လူ့ မြေနေရာကို တိရိစ္ဆာန် စားကြက်မြေပြောင်းဖို့ လုပ်လို့  ဒုက္ခရောက်နေသော ပြည်သူများ

ဦးပိုင်ကြောင့် မုံရွာမြို. ပြည်သူတွေဒုက္ခရောက်နေကြ
 မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ၀က်မှေးကျေးရွာနှင့် ရွှေလှေကျေးရွာတို့မှ ဒေသခံအမျိုးသမီး ၁၂ဦးအား စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၁ နာရီခန့်တွင် ယာယီဖမ်းဆီးခဲ့ခြင်းဖြစ်၍၊ ပြန်လွတ်မြောက်လာသူ ကိုးဦးမှာ ရဲစခန်းတွင် ၁၂နာရီနီးပါး နေခဲ့ရခြင်းဖြစ်သည်။ ကျန်ရှိနေသူသုံးဦးကို ထပ်မံလွှတ်ပေးရန်အတွက် ၄င်းတို့လွတ်မြောက်ရေး တောင်းဆိုသူများက ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။

မုံရွာမြို့လယ် အချို့နေရာများတွင် ယနေ့နံနက်၌ လုံခြုံရေးကို တင်းကျပ်စွာချထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားမှုကြောင့် ထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အပြစ်မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7Day News မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
7Day News Journal

ဓာတ်ပုံ - မျိုးမင်းဦး





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: