ရန်ကုန်တိုင်း၊ ၀ါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည် စက်ရုံမှာ စက်ရုံဝင်းအတွင်းရော အပြင်မှာပါ အလုပ်သမား ၄၀၀ နီးပါးလောက်က အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဖက်သဘောတူ ချုပ်ဆိုထားတဲ့ အချက် (၈) ချက်ပါဝင်တဲ့ စာချုပ်ကို အလုပ်ရှင်ဘက်က မလိုက်လျောလို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ရန်ကုန်တိုင်း၊ ၀ါးတစ်ရာစက်မှုဇုန်ရှိ တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမားများ ဆန္ဒပြ တောင်းဆိုနေစဉ်။
    
    စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို 
ပြိုကွဲနိုင်တဲ့ ရည်ရွယ်ချက်မျိုးတွေနဲ့ လုပ်တဲ့ကိစ္စတွေကိုလည်း 
အလုပ်သမားတွေက မကျေနပ်ကြဘူးလို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမားတစ်ဦးက RFA 
ကို အခုလို ပြောပါတယ်။
အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကတော့ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပေးရေး၊ လူမှုဖူလုံရေးကတ်တွေကို တစ်ပတ်အတွင်း ထုတ်ပေးရေး၊ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အလုပ်ခိုင်းရင် တစ်နေ့တာရဲ့ လုပ်ခကို နှစ်ဆပေးရေး စတဲ့အချက်တွေ အပါအ၀င် အချက် (၈) ချက်ကို တောင်းဆိုခဲ့တာပါ။
    
    
"အလုပ်သမားတွေက တောင်းဆိုထားတယ်လေ။ အချက် 
(၈) ချက်ကို မြို့နယ်လူကြီးတွေရှေ့မှာ လက်မှတ်ထိုးပြီး သဘောတူပြီးမှ 
ဘာမှလိုက်လျော မပေးဘူးပေါ့နော်။ အဲဒါတွေကို အလုပ်သမားတွေက ဒီနေ့ 
ဆန္ဒဖော်ထုတ်တာပေါ့။  အလုပ်သမားအဖွဲ့အစည်း ပျက်စီးသွားအောင် ရည်ရွယ်ချက်နဲ့ 
ဒီခေါင်းဆောင်ပိုင်းတွေရော၊ အဖွဲ့ဝင်တွေကိုရော အပြင်ဆိုဒ်တွေကို 
လူပြန့်သွားအောင် ရည်ရွယ်ချက်နဲ့ သူတို့က လွှတ်တယ်ပေါ့။ အဲဒါတွေကိုလည်း 
အလုပ်သမားတွေက  လက်မခံချင်ဘူးပေါ့နော်"
တော်ဝင်သစ်အချောထည် စက်ရုံမှာ အလုပ်သမား ၇၀၀ နီးပါးခန့်ရှိပြီး 
စက်တင်ဘာလ (၁၃) ရက်နေ့မှာ စက်ရုံတွင်း အလုပ်သမား (၅၀) နီးပါးလောက်က အချက် 
(၈) ချက်ကို နောက်ဆုံးဆန္ဒပြ တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က လိုက်လျောဖို့
 သဘောတူညီခဲ့ပေမယ့် အခုအချိန်အထိ မရသေးတဲ့အတွက် အလုပ်သမားတွေက  ဒီနေ့ထပ်မံ 
ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကတော့ အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပေးရေး၊ လူမှုဖူလုံရေးကတ်တွေကို တစ်ပတ်အတွင်း ထုတ်ပေးရေး၊ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အလုပ်ခိုင်းရင် တစ်နေ့တာရဲ့ လုပ်ခကို နှစ်ဆပေးရေး စတဲ့အချက်တွေ အပါအ၀င် အချက် (၈) ချက်ကို တောင်းဆိုခဲ့တာပါ။
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment