မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်း သားမိသားစုများအကျိုးဆောင်ကွန် ယက်
သတင်းထုတ်ပြန်ကြေငြာချက်
(
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက် )
(၂.၇.၂၀၁၂)
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရို င်၊ညောင်တုန်းမြို့နယ်၊မယ်ဇလီေ ကျးရွာအုပ်စု
ချောင်းကြီးညောင်ဇောက်ကျေးရွာရှိ လယ်ယာမြေများဖြစ်သော ကွင်းအမှတ်(၃၇၁/က)
(၃၇၁/ဂ) ဦးပိုင်အမှတ်-(၂၆/၂ ၊၉/၄ ၊၂၅/၂ ၊၁၄/၂)လယ်ကွက်များကို လွန်ခဲ့သော(၁၉၈၅)ခုနှစ်မှစတင်၍
မြေရိုင်းတောများခုတ်ထွင်ရှင်း လင်းပြီး စပါးစိုက်ပျိုးခဲ့ကြသည်။စိုက်ပျိုးလုပ်ကိုင်နေသော
လယ်ယာမြေများအတွက် နိုင်ငံတော်အား အခွန်အခများနှစ်စဉ်ပေးဆောင်ခဲ့ ရသည်။(၁၉၉၅-၉၆)ခုနှစ်ဝန်းကျင်တွ င်
နိုင်ငံတော်မှ လယ်သမားများစိုက်ပျိုးမှုအဆင်ြေ ပစေရန်အတွက် ရေထိန်တံခါးနှင့်ရေမြောင်းများေ ဖာက်လုပ်ပေးပြီးနောက်ပိုင်းတွင်
တိုင်းမှူးမှ သိမ်းသည်ဟု အရာခံဗိုလ် မင်းဆွေ မှပြောပြီး၊ လယ်သမားများ၏
လယ်မြေဧကများကို ယခုနောက်ပိုင်းတွင် မင်းမင်းစိုးကုမ္ပဏီမှသိမ်းယူထား သည်။မင်းမင်းစိုးကုမ္ပဏီမှသိမ်း ယူထားသော
လယ်ဧကမှာ(၁၂၀)ခန့်ရှိပြီး လယ်မြေဆုံးသွားသော လယ်သမားဦးရေမှာ(၁၁)ရှိသည်။မိမိ တို့၏လယ်မြေများပြန်လည်ရရှိရန်
လယ်သမားများက လွှတ်တော်အသီးသီးနှင်သက်ဆိုင်ရာ ဌါနများသို့
နှစ်ကြိမ်တိုင်တိုင်စာဖြင့်တင်ြ ပခဲ့သည်။မင်းမင်းစိုးကုမ္ပဏီမှတာ ၀န်ခံဦးမင်းဆွေ(အရာခံဗိုလ်-ငြိ မ်း)က
လယ်မြေသိမ်းယူ စဉ် ငါ့မှာအမိန့် နဲ့ သေနပ်ပါသည်ဆိုပြီး
ယူနီဖောင်းဝတ်ရဲဘော်(၃)ဦးနှင့် အတူလာ၍ လယ်သမားများကို
ပျိုးကြဲခြင်း၊ဂိုက်ဆွဲခြင်း၊စ ပါးရိတ်သိမ်းခြင်းများကို အဓမ္မစေခိုင်းခဲ့သည်။ ထို့ကြောင့်ရိုးသားသောလယ်သမားများကို
အာဏာနှင့်ဖိနှိပ်ခြင်း၊အတင်း အဓမ္မစေ ခိုင်းခြင်း နှင့် လယ်မြေများကိုမတရားသိမ်းပိုက်ြ ခင်းတို့ကြောင့်
လယ်သမားများကမိမိတို့၏ဆုံးရှံး နစ်နာနေမှုကို ဆန္ဒဖော်ထုတ်၍
တောင်းဆိုသွားမည်ဖြစ်သည်။
မှတ်ချက်။
။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့်
ပြည်သူလူထုကြီးထံမှ ပေးပို့လာသောသတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်း သားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂.၇.၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment