ရေညှိ မတက်တဲ့ လမ်းမ


ရေညှိ မတက်တဲ့ လမ်းမ 
ဟုတ်လား
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း
၅၀ စွန်းခဲ့ပကော။ ဟုတ်လို့ လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက် ရှာဖွေ။ မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေး နီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန် တေးဆိုကြလိမ့်မယ်။ ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။ အေး
ဟုတ်တယ်
ဓား ဓားချင်း လှံလှံချင်း ပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။ 
 မောင်လွမ်းဏီ
၃၁ - ၇ - ၂၀၁၂




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: