နိုင်ငံရေးအကျဉ်းသားများအားဂုဏ်ပြုကြိုဆိုခြင်းနှင့် အစိုးရသစ်အပေါ်သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအင်အားစုအဖွဲ့မှနိုင်ငံရေးအကျဉ်းသားများအားဂုဏ်ပြုကြိုဆိုခြင်းနှင့် အစိုးရသစ်အပေါ်သဘောထားထုတ်ပြန်ချက်

စာအမှတ် - မလအ - ၀၀၁/ သပ/ ၂၀၁၂
နေ့ စွဲ -January 16, 2012

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွင်း မဖြစ်မနေပါဝင်ရမည့်သူများ ယုံကြည်ချက်ကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထာ;ရသည့်ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်များ တိုင်းရင်းသားခေါင်းဆောင်များနှင့်ရ ဟန်းသံင်္ဃာတော်များ အား ၂၀၁၂ ခုနှစ်-ဇန္န၀ါရီလ(၁၃)ရက် သောကြာနေ့တွင် ရုတ်တရက် လွတ်မြောက်လာသည့် အပေါ် ထူးခြားသည့် ၀မ်းသာခြင်းကို ခံစားရပါသည်။

နိုင်ငံရေးအကျဉ်းသားများအား ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြို ဆိုဂုဏ်ပြု အခွင့်မသာသည့်အပေါ်(မလအ) အဖွဲ့မှအားရကျေနပ်မှုမရှိသည့်ပြင် စိတ်မကောင်းလည်းဖြစ်မိပါသည်။ သို့သော်ရောက် ရှိရာနိုင်ငံများမှနေ၍ မည်သူတွေလွတ်လာသည်ဆိုသည့် သတင်းစကားများကို ဦးစွာကြားသိရလေအောင် စောင့်ဆိုင်းလျက် မီဒီယာတို့မှတိုက်ရိုက် အားမာန်အပြည့်ရှိသည့် စကားသံများကြားသိရသည့်အတွက် ၀မ်းသာကျေနပ်မှုဖြစ်ခဲ့ရပါ သည်။ လူချင်းမဆုံနိုင်ကြရသော်လည်း လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို (မလအ)မှနေ၍ လေးစားခြင်း ဖြင့်အတူ လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။

မြန်မာနိုင်ငံ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်း ချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒိကြီး လမ်းစဉ်ကိုလေးစားလိုက်နာကျင့်သုံးခြင်းအားဖြင့် စစ်မှန်သည့်အပြောင်းအလဲကိုရရှိနိုင်ပါသည်။ ထိုအဆိုက စစ်မှန်တဲ့အပြောင်း အလဲကို လိုချင်ရင်လိုချင်သူက အမှန်တကယ် စတင်ပြောင်းလဲရမည်ဆိုပါတယ်၊ မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံး အနေဖြင့် မွန်းကြပ်နေသည့်ဘ၀မှ အမှန်တကယ် လွတ်မြောက်ပြောင်းလဲချင်သူတွေဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများကလည်း ခေတ် စနစ်ဆိုးကိုပြောင်းအလဲရန်အကြမ်းမဖက်ကြိုးပန်းခဲ့သူများဖြစ်သည်။ အစိုးရသစ်ကြီးကသာ အမှန်တကယ် ပြောင်းလဲ လိုချင်  မြင်သာထင်သာသည့်ရှေ့တိုးဆောင်ရွက်နိုင်လာသည်နှင့်အမျှ ပြည်သူလူထုအားလုံးရဲ့ သံသယတွေ နည်းပါး လာနိုင်ပါမည်။ သို့မှသာအပြောနှင့်အလုပ်ညီစွာ နောက်ကြောင်းပြန်မ လှည့်ပါဘဲ ဒီမိုကရေစီလမ်းကြောင်း ပေါ် အမှန်တကယ်ရောက် လာမှာ ဖြစ်ပါသည်။

လက်ရှိအစိုးရ၏အစပြုခဲ့သောအပြောင်းအလဲများကို(မလအ)မှကြိုဆိုပါသည်။ ဒီထက့်ပိုမိုကောင်းမွန်လာစေရန်အတွက်ဆောင်ရွက်နိုင်မည့်အောက်ဖေါ်ပြပါလိုအပ်ချက်အချို့ကိုတင်ပြလိုပါသည်။                                              

(၁)နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာသည့်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်း ရေးလုပ် ငန်းစဉ် များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စွမ်းကို အစိုးရသစ်ကြီးမှအသိအမှတ်ပြှု ရာတွင်စိုးရိမ်သံသယစိတ်ထက့် နိုင်ငံ နှင့်ပြည် သူအ ကျိုးရှေ့ရှုပြီးဆောင်ရွက်နိုင်မည့်လမ်းကြောင်းမှ လုပ်ငန်းစဉ်များ အကောင်အထည် ဖေါ်ဆောင်ရွက် လာရန်အထူး လိုအပ်ပါ သည်။  နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှုအပိုင်းတွင်အချို့သောသူများတွင်နှောင်းကြိုးအဖြစ်ပုဒ်မ-၄၀၁ ပူးတွဲပါရှိခြင်းသည် သံသယ ဆိုတဲ့အချက် သက်သေခံဖြစ်နေပါသည်။ လွတ်လာသော်လည်း မငြိမ်းချမ်းသည့်ဘ၀မို့ အလုပ်နှင့်အပြော လက်တွေ့ကျ စေရန်အတွက် ၎င်းပုဒ်မအားပယ်ဖျက်ပေးပါရန် အလေးအနက်တောင်းဆိုပါသည်။                                                           ထို့အပြင်ထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသည့်အပေါ်တွင်လည်းများစွာ စိတ်မကောင်းဖြစ်ရပါသည်။

အစိုးရသစ် အနေဖြင့်အမှန်တကယ်နိုင်ငံနှင့်ပြည်သူ့အကျိုးလိုလားပြီး၊နောက်ကြောင်းပြန်မလှည့်ပါဘဲ ရှေ့ဆက်ဆောင်ရွက်ပါမည် ဆိုထားပါလျှက် စွပ်စွဲတပ်ထားသည့်ပုဒ်မများမှာ အမှုကြောင်းအရ၎င်း သက်သေခံဥပဒေအရ၎င်း တရားစီရင်ရေးအပိုင်းများအရ  စစ်အာဏာရှင်လက်အောက်စစ်ဆေးခဲ့သော အမှုများဖြစ်တည်ပြီး သံသယတွေဖြစ်ရပါသည်။ ဥပဒေကြောင်းအရ သံသယအ ကျိုး ကိုစွပ်စွဲခံရသည့်သူများ ခံစားပိုင် ခွင့်ရှိ သည်။ လုပ်ရပ်များကလည်းနောက်ကြောင်းမပြန်ရန်လိုပါသည်၊ နောက်ကြောင်း ပြန်မ လှည့်ပါဘူးဆိုသည့်စကားကစကားအဖြစ်သာကျန်ပြီး လုပ်ရပ်တွေကနောက်ပြန်လှည့်ရုံမက နောက်ကြောင်းကလုပ်ရပ်ကို ပါပံ့ပိုး ထောက်ခံလိုက်တာမျိုးဖြစ်စေပါသည်။

ထို့အပြင် ငြိမ်ဝမ်ပိပြားအောင် အုပ်ချုပ်နိုင်ဘို့ မတရားတဲ့အမိန့် အာဏာတွေ ကျင့်သုံးခဲ့ကြ သည့်အမည် အခေါ်စကား လုံးကသက်သေဖြစ်ခဲ့ပါပြီ။  ဆင်သေကို ဆိတ်သရေနဲ့ဖုံးမိသလိုဖြစ်ပြီး ရှေ့ခရီးဖြစ်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နှောက်နှေးပါလိမ့်မည်။ သို့ပါ၍ အစိုးရ သစ်သမတကြီးဦးသိန်းစိန်မှကျန်ရှိနေသည့် နိုင်ငံရေးအ ကျဉ်းသား (သို့မဟုတ်)ယုံကြည် ချက်ကြောင့်အကျဉ်း ကျနေသူ အားလုံးကို စိုးရိမ်သံသယကင်းစွာဖြင့် ချွင်းချက်မရှိ အမြန်ဆုံးပြန် လည်  လွတ်ပေးပါရန်အလေးအနက်တောင်းဆိုလိုက်ပါသည်။

(၂)အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွင် အဓိကကျသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်တွေ့ဆုံဆွေးနွေးသည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုကိုကြိုဆိုပါသည်။ သို့သော် ကချင်ပြည်နယ်အတွင်း တိုက်နေခြင်းသည် လွန်စွာအရုပ်ဆိုးပြီး ရေရှည် တည်တန့်သည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်နိုင်ပါ့မလား ဆိုသည့်သံသယကိုကြီးထွားစေပါသည်၊  တနည်းအားဖြင့် နှစ်ဘက်စလုံးမှ စိတ်ရင်းစေတနာ မှန်ဖြင့် တိုင်းရင်းသားတို့၏ ပကတိလိုအပ်ချက်များကို စာနာအသိအမှတ်ပြုပြီး ဖြည့်ဆည်းပေးရန် ယုံကြည်မှု တည်ဆောက်ခြင်း တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြောဆိုဆွေးနွေးအဖြေရှာခြင်း လက်တွေ့ အကောင်အထည် ဖေါ် ဆောင်ရွက်ခြင်း တို့ဖြင့်သာ ရေရှည်တည်တန့်သည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်ပါမည်။

 (၃)အခြေအနေအကြောင်းအမျိုးမျိုးကြောင့်၎င်း ၁၉၈၈နှင့် ၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း။ မြန်မာနိုင်ငံ ပြည်ပသို့တိမ်းရှောင် သွား ခဲ့သည့်ကျောင်းသားပြည်သူရဟန်းသံင်္ဃာနှင့်ရှေ့နေ ဆရာဝန် အင်ဂျင်နီယာကျောင်းဆရာဆရာမ အစရှိသည့်သူများ သိန်း နှင့်  ချီရှိနေပါသည်။ ထိုသူတို့သည် အမျိုးသားပြန်လည်ရင်ကြားစေ့ လုပ်ငန်းစဉ်အသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်သူများ ဖြစ်သည်။ ထိုသူတို့တွင်ရှာမှီးဆည်းပူးထားသောအတတ်ပညာ လုပ်ငန်းခွင်အတွေ့အကြုံများသည် မြန်မာနိုင်ငံပြန်လည်တည် ဆောက်ရာတွင် များစွာအထောက့်အကူဖြစ်စေပါမည်။ ထိုသူများအား အစိုးရသစ်မှတရားဝင်စာထုတ်ပြီး ပြန်လည် ဖိတ်ခေါ်သင့် ပါသည် ။ နိုင်ငံရေးလှုပ်ရှားခဲ့ပြီး ပြည်ပရောက်နေသူများထဲမှအချို့တွင်ရာဇ၀တ်မှု မကျူးလွန်ရပါဘဲ ရာဇ၀တ်ပုဒ်မများတပ်ကာ တ ရားစွဲဆိုမှုများ ပြုထားသည်ဟု ကြားသိရပါသည်၊

ထိုသူတို့အား ရာဇ၀တ်မှုကျူးလွန်သူများအဖြစ် မှတ်ယူလိုက်ပါက လုံးဝမှန်ကန်မှု မရှိသည့်အပြင် တရားမျှတမှုလည်းမရှိသည့် လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ နိုင်ငံတွင်းမနေနိုင်အောင် ခြောက်လှန့် မောင်းထုတ်ခြင်းအဖြစ် ကျင့်သုံးခဲ့ခြင်းသာ ဖြစ်ပါသည်။ မြန်မာပြည်တွင်းနေစဉ်နှင့်ပြည်ပတွင် ဆယ်စုနှစ်ပေါင်းများစွာ နေရသည့် အချိန်တွင်လည်း မည်သည့်ရာဇ၀တ်မှုမျှ ကျူးလွန်ခဲ့ခြင်းမရှိကြပါ။ အစိုးရသစ်တရပ်မှပြီးခဲ့ သည့်အာဏာရှင်စစ်အစိုး ရ တို့ ၏ ငံရေးစနစ်ကြောင့်ဖြစ်ခဲ့မှု အားလုံအပေါ်တာဝန်ခံမှုတာဝန်ယူမှုပြုရမည်ဖြစ်ပါသည်။ သို့ပါ၍တရားမျှတမှုရှိစေရန် သမတ ကြီးဦးသိန်းစိန်မှ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်ပေးရန်လိုအပ် ပါသည်။

(၄)အချို့ပြည်ပရောက်သူများတွင်မြန်မာသံရုံးသို့အခွန်ငွေ ကြွေးကျန်ဒေါ်လာထောင်သောင်းချီ ပေးဆပ်ပါမှမြန်မာပြည်ပြန်နိုင် မည်ဆိုသည့် အခြေအနေကြောင့် လုပ်ငန်းပညာကျွမ်းကျင်သူတို့မပြန်နိုင်ဖြစ်နေပါသည်။ ထိုအချက်သည်မြန်မာပြည်ရဲ့ ဦး နှောက် ယိုစီးမှုကိုဖြစ်စေသည့်အဓိကအချက်အဖြစ်တွေ့ရပါသည်။ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် တတ်သိပညာရှင် များစွာ လိုအပ်နေပါသည်။

မြန်မာနိုင်ငံသားပညာရှင်များနှင့်မလုံလောက်ပါကနိုင်ငံခြားသားပညာရှင်များကိုငှားရမ်းလျှင်ငွေကုန်ကြေး ကျပိုများသည့်အပြင် မိမိနိုင်ငံသားပညာရှင်များလောက်အဆင်ပြေအကျိုးဖြစ်ထွန်းမူမရှိနိုင်ပါ။ သို့ပါ၍ဖြစ်ရပ်အခြေအနေ များကို ထောက်ရှုသုံးသပ်ပြီး  ကြွေးကျန်အခွန်ငွေကြောင့်ပြည်တော်ပြန်ရန် အခက်တွေ့နေမှုအပေါ်အမြန်ဆုံးအစိုးရသစ် သမတကြီး ဦး သိန်းစိန်မှ ဆောင်ရွက်ပေးပါရန်တောင်းဆိုလိုက်ရပါသည်။

 ပြည်သူ့စွမ်းအားဖြင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့တက်လှမ်းကြပါစို့

No comments: