by Ko Baloi on Saturday, January 28, 2012 at 11:34am
ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာမတတ်လျှင် အကန်းနှင့်တူ၏ စတဲ့ ပညာနှင့်ပတ်သက်ပြီး အမျိုးမျိုးတင်
စားပြောဆိုတာတွေရှိကြသည်၊
ကျနော်တို့မြန်မာနိုင်ငံတွင်ရှေ့လူကြီးများပြောဆိုခဲ့သည့် အရွယ်၃ ပါးရှိသည်။ ပထမအရွယ်မှာ- ပညာရှာ၊ ဒု-တိယအရွယ်မှာ- ဥစ္စာရှာ၊
တတိယ အရွယ်မှာ- ကြင်ယာနဲ့ တရားရှာဆိုပြီး အရွယ် ၃ ပိုင်းခွဲခြားထားပါတယ်၊ ပညာရှာနေတဲ့အရွယ်တွင် ဥစ္စာရှာနေခြင်း- ကြင်ယာရှာခြင်းပြုခဲ့ရင် မှားမည်ဖြစ်ကြောင်း...ဆိုစကားဖြင့် ဆုံးမခဲ့ကြပြန်ပါသည်။ ဥစ္စာရှာတဲ့အခါမှာလည်း ကြင်ရာရှာလျှင်
တူနှစ်ကိုယ် ဘဝခရီး လျှောက်လမ်းသည့်အခါ မပြည့်မစုံပဲ ဒုက္ခတွေ တွေ့ရှိနိုင်ပါသည်။ ပညာနှင့် ဥစ္စာရှာပြီးမှသာ ကြင်ယာရှာ
ပါကဘဝခရီးကိုဖြတ်သန်းတဲ့အခါ-မိမ၏ဘဝခရီးတလျှောက် ပူပင်ကြောက်ကျမှုများ ကင်းဝေးပြီး သာယာအေးချမ်းတဲ့ မိသားစု
ဘဝကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
ဒါကြောင့်- မိဘတိုင်းက မိမိ၏ သား၊ သ္မီးများကို ပညာတတ်ကြီးဖြစ်စေချင်ကြသည်၊ တချို့- မိဘများသည် မိမိ၏ သား၊ သမီးများ
ပညာတတ်မြောက်စေရေးအတွက် မိမိ၏ ချွေးနည်းစာများကို ချွေတာစုဆောင်းကာ မစားရက်၊ မသောက်ရက်နဲ့ ချွေတာစုဆောင်း
ထားသောငွေများဖြင့် မိမိ၏သား၊ သမီးများကို ဘွဲ့ရပညာတတ်ကြီးဖြစ်မြောက်စေရန် ပြုစုပျိုးထောင်ပေးခဲ့ကြသည်။
ပညာမတတ်မြောက်သောမိဘများသည် မိမိ၏သား၊ သမီးများလူ့အောက်မကျို့စေရန် ပညာတတ်ကြီး ဖြစ်စေချင်ကြသည်၊ ပညာ၏
တန်ဖိုးသည် လွန်စွာမှ ကြီးမားပေသည်။ ကျနော်တို့ မြန်မာနိုင်ငံတွင်ရှိကြသည့် အမြို့မြို့- အနယ်နယ်ရှိ လူငယ်- လူရွယ်
အများသည်- ခေတ်စနစ်ဆိုး၏ ရိုက်ပုတ်မှုဒဏ်ကြောင့် နှစ်ပေါင်းများစွာ ပညာနို့ရည်ကို ပြည့်ဝလုံလောက်စွာ မသောက်သုံး
ခဲ့ကြရချေ။ တိုင်းပြည်၏ အနာဂတ်ရင်သွေးများသည် ပညာနို့ရည်ပြည့်ဝစွာ သောက်သုံးခွင့်မရလျှင်- တိုင်းပြည်၏ အနာဂတ်
သည်လည်း မည်သို့ပင်ကောင်းမည်မဟုတ်၊ တိုင်းပြည်၏အနာဂတ်လှပစေချင်ရင်... လူငယ်တို့၏ အနာဂတ် ပညာရေးကို အစိုး
ရမှ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်ရမည်။ လူငယ်များ၏ အနာဂတ် ကောင်းမွန်စွာပြုစုပျိုးထောင်သည့် နေရာတွင် အစိုးရတစ်ရပ်အနေနဲ့ ပညာရေးအဆောက်အဦးကို မဖြစ်မနေ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်မွန်းမံပြင်ဆင်ပေးရမည်၊
အဆင့်မြင့်- အဆင့်မှီ ပညာရေးစနစ်ကို လူငယ်- လူရွယ်များက သင်ကြားတတ်မြောက်နိုင်ခွင့်ရှိမှသာ- နိုင်ငံသည်လည်း ကမ္ဘာနိုင်ငံများနှင့်ယှဉ်ပြီး ရင်ဘောင်တန်းနိုင်မည်ဖြစ်သည်။
ခေတ်စနစ်ဆိုး၏ ရိုက်ပုတ်မှုဒဏ်ကြောင့် မြန်မာနိုင်ငံ၏ ပညာရေးအဆောက်အဦးသည် ဘုန်းဘုန်းလဲ၍ ယိုယွင်းပျက်ဆီးကာ
နိုင်ငံသည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသို့ ဝင်ခဲ့ရသည်မှာလည်း ပြည်သူလူထုတစ်ရပ်လုံးအသိပင်ဖြစ်သည်။
ထို့ကြောင့်....( အနာဂတ်ရင်သွေးနှင့် ပညာ ) ရေးသည်... တိုင်းပြည်၏ အနာဂတ်အတွက် ဘယ်လိုမှ အဖိုးဖြတ်၍မရသော
အရာပင်.....မဟုတ်ပါလော..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက်။ ။ အာဏာရှင်များသည် ၎င်းတို့ - သား၊ သမီးများနှင့် မြေးမြစ်များကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ ကြီးမားတဲ့
ရည်ရွယ်ချက်များရှိခဲ့သော်ငြားလည်း....မိဘ- ပြည်သူများ၏ သား/သမီးများကိုမှု ပညာမတတ်စေချင်တဲ့
ညစ်ပတ်- စုတ်ပဲ့သည့် အောက်တန်းကျသော စိတ်ဓါတ်များရှိကြသည်။
No comments:
Post a Comment