မျက်ကန်းတစ္ဆေမကြောက်

တခါ က လူနှစ်ယောက်ရှိတယ် ။ တယောက်က မျက်စိမမြင်တဲ့ သူ ၊၊
ဒါပေမယ့် ဥာဏ်တော့ ရှိတယ်။သူ့  နာမည်ကဖိုးဥာဏ်တဲ့  ၊ နောက်တယောက် တော့ဗလကောင်းကောင်းနဲ့ လူပဲ ။ဆိုးတာက သူကဥာဏ်တော့ မရှိဘူး။ အဲ့  သူသိတာတစ်ခုတော့ရှိတယ် အဲ့ ဒါ ဖိုးဥာဏ်ကိုဆရာတင်ရမယ်ဆိုတာပဲ .။သူ့ နာမည် ဗလတဲ့  ။ သူတို့ကအတွဲ့ တော့ ညီသား။ ဗလ ကဖိုးဥာဏ်ကိုဂုန်းပိုး ပြီးသွားတတ်သလိုဖိုးဥာဏ်တော့ဗလပြောတာနားထောင်ပြီးဆံုးဖြတ်ပေးတတ်တယ်။ဘယ်လောက်တောင်လဲဆိုတော့ တခါ ကသူတို့ညပိုင်းကြီးပြန်လာတာ ဗလ က“ ဟေ့ ကောင်ဖိုးဥာဏ်ငါတို့ဆီကိုခပ်လင်းလင်းဟာကြီးနှစ်ခုပြေးဝင်လာတယ်”
ဖိုးဥာဏ်ကစဉ်းစားပြီး“ဘယ်လိုဟာလဲဟ ”
” ခပ်လင်းလင်းနဲ့  အသံတွေလဲထွက်နေတယ် နှာမူတ်သံကြီးနဲ့ ၊
ငါတို့ နဲ့ တောင်အတော်နီးလာပြီ ။"
" လင်းလဲ လင်းတယ် အသံလဲထွက်နေတယ်ဟုတ်လား ။ ”
“အေးငါတို့ နဲ့ တောင်သိပ်မကွာတော့ ဘူး”
“ ဘယ်လိုအသံလဲကွ ”
“ တ တီတီတပွမ်ပွမ်နဲ့  ကွ”။
“ဟာ .......မင်း.အ.ဘ .....အဲ့ ဒါ....ကားဟ...ရှောင်ရှောင်...” ။
အသေအလဲရှောင်လို့  မတိုက်မိပေမယ့် နှစ်ယောက်လံုး
လမ်းဘေးကိုဒိုင်ဗင်ပစ်လိုက်ရလို့ အကွဲကွဲ အပြဲပြဲပဲ ။အဲ့လိုနှစ်ယောက်ပါ
။ဒါပေမယ်အပေးအယူတော့ ဖြောင်လို့  ။ အဲ့ လိုနဲ့ တစ်နေ့ညတည့ မှာ သူတို
့အိမ်အပြန်မှာ အပင်ကြီးတပင်ကြီးအောက် ကဖြတ်ပြန်ရတယ် ။ အဲ့အပင်မှာ
ညဂျူတီကျတဲံသရဲ တကောင် ရောက်နေတယ်။ သူ့ တာဝန်က ဒီညမှာ ဒီအပင်အောက်
ကိုဖြတ်တဲ့ လူနှစ်ယောက်ကို ခြောက်ရမှာ ။ တခါတည်းနှစ်ယောက်ကိုတွေ့တော့ 
ပိုင်ပြီပေါ့  ပိုတဲ့ အချိန်ကို ဘီယာဆိုင်ထိုင်မယ်၊ မာဆတ် သွားမယ်ပေါ
့ ။ ဒါကြောင့်  ၀ုန်းထခနဲခုန်ချပြီး သူရဲ့ ကြောက် စရာကောင်းတဲ့ 
လက်တွေ
ကိုဆန့်ထုတ်လိုက်တယ် ။ ဗလ ကသူရှေ့  ရောက်လာတဲ့  သရဲ ကိုသေချာကြည့် ပြီး
“ဖိုးဥာဏ်ရေ ငါတို့ ရှေ့  ကို အဖြူရောင် အ၀တ်နဲ့ လူတယောက် ခြေကားယား
လက်ကားယား လုပ်နေတယ် ” ။
“ဟေ .....မော်တော်ပီကယ်နေမှာပါကွာ သူတို့ ဖလားကြီးတောင်ပါဦးမယ် ”
“အဖြူရောင်အ၀တ်က အစုတ်စုတ်အပြတ်ပြတ်နဲ့ ကွ ”
“အော် ၀န်ထမ်းနေမှာပေါ့  ”
“ မျက်လံုးပြူးကြီးနဲ့ ဟ ”
“ဝေဖန်ရေးဆရာနေမှာဟ”
“ လျှာကလဲ တတောင် လောက်ထွက်နေတယ်”
“ ကျူရှင်ဆရာနေမှာ”
သူတို့ ပြောနေတာတွေ ကြားပြီးကြာတော့  သရဲလဲစိတိကမရှည်တော့ ဘူး ။
“ဟိတ်လူတွေကြောက်ကြလေဗျာ ကျုပ် ကတစ္တေ ခင်ဗျားတို့ တွေ ကိုခြောက်နေတာ” ။
“ ဖိုးဥာဏိရေ ငါတို့ ကို သူကတစ္တေ ခြောက်နေတာတဲ့  ” ။
“အာ သူကသရဲဆိုတိုင်းယုံလို့ မရဘူးကွ ဒီခေတ်ကြီး ကအလိမ်အညာတွေများတယ်
။သူမှာဘာအထောက်အထားပါလဲမေးကြည့် ကွာ ”
သရဲလဲအတော်တင်းနေပြီဒါနဲသူရဲ့သရဲမှတ်ပုံတင်ကတ်ပြားကိုပြလိုက်တယ်။သူဘ၀သက်တမ်းမှာဒီလိုကတ်ပြားပြပြီးခြောက်ရတဲ
့လူမျိုးမတွေ့ ဖူးဘူး။ ဗလကမှတ်ပုံတင်ကိုကြည့် ပြီး
“ ကတ်ပြားကတော့ ဟုတ်တယ် ပုံက၀ါးနေတယ်ကွ”
“ ပုံက၀ါးတယ်ဆိုတော့  ယုံလို့ မရသေးဘူး ပြီးတောအဲ့ 
ကတ်ပြားကိုငါကမြင်ရတာမဟုတ်ဖူး။
ဗလ ဒီကောင် ကြည့် ရ တာ မသင်္ကာစရာပဲ ကွ၊ ကြာတယ်ကွာ ဒီကောင်
့ကိုမင်းချုပ်ထားလိုက်စမ်းကွာ ၊
ဒါမျိုးကတော့  ဗလတို့ ဘာသွက်သလဲမမေးနဲ့ ချုပ်ထားလိုက်တာသရဲခမျာ
ယှက်ကန်ယှက်ကန် နဲ့ မိပါရော ။
“ဟေ့......လူတွေ.... ကျုပ်က.....သ...ရဲနော်.......ကျုပ်..... ကိုင်လိုက်ရမလား” ။
''အောင်မာအခုထိ သရဲ ကတပြားသားမှ မလျော့သေးဘူး .....၊အေးမင်းကိုငါမေးမယ် မင်းသရဲ
ဆိုသိရမယ် လူဟာသေရင် ဒွါ ရကိုးပေါက် က အသက်ထွက်တယ်လို့ ဆိုတယ် ၊
မင်းဟာသေဖူးတဲ့  သရဲ ဆို တော့  သိရမယ် ၊ ပြော မင်း ဘယ်အပေါက်ကထွက်သလဲ
အသက်။”။
သရဲ လဲ အတော် ညစ်သွားတယ် ၊ ကို့  ဟာကို ဘယ်ကထွက်မှန်းမသိ ဘူး ။
ဒါနဲ့  ရမ်းဖြီး လိုက်တယ် ။ ''
“ နာ......နား ....က....ထွက်တာ ” ။ ဒီအခါဖိုးဥာဏ်ကတောက်တချက်ပြင်းပြင်းခေါက်ပြီး
“လူ့ရဲ့ မြင့်မြတ်တဲ့နားနှခေါင်းထွက်ရင်ကောင်းတဲ့ဘုံရောက်တယ် ကွ
။ဟေ့ကောင်ဗလ ဒီကောင့်လူလိမ်ကွ ချကွာ”
။ ဘာပြောကောင်းမလဲ ဗလ သမလိုက်တာ သရဲ ခွေခွေ လေးကျန်ခဲ့  တယ်။
ဒီဇာတ်ကပြီးမသွား ခဲ့ ဘူး။တ စ္ဆေလောက မှာ ဂယက်ထသွားတယ် ။ သရဲတွေ
ကိုယ့် ကိုကိုယ်ပြန်မေးကြတယ် ။ ငါတို့ကဘာလဲ ဘာတွေလဲ ဘာကောင်တွေလဲ
။ဆောက်တည်ရာ မရဖြစ်ကုန်တယ် ။ တစ္ဆေ အကြီးအကဲ ကြီး ကတော့ 
ပြောရှာပါတယ်၊
“တိုတွေ ကသရဲတွေပါ သံသယ မရှိကြပါနဲ့ ” ။
ဒါပေမယ့်  သူစကား ဘယ်သူမှနားမထောင်ကြဘူး ။ခေါင်းဆောင်ကြီးလဲ တဖွ ဖွ
ပြောရင်း သူ့ ဘ၀နောက်ဆံုး အချိန်ရောက်တော့ သေတမ်းစာမှာ မှာခဲ့ တယ် ။
မျက်စီမမြင်တဲ့ သူနဲ့  ဥာဏ်နည်းတဲ့ သူတွေကိုဘယ်တော့  မှ မခြောက်ပါနဲ့ 
တဲ့ ။ ခုချိန်ထိ ဘယ်မျက်မမြင် ဘယ်အရှူးကမှ
တစ္ဆေခြောက်တယ်လို့ မကြားမိ တာအမှန်ပါပဲ ။
cupid boy ( from mail group)

No comments: