ငါတို့အားလုံး ကောင်းမှုပြုအမျှဝေကာ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုကြပါစို့



အငြိုးအတေးတွေထားပြီး စက်တင်ဘာဟာ
မင်းမဲ့စရိုက်ဆန်ဆန်  ဝုန်းဒိုင်းပစ်ခတ်
၂၄ နှစ်တာကြာမြေ့ခဲ့ပေမယ့် ဒီအရေးဟာ
ရင်ထဲက မေ့မရနိုင်တဲ့ သမိုင်းဝင်နေ့ပေါ့။
တစ်တက်စားဥာဏ်နဲ့ နိုင်မယ်ထင်လို့
ဒီမိုကရေစီအရေးကို စက်သေနတ်အားကိုးနဲ့
ဖြေရှင်းလို့ရခဲ့ရင်....ဒီမယ်စောမောင်
အဲဒီသမိုင်း ရိုင်းသွားမှာပေါ့။
ဒီမိုကရေစီအရေး လူ့အခွင့်အရေးတွေအတွက်
ပေးဆပ်မှုတိုင်းမှာ အဓိပ္ပါယ်အပြည့်ရှိတယ်...
ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ သူရဲကောင်းတွေ
ကောင်းရာသုဂတိလားပါ....စေ။
ဒီ့အတွက်  ဒီကနေ့မှာ ငါတို့အားလုံး
သူရဲကောင်းအာဇာနည်တွေ အတွက်
ကောင်းမှုပြု အမျှဝေကာ ကုသိုလ်တွေပြုကြရမယ်။
ပေးဆပ်စွန့်လွှတ် အနစ်နာခံတိုက်ပွဲဝင်ခဲ့တဲ့
၂၄ နှစ်ပြည့်မြောက်လာတဲ့ ဒီသမိုင်းဝင်နေ့မှာ
အာဇာနည်သူရဲကောင်းတို့ရဲ့ ဝိဥာဏ်တွေကို
လေးလေးစားစားနဲ့  တန်ဖိုးထားကာ
ငါတို့အားလုံး ဦးညွှတ်ပြီး ဂုဏ်ပြုကြပါ....စို့။
စက်တင်ဘာ ( ၁၈ ) ရက်နေ့တွင်ကျဆုံးသွားသည့်
အာဇာနည်သူရဲကောင်းများအား အစဉ်လေးစား ဦးညွှတ်ဂုဏ်ပြုလျှက်....။
( ကိုဗလိုင် )





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: