ဒေါ်အောင်ဆန်းစုကြည်နှင့်နယူးယောက် မြန်မာများတွေ့ဆုံပွဲတွင်တွေ့ရသော ဒီပဲယင်း အရေးအခင်းမှ သူရဲကောင်း

 တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၂၃၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်တွင် တွေ့ဆုံပွဲကို လက်သီးဆုတ်ပြီး ဝင်လာသူက ကိုတိုးလွင် ဖြစ်ပါတယ်။ သူဟာ ဒီပဲယင်း အရေးအခင်းမှာ အမေ့ကို ရိုက်တဲ့ ဝါးရင်းတုတ်ကို ခေါင်းထိုးခံလိုက်လို့ တစ်ခေါင်းလုံး အကွဲခံပြီး အန်တီ အသက်ကို ကယ်လိုက်သူပါ။

ဒီပဲယင်းမှာအရိုက်ခံရပြီး ပျောက်နေလို့မိသားစုကဆွမ်းတောင်
သွတ်လိုက်ပါတယ်။ နောက်မှ ထောင်ထဲကနေ ပြန်လွတ်လာ
တယ်။ အခု ဆန်ဖရန်စစ်စကို ရောက်နေပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က ဝါရှင်တန် မိသားစုနဲ့တွေ့ဆုံပွဲအပြီး သူ့ကို မိုက်ကလိုဖုန်းနဲ့ ကိုတိုးလွင်ရှေ့ကိုလာပါ ဆိုပြီး ကျေးဇူးတင်စကား ဆိုတယ်။ ဘလက်လစ် ဖျက်တဲ့အထဲ ပါမပါ မေးရှာပါတယ်။ ကိုတိုးလွင်ဟာ တကယ့် သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။


Zaw win Facebook




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: