တိုက်ပွဲဖြစ်ပွားပုံမှာ ရခိုင်ပြည် 
လွတ်မြောက်ရေး တပ်မတော် အမှတ်(၉) တပ်ရင်းမှ ဗိုလ်ကြီး ခိုင်လင်း 
ဦးဆောင်သည့် စစ်ကြောင်း (၁)သည် ခမောင်းချောင်းတွင် ရှိနေစဉ် ဘင်္ဂလားဘက်မှ 
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်ဟု ယူဆရသည့် အင်အား (၅၀) ခန့် လက်နက်ကိုင် 
အဖွဲ့တခုသည် လက်နက် အပြည့်အစုံဖြင့် ရခိုင်ပြည် ထဲသို့ ၀င်သည့်ကျာ်လမ်း 
အတိုင်းလာကြတဲ့အတွက် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ဖက်မှ ကင်းသမားက 
စတင် ပစ်ခတ်သောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ကို စစ်ကြောင်းမှူး၏ 
သတင်းပေးပို့ချက်အရ သိရသည်။
“ ဇူလိုင်လ ၁၅ ရက်နေ့က 
တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ ယင်း နံနက်ပိုင်း ၇ နာရီ လောက်မှာ 
ဘင်္ဂလီမူဆလင်လို့ထင်ရတဲ့ တပ်ဖွဲ့တဖွဲ့ လက်နက်အပြည်အစုံနဲ့ ဘင်္ဂလားကနေပြီး 
ရခိုင်ပြည် ကျော်လမ်းအတိုင်း တက်လာကြတာကို မြင်လို့ ကျနော်တို့ ကင်းသမားက 
စတင်ပစ်ခတ်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ၁ နာရီ နီးပါးလောက်ကြာမှ သူတို့တွေ 
ဘင်္ဂလားဘက်ကို ပြန်ဆုပ်သွားကြတယ်။ ” ဟု စစ်ကြောင်းမှူး ဗိုလ်ကြီးခိုင်လင်းက 
ပြောသည်။
 တိုက်ပွဲအတွင်း အမည်မသိ လက်နက်ကိုင် 
တပ်ဖွဲ့မှ အထိအခိုက် အကျအဆုံးရှိသည်ကို ဒေသခံများ၏ ပြောပြချက်အရ 
သိရှိရသည်ဟု စစ်ကြောင်းမှူး ခိုင်လင်းမှ ဆက်ပြောပြသည်။ ရခိုင်ပြည် 
လွတ်မြောက်ရေး တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိဟု သိရှိရပြီး 
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALP) အမှတ်(၉) တပ်ရင်းမှ 
စစ်ကြောင်း(၁)သည် အဆိုပါ ဒေသတွင် အမြဲတမ်းလှုပ်ရှားနေသည့် တပ်ဖွဲ့တခုလည်း 
ဖြစ်သည်။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment