"ရန်ကုန်ရဲ့ဒေါသကို ရန်ကုန်ကပဲသိတယ်"

ရန်ကုန်ရဲ့ဒေါသကို ရန်ကုန်ကပဲသိတယ်
ရန်ကုန်ရဲ့ လက်ဖျံရိုးပေါ်မှာသေရာပါ

ဒဏ်ရာတွေတောင်မကျက်သေးဘူး
အဝေးက ကဗျာဆရာကဆဲတယ်...ရီးပဲတဲ့။

ရန်ကုန်ရဲ့ဒေါသကိုရန်ကုန်ကပ
ဲသိတယ်
ရန်ကုန်ရဲ့ရင်ဘတ်မှာ
စစ်ဖိနပ်ရာအမည်းစက်နဲ့သွေးက
ွက်တွေမခြောက်သေးဘူး..
အဝေးကကဗျာဆရာကဆဲတယ်..ရီးပဲ.
.တဲ့။

ရန်ကုန်ရဲ့ဒေါသကိုရန်ကုန်ကပ
ဲသိတယ်
ဟုတ်တယ်...ရန်ကုန်ဟာအရူးပဲ
ရန်ကုန်ဟာ သားပျက်ကျတဲ့ မိန်းမတစ်ယောက်လို
နာနာကျင်ကျင် သွေးရူးသွေးတမ်းဖြစ်နေတာ
တွေ့ရာခုတ်ထစ်ဖို့ဝန်မလေးတေ
ာ့ဘူး
ရန်ကုန်ဟာစိတ်ပြေလက်ပျောက်ရ
ုပ်ရှင်ကြည့်
အင်တာနက်သုံးနေပေမယ့် သူ့စိတ်က ဟုန်းဟုန်းတောက်လောင်နေတုန်
းပဲ။

ရန်ကုန်ရဲ့ဒေါသကိုရန်ကုန်ကပ
ဲသိတယ်
ရန်ကုန်ဟာ အားလုံးကိုလိုအပ်တယ်
ဦးသိန်းစိန်ကိုလိုအပ်တယ်
ဒေါ်အောင်ဆန်းစုကြည်ကိုလိုအပ
်တယ်
ဦးမိုးသီးဇွန်ကိုလိုအပ်တယ်
ဦးအောင်ဝေးကိုလိုအပ်တယ်
ကျနော့်ကိုလဲ လိုအပ်တယ်
ခင်ဗျားကိုလဲလိုအပ်တယ်
ငြိမ်းချမ်းရေးကိုလိုအပ်တယ်
တိုးတက်မှုကိုလိုအပ်တယ်
ယုတ်စွအဆုံး လမ်းပေါ်ကဈေးသည်တွေကိုတောင်
လိုအပ်တယ်
ရန်ကုန်က သဲကြိုးပြတ်နေတဲ့ ဖိနပ်တွေကိုမလိုအပ်ဘူး
- - -။

ရန်ကုန်ရဲ့ဒေါသကိုရန်ကုန်ကပ
ဲသိတယ်
ရန်ကုန်က လိုချင်တာအဲတာတွေမဟုတ်ဘူး
ကျနော်တို့လိုချင်တာလည်းအဲတ
ာတွေမဟုတ်ဘူး
ရန်ကုန်ကလိုချင်တာငြိမ်းချမ
်းရေး
ကျနော်တို့လိုချင်တာငြိမ်းခ
ျမ်းရေး
ကြာတော့ ရန်ကုန်လဲ ဆွံ့အ လာပြီ
ကျနော်တို့လည်း သမိုင်းချိန်ကိုရွံ့မုန်းလာ
ပြီ
ကျနော်တို့တွေ အ,ချင်နေပြီ...ဆရာဒေါက်တာသန
်းထွန်းခင်ဗျာ။

ရန်ကုန်ရဲ့ဒေါသကိုရန်ကုန်ကပ
ဲသိတယ်
ရန်ကုန်က အရွယ်ရောက်နေပေမယ့်
နယူးယောက်မြို့လောက်လဲမလှခဲ
့ရှာဘူး
ရန်ကုန်က အရွယ်ရောက်နေပေမယ့်
ပါရီလောက်လဲမလှခဲ့ရရှာဘူး
ရန်ကုန်က အရွယ်ရောက်နေပေမယ့်
ရောမမြို့လောက်လဲမလှခဲ့ရှာပ
ါဘူး
ဒါပေမယ့် ရန်ကုန်က
ဒီမိုး ဒီမြေ ဒီလေ ဒီလူတွေနဲ့ အတူတူမော်တော်ပီကယ်ရဲ့
အဆဲခံခဲ့ဖူးတာပဲ.....
ကျနော်တို့ အတူတူရေနစ်နေတာပါလို့ ရန်ကုန်ကပြောတယ်။

ရန်ကုန်ရဲ့ဒေါသကိုရန်ကုန်ကပ
ဲသိတယ်
သွားလိုသူတွေသွားကြပါစေ....

သမိုင်းမသင်ချင်တော့တဲ့ ကျနော် ခပ်အအ ကောင်

ရန်ကုန်မှာ ဘယ်သူမှမရှိရင်တောင်
လူမနေတော့တဲ့အကောင်းစားဟော်
တယ်တစ်ခုမှာညအိပ်
ရွှေတိဂုံပေါ်တက် ဘုရားဖူး
လမ်းမအလယ်ခေါင်မှာ တစ်ယောက်တည်း
ဆေးပေါ့လိပ်လက်ကြားညှပ်ပြီး
ခပ်တည်တည်လျှောက်ပစ်လိုက်မယ

ရန်ကုန်ကိုဘယ်တော့မှ စွန့်ခွာမသွားဘူး။

ကျနော်လို....ဒီမိုး ဒီမြေ ဒီလေ ဒီလူတွေနဲ့ အတူတူ။



ပိုစ့်မော်ဒန်သာဂိ
(ဖေစ်ဗုဒ် မှယူဒယ်)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: