ဒီမိုကရေစီ ဖုန်းဖုန် ဒို့ ဖုန်းဖုန်း

ရွှေည၀ါဆရာတော်ဘုရားနှင့်အတူ ရပ်တည်ကြပါ



ရွှေည၀ါဆရာတော်အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အခြားခေါင်းဆောင်များ လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားနေစဉ်။
ရွှေည၀ါဆရာတော် စိတ်ခံစားမှုအပြည့်ဖြင့် ကြုံတွေ့နေရသော အဖြစ်အပျက်များအပေါ် မျက်ရည်ကျလျှက် ပြောကြားနေစဉ်။

ရွှေည၀ါကျောင်းတိုက်၊ ဗုဒ္ဓတက္ကသိုလ်မှ ပညာသင်ကြားနေသော သံဃာတော်များသည် ဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံခြင်းအား ငြိမ်သက်စွာ နားထောင်နေကြစဉ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ရွှေည၀ါဆရာတော်တို့ စုပေါင်းကာ အမှတ်တရဓာတ်ပုံရိုက်စဉ်။
ရွှေည၀ါဆရာတော် ဦးပညာသီဟအား မီဒီယာများမှ သံဃာ့မဟာနာယကအဖွဲ့နှင့် မနက်ဖြန်တွင် တွေ့ဆုံရမည့် အကြောင်းအား မေးမြန်းအင်တာဗျုးနေကြစဉ်။


ရွှေည၀ါဆရာတော်ဘုရားနှင့်အတူ ရပ်တည်ကြမည့်သူများအားလုံး နက်ဖြန်(၁၉.၁.၂၀၁၂) နံနက် ၁၀ နာရီတွင် ရွှေည၀ါကျောင်းတိုက်(ကြည့်မြင်တိုင်၊ နတ်စင်လမ်း)၌ စုရုံးကာ ကြားတောရလမ်းရှိ ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့တည်ရှိရာနေရာသို့ သွားရောက် ကြမည်ဖြစ်ပြီး တချို့မှာလည်း ကြားတောရလမ်းတွင် နေ့လည် ၁၂ နာရီခွဲ၌ စုရုံးကာ ဆရာတော်ဘုရားနှင့်အတူ ရပ်တည်ပေးသွားကြမည့်အကြောင်း၊ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Photo by : Oakkar Ko Ko Facebook (ဒေါင်းမာန်ဟုန်မှယူပါတယ်)

No comments: