အဆီကျချင်လား




21 September 2012  |By Health Digest
ဆရာဝန်က သင့်သွေးထဲမှာ ကိုလက် စထရောလ်လို့ ခေါ်တဲ့ သွေးတွင်း အဆီ ဓာတ်တွေ များနေပြီလို့ သင့် ကို ပြောနေပြီလား။ ဒါမှမဟုတ် ကိုယ် အလေးချိန် တွေ တအားတိုးပြီး ဝမ်းဗိုက်ကြီး စူထွက် လာတဲ့ အခါမှ အဆီချ ရတော့မယ်၊ အနေအထိုင်၊ အစား အသောက်တွေ ပြောင်းမှ ဖြစ်တော့မယ်လို့ သိလာ ပါလိမ့်မယ်။
မဟုတ်ရင်တော့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အ သည်းအဆီဖုံး စတဲ့စတဲ့ မဆုံးနိုင်တဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါတွေ တစ်သီတစ်တန်းကြီး ခံစားရပါတော့ မယ်။ တွေးမိရင် ကြက်သီးထစရာကြီးပါပဲ။
သွေးထဲမှာ တကယ့်ကို အဆီချိုးတွေဖြစ်တဲ့ကိုလက်စထရောလ် ဆိုးLDL နဲ့ ထရိုင်ဂလစ်စရိုက် (Triglycerides) ပမာဏတွေ တက် လို့ ဆရာဝန်က သွေးတွင်းအဆီချ ဆေးတွေ ပေးသော်ငြားလည်း ဆေး တစ်ခုတည်းနဲ့ အဆီကျဖို့ မလုံ လောက်သေးပါဘူး။ စားသောက်မှု၊ နေထိုင်မှုပုံစံတွေကိုပါ ပြောင်းလဲရ တော့မှာ ဖြစ်ပါတယ်
။ ဒါ့အပြင် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား နေထိုင်ရတော့မှာ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အောက် ဖော်ပြပါ ရိုးရှင်းလွယ်ကူသောအချက် လေးတွေကို လိုက်နာသင့်ပါတယ်။
(၁) ကိုလက်စထရောလ် အဆိုးနှင့် အကောင်း
လူ့ခန္ဓာကိုယ်ကြီး ပုံမှန် အလုပ် လုပ်ဖို့ ကိုလက်စထရောလ် အနည်း ငယ် လိုအပ်ပါတယ်။ ဒါပေမယ့် ယခုအခါမှာ လူတွေဟာ ဆီကြော် အစားအစာတွေကိုချည်း အရသာရှိရှိ စားပြီးရင်းစားနေပါတယ်။ ဒီ့အပြင် ကောင်းပေ့ဆိုတဲ့ အစားအစာမှန်သမျှ လည်း ပြည့်ဝဆီနဲ့ မကင်းလှပါ။ နေ့စဉ် အိမ်မှာ ထမင်းဟင်းမချက် နိုင်ဘဲ စားသောက်ဆိုင်မှာ ဝယ်စား သူတွေဟာ စားအုန်းဆီတွေကို စားသုံးမိနေမှာ ဖြစ်ပါတယ်။ဆိုလို ချင်တာကအဲဒီအစားအစာတွေထဲမှာမကောင်းတဲ့ကိုလက်စထရောလ် တွေဖြစ်တဲ့LDL များစွာပါဝင်နေတာ ကြောင့်သွေးတွင်းကိုလက်စထရောလ် ပမာဏ မြင့်တက်စေရန် အကြောင်း ဖန်နေပြီဆိုတာ သိရမှာဖြစ်တယ်။ ကောင်းတဲ့ ကိုလက်စထရောလ် HDL များကတော့ သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောလ် LDL ပမာဏများကို လျော့ကျသွား စေနိုင်ပါတယ်။HDL မြင့်လေ ကောင်းလေပါပဲ။
LDL ကတော့သွေးလွှတ်ကြောနံရံတွေထဲမှာ အဆီ ချိုးတွေ ကပ်စေတာမို့ မကောင်းဘူး လို့ ပြောရခြင်းဖြစ်တယ်။HDLက LDL တွေကို ရှင်းပေးနိုင်တယ်ဆိုတော့ သူများလေ၊ ပိုကောင်းလေ လို့ ဆိုရပါမယ်။ ဒါကြောင့် LDLပမာဏ များပြားစွာ ပါဝင်တဲ့ အစားအစာများ ကို စားပေးပါ။ LDL ကျအောင် အဆီဓာတ်မြင့်မားတဲ့ အစားအစာ တွေ ရှောင်ရပါလိမ့်မယ်။
(၂) အသားဓာတ် ထိန်းချုပ်ပါ
အနောက်နိုင်ငံသား အများစုဟာ အစားအစာများကို တရားလွန် စားလေ့ရှိပါသတဲ့။ စားသောက်ဆိုင် အချို့မှာ Supersize Breakfast ဆိုပြီး ပန်းကန်ပြားအကြီးကြီးထဲမှာ အသားမျိုးစုံ၊ ကြက်ဥကြော် ၅ လုံး၊ ပေါင်မုန့်၊ ကွတ်ကီး၊ ဝက်အူချောင်း ကြော်တွေ၊ အသားလုံးကြော်တွေ စသည်ဖြင့် လူငါးယောက်စာ နံနက် စာကို တစ်ယောက်တည်းစားဖို့ ရောင်းချပေးတာမျိုး ရှိပါတယ်။
အဲဒီဆီကြော်အစားအစာတွေပေါ်မှာ မရောနီးစ် ဒါမှမဟုတ် ချိစ်တွေ လောင်းပြီး အားရပါးရ စားနေကြတာ တွေ မြင်ဖူးပါတယ်။ ဒီလိုလူတွေမှ အဆီမတက်ရင် ဘယ်သူအဆီတက် မလဲ။ ဒါကြောင့် သူတို့ခန္ဓာကိုယ်ကြီး တွေဝနေတာပေါ့။ မြန်မာလူမျိုးများက အနောက်နိုင်ငံက သူတွေလောက် အစားအသောက်မမက်ပေမယ့် အ သားဓာတ်စားသုံးမှုကို ထိန်းချုပ်ဖို့ တော့ လိုအပ်ပါတယ်။
(၃) သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပိုစားပေးပါ
ကိုယ်အလေးချိန် ကျချင်လို့ ထမင်းအများကြီး မစားချင်ဘူးဆိုရင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ကို ဗိုက်ပြည့်အောင်စားပေးနိုင်ပါ တယ်။ ဟင်းသီးဟင်းရွက် အစားများ ရင် ဗိုက်နာတယ်လို့ တချို့က ဆိုပါတယ်။ ဒါ့ကြောင့် ဗိုက်ပွစေ၊ လေအောင့်လေနာဖြစ်စေတဲ့ အရွက် မျိုး သတိထားရှောင်ပါ။
ဟင်းသီးဟင်းရွက်များမှာ ဗီတာမင်မျိုးစုံ နှင့် သတ္တုဓာတ်ခေါ် သက်စောင့် ဓာတ် အဖုံဖုံပါဝင်နေလို့ အသက်ရှည် နုပျို ကာ အသားအရေလှပကောင်းမွန် အောင် ထိန်းထားပေးနိုင်ပါတယ်။ အချို ဓာတ်လွန်ကဲသော၊အချဉ်ဓာတ်လွန် ကဲသော သစ်သီးဝလံများကို လည်း သင့်တင့်မျှတစွာစားသုံးပေးပါ။ အချဉ် ဓာတ်ပါတဲ့ သစ်သီးဝလံများဟာ သွား တွေကို ကြံ့ခိုင်လှပစေနိုင်ပါတယ်။
(၄) ကျန်းမာရေးလေ့ကျင့်ခန်း
လှပနေရုံဖြင့် မပြီးဆုံးသေးပါ။ ဗိုက်ချပ်၊ အရပ်ရှည်၊ အသားအရေ လှပပြီး သက်ရှည်ကျန်းမာဖို့လည်း လိုအပ်ပါတယ်။ ဒါတွေကတော့ ရှေ့မှာဖော်ပြခဲ့သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုများ နှင့် အမြဲနေထိုင်သင့်ပါတယ်။
အစား အစာတွေ ရှောင်ပြီး လှုပ်ရှားမှုမရှိပါက အသားအရေ ကျစ်ကျစ်လျစ်လျစ် မရှိဘဲ ပျော့တိပျော့တွဲ ဖြစ်လာနိုင် တယ်။ အသက်ကြီးလာတာနဲ့အမျှ အသားအရေတင်းရင်းမှု လျော့နည်း လာတာ ပိုမိုသိသာလာပါတယ်။
လှယမင်းတင်

No comments: