ရောမတို့  ၏ ရှေးပြက္ခဒိန်စံနစ်တွင် တစ်နှစ်လျင် ၃၅၅ ရက်သာ ရှိခဲ့သည်။ ၂ နှစ်  သို့မဟုတ် ၄ နှစ်လျင် တစ်ကြိမ် လတစ်လကို ထည့်ပေါင်းပါသည်။ ထိုသို့ ပြုလုပ်  ခြင်းဖြင့် တစ်နှစ်လျှင် ရှိသည့် ရက်ပေါင်း ၃၆၅ ရက်နှင့် ကိုက်ညီမှု  ရှိအောင် ချိန်ညှိခဲ့ပါသည်။ ရောမတို့ ၏ ပြက္ခဒိန်စံနစ်သည် ကမ္ဘာက နေကို  တစ်ပတ်ပတ်မိသည့် အချိန် (တစ်နည်း နေသွားလမ်းကြောင်း တစ်ပတ်ပြည့် သည့်  အချိန်) ကို သာ အဓိက အခြေပြု သတ်မှတ်ထားသည်။ ထို့သို့ နေကို  အခြေပြုသတ်မှတ်သည့် စံနစ်ကို solar calendar စံနစ်ဟု ခေါ်ပါသည်။ BC ၄၆ ခု  မှာတော့ ရောမ ဘုရင် ဂျူးလိယက် ဆီဇာ (Julius Caesar) ဟာ ပြက္ခဒိန်  စံနစ်တစ်ခုကို သတ်မှတ်ပါ သည်။ ထိုစံနစ်အရ ၃၀ နှင့် ၃၁ ရက်စီ အသီးသီး  ရှိကြသော လပေါင်း ၁၂ လပါဝင် ပြီး လေးနှစ် တစ်ကြိမ် ဒုတိယမြောက် လကို ၁  ရက်ပေါင်းကာ နေသွားလမ်းကြောင်း နှင့် ကိုညီစေရန် လုပ်ခဲ့သည်။  သတ်မှတ်ခဲ့သည့် လများအနက် ၅ လမြောက် လဖြစ်သည့် ဂျူလိုင်လသည် ဆီဇာ  အားအစွဲပြုပြီး သူ့အမည် ပေးခဲ့သည့် လဖြစ်သည်။
ဆီဇာ  ကွယ်လွန်ပြီးသည့် နောက် သူ့အရိုက် အရာကို ဆက်ခံသည့် ဩဂုစတတ် (Augustus  Caesar) သည် ဆီဇာ့လ (ဂျူလိုင်) လနောက်မှ လကို သူ၏ အမည်ပေးခဲ့သည်။ ရက်ပေါင်း  ၃၀ သာ ရှိသည့် ဩဂုတ်လကို ဂျူလိုင် ကဲ့သို့ ၃၁ ရက်ဖြစ်ချင်သဖြင့်  ဒုတိယမြောက် ဖေဖေါ်ဝါရီ လမှ တစ်ရက်ကို ထုတ်နှုတ်ပြီး ဂျူလိုင် လအတွင်း  ထည့်သွင်း လိုက်သည်။ ထို့ကြောင့် ဖေဖေါ်ဝါရီလသည် ၂၉ ရက်ဖြစ်သွားရ လေသည်။  ဆီဇာ သတ်မှတ်ပြဌာန်းခဲ့သော ထိုပြက္ခဒိန် စံနစ်ကို ဂျူလီယန် ပြက္ခဒိန်  (Julian Calendar) ဟု ခေါ်ပါသည်။ ထိုပြက္ခဒိန်သည့် တစ်နှစ်လျှင် ရှိသည့်  ရက်ပေါင်း ၃၆၅.၂၅ ရက်နှင့် ကိုက်ညီစေရန် စီစဉ်ခဲ့ သည့် စံနစ်ဖြစ်သည်။
ကမ္ဘာ မှ နေကို တစ်ပတ်ပြည့် အောင် ပတ်ရသည့် အချိန်သည် ၃၆၅.၂၄၂၁၉၉ ကြာသည် ဖြစ်ရာ အနီးစပ်ဆုံးယူထားသည့် ဂျူလီယန် ပြက္ခဒိန်သည်။ ၀.၀၀၇၈၀၁  ရက်ပိုများနေသည်။ ကနဦးတွင် သိသာသည့် ကွာခြားမှု မဟုတ်သော်လည်း နှစ်ပေါင်း  ၁၂၈ နှစ်ကြာလျှင် ကွာခြားမှုမှာ ၁ ရက်နှုံးဖြစ်ရာ အေဒီ ၁၅၈၂ ခု  ရောက်သည့်အခါ ၏နှစ်ပတ်ကျော်ခန့် ပိုကြာ လာပါ တော့သည် ။ ရောမသာသနာ  ပိုင်ဖြစ်သူ ပုပ်ရဟန်း မင်းကြီး ၁၃ ယောက်မြောက် ဂရီဂိုရီ (Pope Gregory the  13th) သည် ထိုကွာဟမှု ကို ချိန်ညှိပြီး အားနည်းချက်ကို  ပြုပြင်ပေးခဲ့ပါသည်။
ဂရီဂိုရီက  ရက်ထပ်နှစ်ကို လေးနှစ် တစ်ကြိမ် သတ်မှတ်သော်လည်း နောက်တွင်  သုညနှစ်လုံးနှင့် ဆုံးသည့် နှစ်များ (၁၇၀၀... ၁၈၀၀... ၁၉၀၀.... စသည့်)  နှစ်များ ဖြစ်ခဲ့ပါက ရက်ထပ်နှစ်ကို တစ်ရက် မတိုးရတော့ပါ။ သို့သော် သက္ကရာဇ်  ၂၀၀၀ ကဲ့သို့ ရာစု ပြည့်နှစ်များ မှာမူ အကျုံးမဝင်ပါ။ ဤနည်းဖြင့် အနှစ်  ၄၀၀ ကြာတိုင်း ပိုထွက်လာမည့် ရက် ထပ်ရပ် ၃ ရက်ကို လျော့ချပစ်နိုင် ခဲ့သည်။  ထိုပြက္ခဒိန် စံနစ်သည် ကျွန်တော်တို့ ယ္ခုသုံးနေသည့် ဂရီဂိုရီယမ် ပြက္ခဒိန်  စံနစ် (Gregorian Calendar) ပင် ဖြစ်ပါတော့သည်။
ဂရီဂိုရီယမ် အရ  သက္ကရာဇ်သည့် ခရစ်တော် ဖွားမြင်သည့် နှစ်မှ စတင် ရေတွက်ခဲ့ သည့် ခရစ်  သက္ကရာဇ် ခုနစ်ဖြစ်သည်။ သည့်နောက်ပိုင်းတွင်လည်း ပြက္ခဒိန်ရက်များကို  ချိန်ညှိမှုများ ရှိခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာ အဝှမ်း  ပြက္ခဒိန် ရက်များကို ပြောင်းလဲ သတ်မှတ်ခဲ့မှုကြောင့် အမေရိကန် သမ္မတ  ဂျော့ချ် ဝါရှင်တန်၏ မွေးနေ့ မှာ ဖေဖေါ်ဝါရီ ၁၁ ရက်မှ ဖေဖေါ်ဝါရီ ၂၂  ရက်ဖြစ်သွားခဲ့ ရသည်။ 
အနောက်တိုင်းသုံး  ပြက္ခဒိန် စံနစ်သည် နေသွားလမ်းကြောင်း တစ်ပတ်ပြည့်သည့်ကာလကို  တစ်နှစ်အဖြစ်စံထားပြီး လများကို စိတ်ပိုင်းသတ်မှတ် ခဲ့သော်လည်း  တရုတ်  လူမျိုး များ သည် လတစ်လ ကာလကို လသွားလမ်းကြောင်း တစ်ပတ်ပြည့်မှု အဓိက ထား  သတ်မှတ် ကြသည်။ ထိုသို လနှင့် သတ်မှတ်သည့် စံနှစ်ကို  Luna Calendar  ဟုခေါ်သည် ။ အခြား အာရှ နိုင်ငံများဖြစ်သည့် အိန္ဒိယ  ၊ မြန်မာ ၊ ထိုင်း၊ လော စသည့် နိုင်ငံများနှင့် နှင့် ဂျူးလူမျိုး များမှာမူ  လတစ်လကို လပတ်လမ်းကြောင်း တစ်ပတ်ပြည့်မှုနှင့် သတ်မှတ်ပြီး နှစ်တစ်နှစ်ကို  မူ နေပတ်လမ်းကြောင်း နှင့် သတ်မှတ် ကြသည်။ ထို သို့ပေါင်းစပ် သတ်မှတ်သည့်  ပြက္ခဒိန် စံနစ်ကို Luni-Solar Claendar စံနစ်ဟု ခေါ်ပါသည်။
No comments:
Post a Comment