ဇေယျာသော်
 နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည့် ဟစ်ဟော့ အဆိုတော်  ဇေယျာ
 သော် (ခ) ဖြိုးဇေယျာသော်မှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး  (Generation Wave) ကို တည်ထောင်သူတဦးဖြစ်ပြီး ၂ဝဝ၈ ခုနှစ်အတွင်းက ဖမ်းဆီးခံရကာ ထောင်ဒဏ်  လေးနှစ် ကျခံခဲ့ရ
 ပြီး ၂ဝ၁၁ မေလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တဦးဖြစ်သည်။
  မစန္ဒာမင်း
 မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်မှ ဝင်ရောက်  ယှဉ်ပြိုင်မည်၈၈ မျိုးဆက်ကျောင်းသူ
မစန္ဒာမင်း (ခ) ရွှီး မှာ ၂ဝဝ၇ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး မတရားသင်း
ပုဒ်မဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ဇန်နဝါရီလ ၁၃ ရက်နေ့လွတ်ငြိမ်းချမ်းသာ
ခွင့်ဖြင့် မြောင်းမြထောင်မှပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပြီး နိုင်ငံရေးတွင် ထက်မြက် တက်ကြွသူဖြစ်သည်။

 ဒက္ခိဏသီရိမြို့နယ်မှ NLD လူငယ် ကိုနိုင်ငံလင်းက ဝင်ရောက်  ယှဉ်ပြိုင်မည် ဖြစ်သည်။ 
 ကိုနိုင်ငံလင်းမှာ အသက် ၂၈ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ဇွန်လအတွင်း  ကွန်ပျူတာအသုံး
 ပြုမှုဖြင့်  အဖမ်းခံခဲ့ရပြီး အောင်သပြေစစ်ကြောရေး စခန်း၌ နှစ်လကျော်ကြာ စစ်ဆေးခံခဲ့ရပြီး
 ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
 မဲဆန္ဒနယ် ဥတ္တရသီရိမြို့နယ်မှ ဝင်ရောက် အရွေးခံမည့် ဦးမင်းသူသည် မန္တလေးတက္ကသိုလ်မှ 
 ၁၉၈၁ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ၂ဝဝ၇ စက်တင်ဘာလ ၂၅ ရက်
 နေ့တွင် ဥပဒေဆန့်ကျင်သည့်အဖွဲ့ နှင့် ပါဝင်ပါတ်သက်မှု ထောင်ဒဏ် ၁၃  နှစ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။  
 NLDမှ ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း နောက်ဆုံး 
ရွေးချယ်မှုတွင် အနာဂတ်အတွက် လူငယ်အမြောက်အများ ရွေးချယ်တင်မြောက်ပေး
ရွေးချယ်မှုတွင် အနာဂတ်အတွက် လူငယ်အမြောက်အများ ရွေးချယ်တင်မြောက်ပေး
 လျက်ရှိရာ ပြည်သူချစ်သော အနုပညာရှင်များနှင့် နိုင်ငံရေးထက်သန်သူ လူငယ်များကို
 မွေးထုတ်ပေးနေသည်။ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရာတွင်  လွတ်လပ်၍တရားမျှတ
 သည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကို အနာဂတ်လူငယ်များ၏ ကြိုးပမ်းမှု စွမ်းပကား
 ဖြင့် မိမိ၏နိုင်ငံကို မိမိအသိစိတ်ဓါတ် စိတ်ကူးဖြင့် ယနေ့ ခတ်နှင့်အညီ တည်ဆောက်နိုင်မည်
 ဖြစ်သည်။

No comments:
Post a Comment