ဒေါ်အောင်ဆန်းစုကြည်နှင့် VOA ဆွေးနွေးခန်း

အဓိက ပြောချင်တဲ့ စကားကတော့ ကျမတို့ဟာ ဒီမိုကရေစီ အပြည့်အ၀တော့ မရသေးဘူး။ ကျမတို့ဟာ ဒီမိုကရေစီ လမ်းကို စပြီးတော့ လျှောက်နေပြီ။ အဲဒီတော့ ကျမတို့ဟာ ဒီမိုကရေစီ လမ်းကို စပြီးတော့ လျှောက်နေပြီ ကျမတို့ နိုင်ငံဟာ တကယ့်ကို ဒီမိုကရေစီကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ချင်လို့ရှိရင် ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာချင်လို့ရှိရင် လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ အဲဒီလုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုဟာ မိတ်ဆွေကောင်း တဦး အနေနဲ့ ကျမတို့နဲ့ ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်တာကို ကျမတို့ အနေနဲ့ လိုလားတယ် ... ဒေါ်အောင်ဆန်းစုကြည် . ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: