ပြည်တော်ပြန်ကိစ္စနှင့် ပတ်သက်၍ ကျနော့်အမြင်

 သမ္မတ ဦးသိန်းစိန်ဟာ ပြည်တော်ပြန်ခရီးစဉ်ကို မောင်းခတ်အသိပေး မကျေညာ

ခင် စပ်ကြားမှာ လူတချို့ဟာ သူခိုးလိုလို ဂျပိုးလိုလို တိုးတိုးတိတ်တိတ်နဲ့ အ
နောက်ပေါက်ကပြန်ဝင်သွားသူတွေရှိသလို၊ စည်းဝါးရိုက်ပြီး ပြည်တော်ပြန်ဝင်ခဲ့ကြသူတွေလည်းရှိပါတယ်။ အဲဒီအချိန်တုန်းက ပြည်တော်ပြန်သွားတဲ့ လူတွေ
ကို ပြည်ပမှာရှိနေကြတဲ့ ဒီမိုကရေစီအင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်
ကွက်ရှုတ်ချခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ပြည်တော်ပြန်ခရီးကို သမ္မတ ဦးသိန်း
စိန်က တရားဝင် မောင်းခတ်အသိပေးကျေညာလိုက်တဲ့အခါ လူတချို့ဟာ ပြည်
တော်ပြန်ဖို့ စိုင်းပြင်းလာကြသလို၊ လူတချို့ဟာ တုန့်တီးတုန့်ပျာနဲ့ ပြည်တော်ပြန်
ဝင်သွားတဲ့ သူတွေရှိကြသလို၊ လူတချို့ဟာ အခြေအနေနဲ့ အချိန်အခါကိုကြည့်
ပြီး ပြန်သင့်- မပြန်သင့် သုံးသပ်နေသူတွေလည်းရှိနေကြပါတယ်
အဲဒီမှာ လူအချို့ဟာ လုပ်ငန်းဆိုင်းဘုတ်ကိုကိုင်ဆောင်ပြီး အုပ်စုဖွဲ့ကာ ပြည်
တော်ပြန်သွားကြပြီး၊ လူတချို့ဟာလည်း မိမိဆန္ဒအရ ပြည်တွင်းမှာ ဂွင်ပြန်ရိုက်ဖို့
စားကျက်အသစ်ရှာဖွေရှာနေကြတဲ့ လူတွေရှိကြသလို၊ လူတချို့ဟာ စိတ်ရင်း
ကောင်းစေတနာမှန်နဲ့ တိုင်းပြုပြည်ပြုလုပ်ငန်းတွေကို စေတနာအမှန်နဲ့ ထမ်းရွက်
ချင်ကြတဲ့ သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ အဲဒီ- ပြည်တော်ပြန်သွားကြတဲ့လူ
တွေထဲမှာ ပြည်ပမှာ နိုင်ငံရေးအရ ချီးကျနေတဲ့လူတွေလည်းရှိသလို၊ တော်လှန်
ရေး- နိုင်ငံရေးကိုဗန်းပြပြီး မိန်းမပွေ၊ မိန်မးရှုပ်၊ အငယ်အနှောင်းတွေထားပြီး၊ တိုက်
တာ ကားအဆောက်အအုံများပိုင်ဆိုင်ထားကြတဲ့ သူဌေးအဖြစ် ကြီးပွါးနေသူတွေ
လည်းပါကြပါတယ်။ ဒီနေရာမှာ တကယ့်စိတ်ရင်းကောင်းစေတနာထားပြီး မိမိ
တတ်နိုင်တဲ့ ဘက်ကနေ နိုင်ငံတာဝန်ကို အုပ်တချပ်သဲတပွင့် ဝိုင်းဝန်းကူညီလုပ်
ကိုင်ကြမယ့် ပြည်တော်ပြန်တွေကိုတော့ကြိုဆိုပါတယ်။ ပြည်ပမှာ ပရိုပိုစယ်နဲ့ အ
ခြေချပြီး ငွေလျှောက်ပတ်တောင်းတာ မရရှိတော့လို့၊ ပြည်တွင်းမှာ ပြန်လုပ်စား
ကြမယ့် ပြည်တော်ပြန်သွားတဲ့သူတွေကိုတော့ ကျနော်တို့တတွေ ပြင်းပြင်းထန်
ထန် ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေးအသိုင်းဝိုင်းထဲကနေ ပြတ်ပြတ်သားသား ဖယ်
ရှားရှင်းလင်းဖို့တော့လိုပါတယ်။ အဲဒီလိုမှ မရှင်းလင်း မဖယ်ရှားထားနိုင်ရင် ဒီလူ
တွေဟာ ပြည်တွင်းမှာ တစင်ထောင်ပြီး ပြည်သူလူထုကို ဒုက္ခကောင်းကောင်းပေး
ဦးမယ်ဆိုတာ သေချာသလောက်ရှိနေပါတယ်။ ဒီအန္တရာယ်ကိုကျနော်တို့တတွေ စု
ပေါင်းအားနဲ့ ကာကွယ်ရန်လိုပါသည်။

ပြည်တော်ပြန်ရေးကိစ္စဟာ လက်ရှိအနေထားအရ၊ နိုင်ငံရေးအရ ကျနော်တို့စိတ် မ
ဝင်းစားပဲ ပစ်ထားလို့မရတဲ့ အရာဖြစ်နေပါတယ်။ အကယ်၍ ကျနော်တိုတတွေ့ စိတ်
မဝင်စားပဲပစ်ထားခဲ့ရင် ပြည်ပမှာ အရှက်ကြောက်မရှိပဲ လုပ်စားကြတဲ့ စားဖားကြီး
တွေအတွက် စိတ်ကြိုက် လုပ်စားခွင့်ပေးတဲ့ ဂွင်ကို ခွင့်ပြုထားသလို ထပ်မံ့ဖြစ်နေပါ့
မယ်။ ဒီ- ရန်စွယ်၊ ဒီ- အန္တရယ်ကို ကာကွယ်ရှင်း လင်းဖို့အတွက် ကျနော်တို့ဆီမှာ
တာဝန်ကိုယ်စီရှိကြရပါ့မယ်။ ဒါကြောင့် ကျနော်တို့လူတွေလည်း အနည်းနဲ့ အများ
ပြည်တွင်းကို ပြန်လည်ဝင်ကာ ဒီလူတွေဘာလုပ်နေတာကို စုံစမ်းဖော်ထုတ်ပြီး၊ ပြည်
သူလူထုကိုလည်း တတ်နိုင်တဲ့ဘက်က တဖက်တစ်လမ်းကနေ ကျနော်တို့တတွေ
ဘာတွေလုပ်ပေးလို့ရနိုင်မလဲဆိုတာ ဝင်ရောက်လေ့လာသင့်ပါတယ်။ မသေချာ စိတ်
မချရသေးတဲ့ အပြောင်းလဲကာလမှာ နိုင်ငံရေးအင်အားစုတွေ ပြည်တွင်းမှာကော၊
ပြည်ပမှာပါရှိဖို့ လိုအပ်နေသေးပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးအရ လှုပ်ရှားမှုတွေ
အားကောင်းလာလို့သာ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေ တုန့်နှေးသွားခြင်းသာဖြစ်ပါ
တယ်။ ဒီနေရာမှာ ကျနော်တို့တတွေ ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ အား
ကောင်းလာအောင် အမှန်တကယ်လုပ်နေသူတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့တော့
လိုအပ်ပါတယ်။ ဒီအတွက် နောင်တချိန်မှာ ကျနော်တို့တတွေအတွက် အင်အားတွေ
ဖြစ်လာစေမယ့် လူမှု့အထောက်ကူပြုအဖွဲ့အစည်းတွေကို ကျနော်တို့တတွေရဲ့ အင်
အားနဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ခိုင်မာကျစ်လစ်စွာတည်ဆောက်ထားဖို့ လိုပါ
တယ်။ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ အတုအယောင် နိုင်ငံရေးသမား
တွေကို ကျနော်တို့တတွေ ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားပစ်ဖို့လိုပါတယ်။ ဒါ
ကြောင့် လုပ်စားဂွင်ကို ထပ်မံ့ချဲ့ထွင်မယ့် လူတွေကို ထုတ်ဖော်ဖယ်ရှားရင်း၊ ကျနော်
တို့တတွေရဲ့ အင်အားတွေကို ရရှိတဲ့အချိန်လေးမှာ အခွင့်အရေးရရှိခိုက် ရနိုင်သ
လောက် ရနိုင်သမျှစုစည်းကာ လူမှုအထောက်ကူပြုအဆောက်အဦးတွေ ပြန်လည်
တည်ဆောက်ဖို့အတွက် တက်ညီလက်ညီနဲ့ အလုပ်လုပ်ဖို့လိုအပ်နေပါတယ်။

ကျနော်တို့တတွေ စုပေါင်းအလုပ်လုပ်တဲ့အခါမှာ လူပေါင်းမမှားမိဖို့နဲ့ မိမိရဲ့ နိုင်ငံရေး
လုပ်ဖော်ကိုင်ဘက်အပေါ် မထိုးကျွေး မချကျွေးဖို့တော့ အထူးလိုအပ်ပါတယ်။ မိမိရဲ့
လုပ်ဖော်ကိုင်ဘက်အပေါ်သစ္စာရှိရန်လိုပါသည်။ မိဘ အုပ်ထိန်းမှုမှာရှိစဉ်တုန်းက ကိုယ်
ကမသိလို့ လူပေါင်းမှားမိတဲ့ အတွက် မိမိအပြစ်ကင်းသလိုရှိပေမယ့်၊ နိုင်ငံရေး- တော်
လှန်ရေး အတွေ့အကြုံနဲ့ အသိဥာဏ်ပညာ ဗဟုသုတတွေ အထိုက်အလျှောက်ရှိပြီးကာ
မှ လူမှားပေါင်းမိရင် မိမိရဲ့ ညံ့ဖျင်းမှုကြောင့်ဖြစ်သည်။ ((( ဒီနေရာမှာ အနည်းငယ်ရှင်းပြ
လိုတာက လူပေါင်းမှားတာနဲ့ လူမှားပေါင်းတာ၊ ထိုးကျွေးတာနဲ့ ချကျွေးတာ ဆင်တူရိုးမှား
ဖြစ်နေပေမယ့် တကယ်တော့ မတူပါဘူး ))) တော်လှန်ရေး- နိုင်ငံရေးလောကမှာ လူမှား
ပေါင်းတာတို့၊ ထိုးကျွေး ချကျွေးတာတို့ တခါတရံမှာ ရှိတတ်ပါတယ်။ တော်လှန်ရေး
အကျိုးအမြတ်၊ နိုင်ငံရေးအကျိုးအမြတ်ရရှိဖို့အတွက် မိမိရဲဘော်ကို တခါတရံမှာ မဖြစ်မ
နေလို့သာ ထိုးကျွေးခြင်းကို လက်ခံလို့ရနိုင်ပေမယ့်၊ မိမိ ကြွယ်ဝချမ်းသာဖို့၊ အခွင့်အရေး
ရရှိဖို့၊ မိမိအာဏာရရှိဖို့အတွက်၊ မိမိရဲ့ ရဲဘော်ရဲ ဘက်တွေကို စတေးခံသတ္တဝါအဖြစ် ချ
ကျွေးတာကို လက်ခံလို့မရပါ။
ဒါကြောင့် ကျနော်တို့တတွေ သိသင့်သိထိုက်တဲ့ လူတွေအကြောင်း သိရှိထားကြဖို့ အ
ထူးလိုအပ်ပါတယ်။ ဒီနေရာကနေ ပြည်တော်ပြန်တွေကို ကျနော်မေတ္တာရပ်ခံပန်ကြားချင်
တာက၊ ခင်ဗျားတို့တတွေ နိုင်ငံရေး၊ လူမှု့ရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ လယ်သ
မားအရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသူအရေးတွေကို ဗန်းပြပြီး ထပ်မံ့
မလုပ်စားဖို့ မေတ္တာရပ်ခံလိုပါတယ်။ အကယ်၍ ဘာကိုမှဂရုမစိုက်ပဲ မိမိလုပ်ချင်ရာဆက်
လုပ်နေဦးမယ်ဆိုရင်၊ ကျနော်တို့တတွေလည်း မသေသေးပါ- မကြွေသေးပါ ပြည်တွင်းကို
ပြန်လာကြဦးမှာပါ၊ အဲဒီအခါကြမှ ကျနော်တို့တတွေ နိုင်ငံရေးသန့်စင်ရေး ညီအကိုများ
အဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ ဆူးညှောင့်ခလုတ်တွေကို အကုန်ရှင်းပစ်မယ်ဆိုတာ
ကြိုတင်သတိပေးထားပါရစေ။ ဒီအချိန်မှာ ကျနော်တို့ အမှန်တကယ်ဖြစ်ချင်တဲ့ ဆန္ဒက
တော့ ဒီကနေ့- ဒီအချိန်အခါမှာ သင့်သင့်မြတ်မြတ်နဲ့ ပေါင်းစည်းပြီး မခိုမကပ်ပဲ အေးချမ်း
သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်ချင်လိုကြတာပါ။
အခုဆိုရင် လက်ရှိအစိုးရက ပြည်ပမှာရောက်ရှိနေတဲ့ နိုင်ငံရေးအသိုင်းဝိုင်းမှ ဒီမိုကရေစီ
အင်အားစုတွေကို အမည်ပျက်စာရင်းက ထုတ်ပြန်ကျေညာခြင်းဟာ လက်ရှိအစိုးရအနေ
ဖြင့် အမှတ်ကောင်းဝင်ယူလိုက်တယ်လို့ ကျနော့်အနေနဲ့ ခံစားရပါတယ်။ ဒါဟာ ဘာနဲ့ အ
လားသဏ္ဍန်တူနေသလဲဆိုတော့ သူခိုးက လူကိုပြန်ဟစ်နေတဲ့ အလားသဏ္ဍန်နဲ့ ဆင်တူ
နေပါတယ်။ အမှန်မှာ ကမ္ဘာမှာရော၊ မြန်မာပြည်မှာပါ အမည်ပျက်စာရင်းဝင်တဲ့ သူတွေ
ဟာ ဘယ်သူတွေဖြစ်သလဲဆိုတာ မပြောလည်း သိကြပါလိမ့်မယ်။ ဆင်သေကိုဆိတ်သရေ
နဲ့ ဖုံးလို့မရပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအချိန်အခါမှာ အချင်းမပွါးလိုပေမယ့် သိသင့်သိထိုက်တာ
တွေကို သိအောင်တော့ ပြန်လည်ရှင်းပြရပါ့မယ်။ ယ္ခုအချိန်အခါမှာ ဆင်းရဲတွင်းနက်နေကြ
တဲ့ ပြည်သူတွေရဲ့ မျက်နှာများကို ထောက်ထားငဲ့ညှာပြီး၊ ကျနော်တို့တတွေအားလုံး စုစု
စည်းစည်းနဲ့ အဖက်ဖက်က ယိုယွင်းပျက်ဆီးနေတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်
ကြပါစေလို့ တိုက်တွန်းရင်း.....ပြည်တော်ပြန်ကိစ္စနှင့် ပတ်သက်တဲ့ ကျနော့်အမြင်အား ရေး
သားတင်ပြလိုက်ရပါတယ်။
( ကိုဗလိုင် )






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: