ရိုးတယ် ဒါပေမဲ့ မအဘူး


The Express Times

''ငါတို့မြေယာက တန်ကြေးကြီးတယ်။သူတို့ထွက်လာတဲ့ သတ်္ထုက နှစ်ပေါင်းဘယ်လောက် ခံစားရမှာတုန်း"
ဝက်မှေးကျေးရွာမှ မသွဲသွဲ့ဝင်းနှု့် တွေ့ဆုံခြင်း။( Express Times , Vol 2.issue 23 တွင် ဖော်ပြခဲ့သော အင်တာဗျုး)

လတ်တလောတွင် ဖြစ်ပွားနေသောလက်ပတောင်းတောင် ကြေးနိတူးဖော်ရေးလုပ်ငန်းခွင်ကြောင့်
 ဖယ်ရှားပေးရမည့် ကျေးရွာများမှသဘောတူညီမှုမရှိသဖြင့် ကျေးရွာဒေသခံများနှင့် မြန်မာဝမ်
ပေါင် ကုမ်္မဏီတို့အကြား မပြေလည်မှုများရှိရာ ယင်းအခြေအနေများနှင့် ပတ်သတ်၍ဦးဆောင်သူတစ်ဦးဖြစ်သူ ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာမှ ဒေါ်သွဲ့သွဲ့ဝင်းနှင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို အိတ်စ်ပရတ်တိုင်းမ်း စာဖတ်ပုရိတ်သတ်များအတွက် ဖော်ပြလိုက်ပါသည်။
ဇာဏီထွဏ်း၊ဆန်းဆန်းထွေး
ဆားလင်းကြီး၊ သြဂုတ် ၂၀

Express Times - အစ်မတို့ကို သတ်္တုတွင်းဝန်ကြီးက ခေါ်တွေ့တယ်လို့ သိရပါတယ်။အစ်မတို့ကို ဘာတွေဆွေးနွေးဖြစ်ခဲ့ပါသလဲ
TTW- သူတို့ပြောတာတော့ မြေလျော်ကြေး မရတော့ဘူး။မပေးနိုင်တော့ဘူး။ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းတစ်ခုတည်း လုပ်ခဲ့တာ မဟုတ်ဘူး။တခြားဟာတွေကိုလည်း လုပ်တယ်။အဲဒီတော့ ဒီကိုပေးရင် အခြားဟာတွေကိုပါ ပေးရမှာလေ။ကျွန်မတို့က ဘာပြောသလဲဆိုတော့ ဒါကျွန်မတို့ သွားတောင်းတာလည်း မဟုတ်ဘူး။ကျွန်မတို့က တောင်းရအောင် သူတောင်းစားမှ မဟုတ်တာ။ကိုယ့်မြေ ကိုယ့်ဟာကိုယ်ပြန်လုပ်ချင်တာပဲ သိတယ်။ ရွာလည်း ရွှေ့မပေးနိုင်ဘူး။တောင်ယာတွေထဲလည်း အဆောက်အဦ မဆောက်ခိုင်းနိုင်ဘူး။စွန့်ပစ်မြေတွေလည်း လာအပုံမခံနိုင်ဘူး။ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ့်မြေ ကိုယ့်ဒေသလေ။သူ့တို့က ပြောတယ်။ရွာကိုတန်ရာ တန်ကြေးကိုပေးပြီးပြီတဲ့။ပြောင်းတဲ့အိမ်  (အိမ်အမျိုးအစား) ဆိုရင်လည်း လေးသိန်း၊ ဃ ဆိုရင် ခြောက်သိန်း၊ ရှစ်သိန်း၊ ဗ ဆိုရင် ဆယ်သိန်း ပေးပြီးပြီလေ။ဒါနဲ့ပြီးပြီပေါ့။လူတွေက ဒါပြီးရင် နောက်တစ်ခါ ဘာပေးပါဦးဆိုပြီး တစ်ဆင့်တက်လာတာတဲ့။တစ်ဆင့်တက်လာရအောင် အစ်မတို့က သူတောင်းစားမှ မဟုတ်တာ။အစ်မတို့ ကိုယ့်ရွာကိုယ်နေမယ်ဆိုရင် ကိုယ်ထူကိုယ်ထစနစ်နဲ့ နေတာ။ဒီအတိုင်းပဲ လုပ်ကိုင်စားသောက်လို့ ဖြစ်နေတာပဲ။အခုမဟုတ်တော့ဘူး။ ရွှေ့မယ် ဘာညာနဲ့။သူတောင်းစားဖြစ်နေတယ်။သူတို့က ဘာမပေးဘူးဘယ်လောက်မပေးဘူးဖြစ်နေတာ။ လွှတ်တော်က ဦးသောင်းစိန်ကိုကျွန်မသိပ်သဘောကျတာပဲလို့ ပြောလိုက်တယ်။
သူက ဘာဖြစ်လို့လဲဆိုတော့ မကျီးတန်းမှာ ဆည်တဲက ဘုန်းကြီးတွေ၊ရွာသူရွာသားတွေနဲ့ဦးသောင်းစိန်တို့ ဆွေးနွေးပွဲ
လုပ်တယ်။အဲဒီအချိန်ကတည်းက ရွာသူရွာသားတွေကို ကဘောချိုင့်ဝှမ်းကိုသွားပေါ့။အဲဒါဆိုရင် အဲဒီစီမံကိန်းက ကဘောချိုင့်ဝှမ်းကိုသွားပေါ့။ပြည်သူလူထုလည်း စိတ်ဆင်းရဲစရာမလိုတော့ဘူး။ဒီလယ်ယာမြေတွေကိုလည်း သိမ်းစရာ မလိုတော့ဘူး။ အဲဒါကို ဦးသာအေးက ကျွန်မကို ရိုင်းတယ်တဲ့။နင်စကားပြောတာ တအားကိုရိုင်းတာပဲတဲ့။ကျွန်မက ဒီလောက်တော့ ပြောမှာပေါ့။စာလည်းမတတ်ဘူး။တောသူလေ။ဒီလောက်တော့ ပြောပိုင်ခွင့်ရှိမှာပဲ။အစ်မတို့က ဆန်္ဒပြမယ်ပြောတယ်။ငြင်းပယ်မယ်ပေါ့။ရာဇ၀တ်မှုဆိုပြီး ငြင်းပယ်မှုဖြစ်လာတယ်။အဲဒီရာဇ၀တ်မှုက အစ်မတို့မှ မကျုးလွန်ပဲ။ရာဇ၀တ်မှု ကျုးလွန်တယ်ဆိုတာ ဒီအမှုက ရဲစခန်းမှာ ရှိခဲ့သလား။ဒါမှမဟုတ် တရားရုံးမှာ ရောက်ပြီလားလို့ အစ်မက မေးလိုက်တယ်။တရားရုံး မရောက်သေးဘူးတဲ့။ရဲစခန်းမှာပဲ ရှိသေးတယ်။အဲဒါဆို ရဲစခန်းမှာပဲ ရှိတဲ့အမှုကို ရာဇ၀တ်မှုလို့ တပ်လို့ရသလားပေါ့။
Express Times - အစ်မတို့ကို တရားစွဲတာ ဘာအမှုနဲ့လဲ
TTW-တရုတ်တွေက ကော့ပြတာတို့၊ ကျောက်တုံးလိမ့်ချတာတို့ ရှင်းမပြဘူး။တိုင်တာကို ဘယ်သူကမှ အရေးမယူပေးတဲ့ အတွက် အစ်မတို့က တရုတ်တွေကားကို တားမယ်ဆိုရင် အကြီးအကဲတွေက လာပြီးဖြေရှင်းပေးမှာပဲ ဆိုပြီး တားတဲ့အတားပါ။အဲဒါကို ပြန်ပေးဆွဲမှုဆိုပြီးလုပ်တယ်။အဲဒီအမှုက ရာဇ၀တ်မှုပဲ။အမှုက ကြီးလဲ ကြီးကျယ်တယ်တဲ့
Express Times - ဒီအမှုကို ဘယ်သူက စွဲတာလဲ
TTW - တရုတ်က စွဲတယ်လည်းမပြောဘူး။ဦးပိုင်က စွဲတယ်လည်းမပြောဘူး။ဆည်တည်ရွာထဲကို တရုတ်နှစ်ယောက်က လာတာ။ဒီတရုတ်နှစ်ယောက်က အဆောက်အဦးဆောက်တဲ့သူ ဆိုတော့ သူတို့ကို ခေါ်ထားလို့ လူကြီးတွေလာရင်ညှိနှိုင်းမယ်ပေါ့။အဲဒီလိုလုပ်ဖို့ ခေါ်ထားတာကို
 ပြန်ပေးဆွဲတယ်ဆိုပြီး လုပ်လိုက်တယ်။
Express Times - အစ်မတို့ မြန်မာဝမ်ပေါင် ကုမ်္မဏီရှေ့မှာ ဆန်္ဒထုတ်ဖော်ကြတယ်လို့ သိရတယ်။အဲဒါကရော ဘာအတွက်လဲ။
TTW - ဖြစ်ရတဲ့ အကြောင်းအရင်းက အစ်မတို့ စိုက်နေတဲ့ လယ်ယာမြေထဲကို ဘိုဒူဇာနဲ့လာပြီး ထိုးချတယ်။မြေတွေကို ထိုးပြစ်တာ။ဒီလိုလုပ်တဲ့အခါ
ကျတော့ ရွာသူရွာသားတွေက တားတယ်။ရွာသူရွာသားတွေလာပြီဆိုပြီးဘိုဒူဇာကြီးနဲ့ ဆောက်
လုပ်ရေးထဲကို ပြေးတယ်။ဆိုဒ်ထဲပေါ့။အဲဒီမှာ အစ်မတို့က မထူးဘူးပေါ့။မြေစာပုံအောက်မှာ ရပ်နေကြတယ်။အဲဒီမြေစာပုံပေါ်ကနေ တရုတ်ယောက်ျားလေး သုံးယောက်က ဘောင်းဘီတော့ မချွတ်ပဲ သူတို့ဟာကို ကော့ပြကြတယ်။ မြန်မာတာဝန်ခံက ရွာသူရွာသားတွေ အောက်မှာရှိလားဆိုပြီး လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တယ်။ရွာသူရွာသားတွေ ရှိတယ်။အဲဒီအချိန်မှာ ကျောက်တုံးကြီး မပြီး လှိမ့်ချလိုက်တယ်။လှိမ့်ချလိုက်တဲ့အခါကြတော့ သူ့ပါးစပ်က ပြောသေးတယ်။ဒီလိုလှိမ့်ချရင် ဒီလိုသေတာပေါ့ကွလို့ ပြောသေးတာ။
အဲဒီစကားက မြန်မာတာဝန်ခံက ပြောတာ။သူက အပေါ်က ပြောတာဆိုတော့ အောက်ကကြားရတာပေါ့။အဲဒီမှာ ရဲ ( ၄ )ယောက်ရှိတယ်။တကယ်ဆို ဒါတွေကိုသတို့က တားဆီးရမယ့် ဟာကို လုံးဝမတားဆီးဘူး။ဆားလင်းကြီ
း စခန်းမှုး ဦးလှငွေ၊ ဒုရဲအုပ်ကျော်ကျော်အောင်၊ နောင်ကြီးစခန်းမှုး ဦးသိန်းအောင်၊ ချောင်းဦးစခန်းမှုး ဦးကျော်ကျော်ညွှန့် တို့ရှိတယ်။ဘယ်လိုပြောရမလဲ။ဌာနဆိုင်ရာ တာဝန်ရှိတဲ့သူ အသီးသီးရှိပါရဲ့နဲ့ ဒီလိုညစ်ပတ်တာကို သူတို့ဘာကြောင်း မတားဆီးတာလဲ။ အစ်မတို့ကလည်း ပြောပြတယ်။
ဒီလိုဖြစ်တာကို သူတို့က ဘာကြောင့် မဖြေရှင်းပေးတာလဲ။ဒီကိုရှင်
းပေးပေါ့။ရှင်းပေးခိုင်းတာကို သူတို့က လုံးဝမရှင်းပေးဘူး။အစ်မတို့ ရှင်းပေးခိုင်းတာ ညတစ်ချက်ထိုးသွားရော။မရှင်းပေးရင် မပြန်ဘူးလို့ပြောလိုက်တယ်။ဒါပေမယ့် ပြန်လာရတယ်။
နောက်နေ့ရောက်တော့ တရုတ်အလုပ်သမားကားရယ်၊ ဗမာတွေလည်း အဲဒီကားထဲမှာပါတယ်။ အစ်မတို့က အဲဒီကားကိုတားတယ်။အစ်မတို့က ပြောလည်းပြောတယ်။ခင်ဗျားတို့ကား ခဏ ရပ်ပါဦး။ခင်ဗျားတို့ကို ပြန်ပေးဆွဲတာလည်း မဟုတ်ဘူး။ဒုတ်ပြ၊ ဓါးပြပြီး ရပ်ခိုင်းတာလည်း မဟုတ်ဘူး။ကားကို ခဏရပ်ပေးပါပေါ့။ အစ်မတို့ကထင်တာ ဦးပိုင်တို့ ဥက်္ကဌတို့ လူကြီးတွေ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုပြီး မျှော်လင့်ချက်နဲ့ပေါ့။အဲဓီအချိန်မှာပဲ ဦးသိန်းအောင် ရောက်လာတယ်။ ဒီလိုလုပ်နေရင် မပြီးဘူး။သူတို့အဆင့်အတန်းနဲ့ ဒီလိုလုပ်ပေးလို့ မရဘူးပေါ့။အုပ်ချုပ်ရေးမှုးကို ဖုန်းဆက်ပြီးခေါ်တယ်။အုပ်ချုပ်ရေးမှုးကို ဖုန်းဆက်ပြီးခေါ်တယ်။အုပ်ချုပ်ရေးမှုးက ဒီနေ့တော့ ညဥ့်နက်နေပြီ မရှင်းပေးနိုင်ဘူး။မနက် ၁၀ နာရီမှာ ဒီအမှုကို ရှင်းပေးမယ်လို့ ပြောတယ်။အစ်မတို့က အဲဒီလိုဆိုရင် သေချာလားဆိုတော့ သေချာတယ်တဲ့။မနက် ၁၀ နာရီမှာ စောင့်နေတာပေါ့။ သူတို့ ရောက်လာပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှုးရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှုးရယ်၊ ရောက်လာကြတယ်။အစ်မတို့က ဒီနေရာကို ဒီနေရာကို ထိုးချတာ။ခင်ဗျားတို့ ပေးထားတာ သုံးနှစ်စာ သီးနှံလျော်ကြေးပေးထားတာ။သုံးနှစ်ပြည့်ရင် ဒီမြေစာပုံတွေ ဖယ်ပေးမှာလားမေးတော့ အဲဒါသုံးနှစ်အတွက် မဟုတ်ဘူး။နှစ်သုံးဆယ်လို့ပြောတယ်။ဖယ်မပေးနိုင်ူဘးတဲ့။ အစ်မတို့က မဟုတ်ဘူး။သုံးနှစ်စာ သီးနှံလျော်ကြေးလို့ ၁၂.၁၂.၂၀၁၀ မှာ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်ဆန်းကိုယ်တိုင် ပြောခဲ့တဲ့စကားတွေ၊ ဒါကြောင့် အခုလို လုပ်တာကို ပြန်ညှိမပေးနိုင်ဘူးလားမေးတော့ ညှိမပေးနိုင်ူဘးတဲ့။သူ့အဆင့်နဲ့လည်း အဲဒီလောက်လုပ်လို့ မရဘူးတဲ့။ကျောက်ပုံတွေပါ သူတို့က ပုံနေပြီ။အဲဒါကိုလည်း တားမပေးနိုင်ဘူး။ကျွန်မတို့သေလည်း အရေးယူမှာ မဟုတ်တဲ့အတွက် ကျောက်ပုံအောက်မှာ သွားနေမယ်။သေလည်း ကျောက်ပုံအောက်မှာ သေပလေ့စေ
လုပ်တော့ နင်တို့အဲဒီလိုမလုပ်နဲ့ ငါဦးပိုင်နဲ့ သွားပြောကြည့်ဦးမယ်။နင်တို့လည်း ဘယ်မှမသွားနဲ့ ဒီမှာပဲစောင့်နေတဲ့ ။
အဲဒီအချိန်က ၁၁ နာရီထိုးနေပြီ။သူသွားပြီး တစ်ချက်ထိုးလည်း ပြန်မလာဘူး။အဲဒီလိုဆိုတော့ စောင့်ရတဲ့သူက စိတ်တိုတာပေါ့။အဲဒီတော့ ကျွန်မတို့က အဲဒီလောက်အထိ ကျုးကျော်စော်ကားနေတာ မဖြစ်ဘူးဆိုပြီး အဖွဲ့လိုက်ကြီး တက်သွားတယ်။သေအတူ ရှင်အတူဆိုပြီး တရုတ်ရှေ့သွားတယ်။အဲဒီလိုနဲ
့ အဖွဲ့လိုက် ဆန်္ဒပြသလို ဖြစ်သွားတာပေါ့။
တရုတ်ကတော့ အေးအေး ဆေးဆေးပေါ့နော်။မစ်္စတာ ကမ်းကြီးဆိုတဲ့ တစ်ယောက်ကတော့ သေချာရှင်းပြတယ်။ညှိနှိုင်းေ
နတဲ့ အချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်ဆန်းက ဘယ်လိုဖြစ်နေကြတာလဲတဲ့ နင်တို့ ဒီလိုဖြစ်နေတာ မြေလျော်ကြေးမရကြလို့လားတဲ့။ ကျွန်မတို့က ဦးခင်မောင်ဆန်းကိုယ်တိုင် ၁၂.၁၂.၂၀၁၀ တုန်းက ပြောခဲ့ပြီး သီးနှံလျော်ကြေးပေးတာ။နင်တို့မြေထဲကို မြေစာပုံလည်း လာမပစ်ဘူး။အဆောက်အဦလည်း မဆောက်ဘူး။ငါတို့ ဒီလိုလုပ်တာ ယန်္တရားဖြတ်သွား၊ ဖြတ်လာလုပ်ရင် သီးနှံလျော်ကြေးပေးတာလို့ ဦးခင်မောင်ဆန်းကိုယ်တိုင် ပြောခဲ့တာပဲ မဟုတ်လားလို့ မေးတော့ မဟုတ်ဘူးတဲ့။မြေလျော်ကြေးပေးခဲ့တာတဲ့ ။ခင်ဗျားတို့ ယူခဲ့တာ ဘာယူခဲ့တာလဲ မေးတော့ သီးနှံလျော်ကြေးယူခဲ့တာလို့ ပြောလိုက်တယ်။ မဟုတ်ဘူး၊ မဟုတ်ဘူး ဆိုပြီး ဇွတ်ငြင်းတယ်။
Express times - အစ်မတို့ အဲဒီလိုဖြစ်တာ ဘယ်တုန်းကလဲ
TTW - ၆ လပိုင်း ၂ ရက်နေ့က
Expresdsd Timesွှ- အခုအခြေအနေကရော
TTW - စီးပွားရေးဦးပိုင်က ဦးမြင့်အောင်က အခုလိုဖြစ်နေတဲ့ အချိန်မှာ အဆောက်အဦးလည်း မဆောက်ပါဘူးဆိုပြီး ကတိလုပ်ထားတာ ။ သမီးတို့ မယုံသင်္ကာရှိရင် ဒုရဲအုပ်သိန်းတိုးဆီကို ဖုန်းဆက်ပြီး လာကြည့်လို့ရတယ်ပြောတယ်။ အဆောက်အဦးတွေ ဆောက်တယ်လို့ ပြောသံကြားတော့ ဒုရဲအုပ် သိန်းတိုးဆီ လှမ်းဆက်တယ်။တောင်ကြီးမှာ အဆောက်အဦးတွေ ဆောက်နေတယ် ကြားတယ်။ပတ်ကြည့်ချင်တယ်ပြောပြီး ငါးယောက်သွားတော့ ၀င်လို့မရတော့ဘူးပြောတယ်။
ဝန်ခံကတိက ၀န်ခံကတိပဲ။ဆက်ပြီးဆန်္ဒပြဖု
ိ့ လုပ်တော့ နည်းဥပဒေထွက်တယ်။ အထက်ကိုတင်တယ်။တင်တော့ တံခါးတွန်းဖွင့်တာ ပိုင်နက်ကျုးလွန်မှုဆိုပြီး အမှုဖွင့်ထားတဲ့အတွက် ဆန်္ဒပြခွင့်မရဘူး။
Express Timesွှ-ဒါဆို အစ်မတို့ အနေနဲ့ ဒီစီမံကိန်းကို ဆက်မလုပ်စေချင်တာလား
TTW - သတ်္ထုတွင်းကိုတော့ မလုပ်နဲ့လို့ လုံးဝမတားဘူး။အစ်မတို့ ၂၄ ရွာတော့ ချမ်းသာဖို့ ရှိသေးတယ်လေ။အဲဒါဘယ်လိုလုပ်မလဲ။ဦးသာအေးက ပြောသေးတယ်။တစ်အိမ်ကို တစ်ယောက် အလုပ်ပေးမယ်။လုပ်မစားနိုင်တဲ့သူတွေ အတွက် ဘိုးဘွားရိပ်သာ လုပ်ပေးမယ်တဲ့။ဘိုးဘွားရိပ်သာက ဖယ်ပေးလိုက်ရတဲ့ ရွာတွေအတွက်ပဲလေ။သိမ်းထားတဲ့ ဧက က ၇၈၀၀ ကျော်သိမ်းထားတာ။ပါတဲ့ရွာ ၂၀ ကျော်အတွက် ဘယ်လိုစီစဉ် ပေးမလဲဆိုတော့ မလှုပ်တော့ဘူး။သူတို့ ဦးနှောက်ထဲ မထည့်ဘူး။သူတို့လုပ်ငန်း ၆ လရပ်ဆိုင်းရတာကိုပဲ ခေါင်းထဲထည့်ထားတာ။
ခြောက်လရပ်ဆိုင်းတာ ဘယ်လောက်နစ်နာတယ် မှတ်သလဲတဲ့။ အစ်မတို့ ဆုံးရှုံးတဲ့ လယ်ယာမြေတွေကတော့ တန်ကြေးမဖြတ်နိုင်ဘူး၊ ၆ လမက ၆ နှစ်မက နောင် အနှစ် ၆၀၀ အတွက်ကို ဒီမြေတွေက တန်ကြေးကို မဖြတ်နိုင်တာ။
မြေယာက ထွက်လာတဲ့ တန်ကြေးနဲ့ သတ်္ထုထွက်တာနဲ့ ဘယ်ဟာက တန်ကြေးပိုကြီးတာလဲ။ငါတို့ေ
မြယာက တန်ကြေးကြီးတယ်။သူတို့ထွက်လာတဲ့ သတ်္ထုက နှစ်ပေါင်းဘယ်လောက် ခံစားရမှာတုန်း။အဲဒီက ထွက်လာတဲ့ ဆိုးကြိုးကရော။အနီးစပ်ဆုံး ကံကုန်းကိုကြည့် (စံပါယ်တောင် သတ်္ထုတူးဖော်ရေး လုပ်ငန်းများ ရောက်ရှိလာပြီးနောက် ရေအခက်အခဲများနှင့် ရင်ဆိုင်နေရသည့်ရွာ ) ၊ ဒေသခံတွေ ချမ်းသာသလားဆိုတော့ တစ်နေ့တခြား ဆုတ်ယုတ်ပြီး တစ်နယ်တစ်ကျေး ထွက်ပြီး အလုပ်လုပ်နေကြရပြီ။ဘာမှ ကောင်းကျိုးမရခဲ့ဘူး။ဆိုးကြိုးချည်းပဲ။အစ်မတို့ကတော့ တားသင့်တားထိုက်တယ်လို့ ယူဆတယ်။
ဒီသယံဇာတတွေကို တိုင်းတပါးက ယူသွားပြီး ကျွန်မတို့ ရွာကောင်းကျိုး၊ နိုင်ငံကောင်းကျိုး မရှိဘူး။

Express Timesွှ-စီတန်းလှည့်လည်ခွင့် မရဘူးဆိုတော့ အစ်မတို့ ဘာဆက်လုပ်မလဲ။
TTW- မရရင် ထပ်တင်မယ်။ထက်တင်လို့မရရင် နောက်ဆုံး သမ်္မတ ဦးသိန်းစိန်အထိ သွားပြီး ဆန်္ဒပြမယ်။
Express Timesွှ-ကျွန်မတို့ ရွာထဲကို ၀င်လာတော့ ဘုန်းကြီးကျောင်းလည်း အဖျက်ခံထားရတာ တွေ့တယ်။စာသင်ကျောင်းလည်း ပိတ်ထားရတာတွေ့တယ်။ ဒီမှာ စာသင်နေတဲ့ ကလေးတွေ ဘယ်လိုအခြေအနေရှိသလဲ။
TTW - ၂၀၁၁ ဒီဇင်ဘာမှာ စပြီး ရွာဖျက်တော့တာ။ရွာမဖျက်ခင် ကတည်းက ကလေးတွေကို စာမသင်တော့တာ။ဆရာ ဆရာမတွေကိုလည်း ရွှေ့သွားတဲ့ ရွာကို ခေါ်သွားတာ။စာအုပ်၊ စာတန်းတွေကိုလည်း ရွာခံတွေ မသိအောင် ခိုးသွားကြတာ။သိရင်လည်းတားမှာ။ ကျန်ခဲ့တဲ့ ကလေးတွေက ၂ မိုင်လောက်ဝေးတဲ့ အဲဒီမှာ သွားသင်ရတယ်။နောက်တော့ မိဘတွေကလည်း ရွာကစဉ်ကလျားဖြစ်တော့ စိတ်နာတာနဲ့ သင်မနေနဲ့တော့ ဆိုပြီး တစ်ပိုင်းတစ်စနဲ့ ရပ်လိုက်ရတယ်။
စာမေးပွဲ ဖြေမယ်ဆိုတော့တိုင်းပညာရေးမှုး ရောက်လာတယ်။
စာမေးပွဲ ဖြေဖို့ပြောလာတယ်။နောက်ရက်မှာ စာမေးပွဲဖြေတော့ ၄ တန်းကျောင်းသား တစ်ယောက်ကို တစ်ရက်တည်းနဲ့ ဘာသာစုံဖြေခိုင်းဖို့ လာခေါ်တယ်။ဒီကလေးက ကျောင်းက ဒီဇင်ဘာကတည်းက မသင်ရတာ တစ်ရက်တည်းနဲ့ ဖြေနိုင်ပါ့မလား။မဖြေနိုင်မယ့် အတူတူ ပြန်ခေါ်လာတယ်။အဲဒီနှစ်က ၇ ယောက် မဖြေရဘူး။
Express Times -အချို့တွေတော့ ပြောင်းပြီး အစ်မတို့က ဘာလို့မပြောင်းတာလဲ။
TTWျွှ- သူတိုကလည်း ကြောက်လို့ ပါသွားတာ ရှိတယ်။အချို့လည်း မဖြစ်မနေမို့လို့ပေါ့။အစ်မတို့က ကိုယ့်ဒေသနဲ့ ကိုယ်မှ အဆင်ပြေတာလေ။အစ်မတို့မှာ နွားဆယ်ကောင်ရှိတယ်။လယ်
ယာမြေကလည်း နီးနီးနားနားဆိုတော့ ဒီနွားဆယ်ကောင်က ကိုယ်ကျောင်းကျွေးလို့ရတယ်လေ။
ဟိုသွားပါပြီတဲ့ ။ သူများနယ်။သူများဒေသ၊ အိမ်ဝန်းလေးက ကျဉ်းကျဉ်းလေးရယ်။အစ်မတို့ နွားတွေနဲ့ ဘယ်နေရာမှာသွားပြီး စားကျက်လုပ်မှာလဲ။ပြောင်းဖု
ိ့ရာ မဖြစ်နိုင်ဘူး။ပြောင်းခိုင်းတိုင်း မပြောင်းနိုင်တာလဲ အမှန်ပဲ။
သူတို့ပြောတာကတော့ နိုင်ငံတော် တိုးတက်ရေးတဲ့။နိုင်ငံတော် တိုးတက်ရေးဆိုရင် ကျွန်မတို့ရွာကို ရွှေ့ပေးလိုက်မယ်။နိုင်ငံတော
်ရဲ့ တိုးတက်မှုနှုန်း ဘယ်လောက်ရှိနိုင်တုန်း။ရှိနိုင်တယ် ဆိုတဲ့သူကို အစ်မက လက်မှတ်ထိုးခိုင်းမှာပဲ။သတ်္တုတွင်း လုပ်သွားလို့ မြန်မာနိုင်ငံ ဘယ်နေရာမှာ တိုးတက်မှုနှုန်း ရှိသွားသလဲ။ဆုတ်ယုတ်သွားတာပဲ ရှိမှာ၊အကောင်းကနေ မကောင်းတာပဲဖြစ်တာ၊
Express Timesွှ-ဒါဆို ဒီစီမံကိန်း ၀င်ရောက်လာတော့ အစ်မတို့ရွာအပေါ် ဘယ်လိုသက်ရောက်မှုမျိုး ရှိလာသလဲ။
TTW - ဒီစီမံကိန်းဝင်တာနဲ့ ဘုန်းကြီးကျောင်းတွေ ဖျက်စီးခံလိုက်ရတယ်။တိုင်းတပါးလက်အောက် ရောက်တုန်းက
တောင် ဘုန်းကြီးကျောင်းတွေ ဖျက်စီးတာ မခံခဲ့ရဘူး။အစ်မတို့မှာ လက်ပတောင်း တောရကျောင်းဆိုတာ ကြီးကြီးကျယ်ကျယ် ရှိခဲ့တာလေ။ဘုန်းကြီးကျောင်းက ရွာက ကိုယ်ထူကိုယ်ထ လှူထားခဲ့တဲ့ကျောင်း အဲဒီတောင်ကြီးမှာ လယ်တီဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့ သိမ်တွေ ဘုရားတွေရှိတယ်။ဆရာတော်ဘုရားကြီး မရှိခင်နော်ကမှာလဲ ဆရာတော်အဆက်ဆက် သတင်းသုံးလာခဲ့ကြတာ။လက်ပတောင်းတောင် ကြေးနိစီမံကိန်းကြောင့် အကုန်လုံး အဖျက်စီးခံလိုက်ရတာ။စေတီနဲ့ သိမ်ပတ်ဝန်းကျင်က မြေတွေကို ကုတ်လိုက်တော့ စေတီနဲ့ သိမ်က ထီးထီးကြီးကျန်ခဲ့တာ။မိုင်းခွဲတော့ မြေတုန်ပြီး အလိုလိုပြိုကျအောင် သူတို့လုပ်ထားတာ။
ရပ်ရွာဖျက်စီးခံလိုက်ရတယ်။အ
စ်မတို့ ပညာမတတ်လို့ ကလေးတွေ ပညာအရမ်းတတ်စေချင်တာ ၊ အဲဒီနှစ်က ကလေးတွေ ပညာမသင်လိုက်ရဘူး။တန်ကြေးမဖျက်နိုင်တဲ့ အစ်မတို့မြေယာတွေကို သတ်္ထုအတွက်နဲ့ တန်ကြေးဖြတ်ခံရတယ်။အဲဒါကြောင့် ဒီစီမံကိန်းက တိုးတက်ရေးမဟုတ်တာတော့ သေချာတယ်။
Express Timesွှ - နောက်ပြောင်းတဲ့ အိမ်တွေကိုရော ဘယ်လိုပုံစံနဲ့ လုပ်ပေးမယ့်လို့ အစ်မတို့ကို ပြောသလဲ
TTW - အိမ်တွေ လာတိုင်းတုန်းကတော့ ဒီထက်ကောင်းတဲ့ ပုံစံနဲ့ ဒီခြံအကျယ်အ၀န်းအတိုင်း လုပ်ပေးမယ်လို့ပြောတယ်။ပြီးတော့ သူတို့ လုပ်ချင်သလိုလုပ်သွားတာ။
Express Times -မကျုးကျော်ရဆိုပြီး ပုဒ်မ ၁၄၄ ထုတ်တာကရော။
TTW - အဲဒါကိုမေးတော့ ၁၄၄ က နှစ်လတစ်ကြိမ်ထုတ်နေကြတဲ့။ အစ်မအသက် ၂၉ နှစ်ရှိသွားပြီ။တစ်ခါမှ မကြားဖူးဘူး။
Express Times -အစ်မ ၀န်ကြီးချုပ်နဲ့ တွေ့တာတောင် အဆင်မပြေဘူးဆိုတော့ အစ်မဘယ်လိုဆက်လုပ်မလဲ
TTW - အစ်မ ပွင့်ပွင့်လင်းလင်း ပြောရရင် ၀န်ကြီးချုပ်လည်း အယုံအကြည် မရှိဘူး။ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ပြောပြသင့်တာက ရွာသူရွာသားတွေ မရေလည်တာတွေကို ရှင်းပြသင့်တာ။မဟုတ်ဘူး။လှုပ်လှုပ်ရှိရင် မြေယာတွေ လျော်မ
ပေးနိုင်တော့ဘူး။ဘာလို့လျော်မပေးနိုင်လဲဆိုရင် နောက်ကုမ္မဏီ
တွေမှာလည်း ဒီလိုလုပ်ထားတာ ဒီလိုလျော်ပေးရမှာပဲပြောတယ်။ အဲဒါတောင်မှ နင်တို့ဘက်က မဲတွေပေးလို့ နင်တို့ဘက်ကို ရပ်တည်တာတဲ့ ။အဲဒီလို ရပ်တည်တဲ့သူက ဒီစကားထွက်သလား။လုံးဝ အယုံအကြည်မရှိဘူး။
ကျွန်မတို့ရွာ ဒီဇင်ဘာလကတည်းက အဖျက်စီးခံရတာ ဘာလို့ လာမရှင်းပေးတာလဲဆိုတော့ ငါလာရှင်းပေးရင် မျက်နှာပျက်မှာပေါ့လို့ ပြောတယ်။
တရုတ်တွေကော့ပြတာနဲ့ ပတ်သတ်ပြီး ပုဂံ-ညောင်ဦးမှာ နိုင်ငံခြားသား တစ်ယောက်ကို စော်ကားလိုက်လို့ သေစားသေစေ ဒဏ်ပေးခံရတယ်။အခု ဧည့်သည်က အိမ်ရှင်ကို စော်ကားတာကျတော့ ဘယ်လိုတာဝန်ယူမလဲဆိုတော့ အဒါတိုင်ပေါ့။တရားရုံးက စီရင်လိမ့်မယ်။ငါတို့နဲ့ မဆိုင်ဘူးတဲ့။

Express Times -ဒါနဲ့ပတ်သတ်ပြီး အစ်မတို့အနေနဲ့ ဘာပြောချင်တာရှိပါသေးလဲ။
TTW - အစ်မတို့ကတော့ တိုင်းတစ်ပါးလက်ထပ်ကတောင် အဖျက်မစီးခံလိုက်ရတဲ့ ရွာတွေ၊ ကလေးတွေရဲ့ ပညာရေးတွေ၊ အဖိုးမဖြတ်နိုင်တဲ့ မြေတွေကြောင့် ဆက်လုပ်မယ်။မကျေနပ်လို့ ဆန်္ဒထုတ်ဖော်ခွင့်လည်း မရဘူး။ဘာအမှုရှိလို့ညာအမှုရှိလို့နဲ့။တရုတ်က ကော့ပြတာကြ
တော့အရေးယူတာမရှိဘူး။သူတို့အပြစ်ကြတော့ဖုံးဖိထားတယ်။
အစ်မတို့က ဆက်ကိုလုပ်မှာ။အောင်မြင်သည်အထိ လုပ်မှာ။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: