူးအဖွဲ့ခေါင်းဆောင် ဦးဆန်းဦးက ဇူလိုင်လ ၇ ရက်နေ့က ပြောကြားသည်။
အာဇာနည် ဗိမာန်ပုံစံရေးဆွဲ ရာတွင်နိုင်ငံနှင့် လူမျိုးအတွက် အသက်နှင့် ဘဝကို ပေးဆပ်ခဲ့သည့် အာဇာနည်များအား ကြယ်နှင့် ခိုင်းနှိုင်း၍ ဖော်ညွှန်းသည့် အနေ ဖြင့်ပုံသဏ္ဌာန်ကွက်လပ် ဟင်းလင်း ဖောက်ထွင်း ရေးဆွဲ ခဲ့သော်လည်း ကြယ်ကွက်လပ်နေရာတွင် ကြယ် ဖြူတစ်လုံးကို တည်ဆောက်ထား ရှိခဲ့ကြောင်း၊ ပုံစံတွင် ရေးဆွဲထား သည့် ဆေးနှင့် ဆောက်လုပ်ရန် ကျောက်များကို အသုံးမပြုခဲ့ရ ကြောင်း၊ ဓာတ်ကြိုးများကို မြေ အောက်မှသွယ်တန်းရန် ကြိုးစား တိုက်တွန်းခဲ့သော်လည်း မအောင် မြင်ခဲ့ကြောင်း၊ ဒီဇိုင်းရေးဆွဲရန်ရရှိ သော အချိန်ကာလက အလွန်တို တောင်း၍ အဆင်အပြေနိုင်ဆုံး ပုံစံကို တင်သွင်းခဲ့ရကြောင်းနှင့် အာ ဇာနည်ဗိမာန်အလယ် တည့်တည့်၌ ရှိနေသော အလံတိုင်သည် မူလကယာဘက်နှင့် အနည်းငယ် ကပ်၍ ရေးဆွဲဆောက်လုပ်ခဲ့သော် လည်း အာဏာပိုင်တစ်ဦးက အ လယ်မှာ ထားရန်ပြောခဲ့သည့် အတွက်ပြောင်းလဲခဲ့ကြောင်းသိရ သည်။
အာဇာနည် ဗိမာန်အဆောက် အအုံအား ပြန်လည်မွမ်းမံရန်နှင့် ပတ်သက်၍ ဦးဆန်းဦးက "အခွင့် ရမယ်ဆိုရင် တစ်မျိုးပေါ့။ မူရင်း ဒီဇိုင်းအတိုင်း ကြယ်လေးကိုပဲဖြစ် ဖြစ်၊ နိုင်ငံတကာက လာလည်ရင် ကဗျာတစ်ပုဒ်လို ခံစားရမယ့်ဟာ တွေထည့်လို့တယ်။ အဲဒီကိုး ဦးရဲ့ရုပ်တုပဲဖြစ်ဖြစ် ဂါရဝပြုကန် တော့တဲ့အချိန်မှာ အာရုံရတဲ့(Individual) တစ်ခုခု၊ ဟောဒါက ဗိုလ်ချုပ်၊ ဟောဒါကသခင်မြ ပေါ့။ အဲဒီအထိကို ပြန်ပြင်ခွင့်ရရင်၊ ပြန်လုပ်ခွင့်ရရင်ပြန်လုပ်ဖြစ် မှာပါ။ အဲဒီတုန်းက အားလုံးစဉ်း စားပြီး လုပ်ခွင့်မရခဲ့တာတွေ၊မလုပ်ခဲ့တာတွေ အများကြီးရှိ တယ်"ဟု ဆိုသည်။
အာဇာနည် ဗိမာန်တည် ဆောက်ရေး စီမံကိန်းဗိသုကာ အထူး အဖွဲ့ကို ၁၉၈၄ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင်ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပြီး အောက်တိုဘာလ တွင်အဆောက်အအုံ ပန္နက်ချခဲ့ကာ ၁၉၈၅ ခုနှစ် ဇူလိုင်လတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ မ တည်ဆောက်မီတွင် ဗိသုကာဌာန မှအဆိုပြု ပုံစံရှင်းလင်းချက် စာ တမ်းပုံစံငယ်တို့ကို လေးကြိမ်တင် သွင်းခဲ့သည်။ ဗိမာန်၏ အကျယ်အဝန်းမှာ ၂၈၀ဝ၀ စတုရန်းပေ၊ ရင်ပြင်၈၀ဝ၀ စတုရန်းပေဖြစ်ပြီး လူ ၆၀ဝ တစ်ပြိုင်နက်တည်း အလေး ပြုနိုင်သည်။ မြေပြင်မှ ရင်ပြင် အထိ ၆ ပေမြင့်ပြီး အလံတိုင် ထိပ်ထိ ၉၆ ပေ၊ နောက်ခံနံရံချပ် ထိပ်အထိ ၃၄ ပေမြင့်ကြောင်း သိ ရသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: