ကမ္ဘာပေါ်တွင် လည်ပတ်ရန် အသင့်လျော်ဆုံး နိုင်ငံများစာရင်းကို နယူးယောက်တိုင်းမ် သတင်းစာက နှစ်စဉ် ထုတ်ပြန်လျက်ရှိရာ ယခုနှစ် (၂ဝ၁၂) အတွက် အကောင်းဆုံး ၄၅ နေရာ စာရင်းတွင် မြန်မာနိုင်ငံက တတိယနေရာတွင် ပါဝင်လာခဲ့ပြီး ယင်းသတင်းစာ၏ ပထမဆုံးအကြိမ် ဖော်ပြခြင်းခံရခြင်း ဖြစ်ကြောင်း ၁၂-၁-၂ဝ၁၂ ရက်က သိရသည်။ နယူးယောက်တိုင်းမ် သတင်းစာ၏ ဖော်ပြသော ၄၅ နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု ပနားမားဒေသ၊ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီ နှင့် မြန်မာနိုင်ငံ နေရာအနှံ့တို့သည် အစဉ်လိုက်ရှိနေပြီး အရှေ့တောင် အာရှနိုင်ငံများမှ နာမည်ကြီး တိုကျို၊ တိဘက်လားရှားဒေသ၊ ဟာလောင်း ပင်လယ်အော်၊ အိန္ဒိယကီရာလ ၊ ကမ္ဘောဒီးယား၊ Koh Rong ၊ တောင်ကိုရီးယား အစရှိသည်တို့မှာ အဆင့် ၅ အောက်တွင်သာ ရရှိခဲ့ကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် တတိယနေရာအထိ ပထမဆုံးအကြိမ် ရွေးချယ်ဖော်ပြခံရခြင်း အကြောင်းရင်းမှာ ကမ္ဘာနှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးပြတ်တောက်မှု ရှိနေရာမှ မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု၊ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလောကအလယ်သို့ ပြန်လည် ဝင်ရောက်လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးလာခြင်း များကြောင့်ဖြစ်ကြောင်း သိရသည်။ နယူးယောက်တိုင်းမ်က ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ထင်ရှားသောနေရာများ အဖြစ် ရွှေရောင်ဘုရားများ ရှိသော ဗုဒ္ဓတိုင်းပြည်၊ အင်းလေးကန် ဒေသအလှအပများ၊ ငပလီကမ်းခြေဒေသ၊ ဘင်္ဂလားပင်လယ် အော်မြင်ကွင်းများ၊ Amara Ocean Resort မှ မြင်ရသည့် ကမ်းခြေဒေသ ပင်လယ်ပြင်နှင့် ဧရာဝတီမြစ်တစ်လျှောက် အပန်းဖြေနိုင်သော နေရာမျိုးစုံတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းအပြင် နယူးယောက်တိုင်းမ် သတင်းစာက ဈေးဝယ်ရန် အကောင်းဆုံးတိုင်းပြည် စာရင်းတွင်လည်း မြန်မာနိုင်ငံမှ ယွန်းထည်ရင်းများ ဝယ်ယူရခြင်းအကြောင်းကို သီးသန့်စာမျက်နှာ တစ်ခုဖြင့် ဖော်ပြထားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment