နှင်းဆီတမ်းချင်း (ကဗျာ)


နှင်းဆီတပွင့်
ကြွေသွားတယ်၊
ပန်းခင်းထဲမှာတော့
နှင်းဆီဖူးငုံတွေ
ကျန်နေဆဲ။
နှင်းဆီတခင်း
ပျက်သွားတယ်၊
နှင်းဆီခင်းတွေက
နေရာအနှံ့
ရှိနေဆဲ။
ကဲ- မိတ်ဆွေတို့ရေ၊
နှင်းဆီမျိုးတုန်းပြီလို့
ဘယ်သူပြောရဲသလဲ။

ခင်မမမျိုး (၂၄၊ ၉၊ ၂၀၁၂)
(ကြွေလွင့်ခဲ့သော နှင်းဆီနီတပွင့်သို့)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: