ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာရည်ချွန် ဆုပေးပွဲ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာရည်ချွန် ဆုပေးပွဲ
သာသနာ့ဟိတကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ ၂၀၁၀/၂၀၁၁ ပညာသင်နှစ် အတွက် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ
၂၉ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒီအခမ်းအနားကို အင်းစိန်မြို့နယ် မြို့သစ် ရပ်ကွက်မှာရှိတဲ့ သာသနာ့ဟိတကာရီ ဘုန်းတော်ကြီးကျောင်းမှာ
ကျင်းပ ပြုလုပ်တာ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေ၊ ကျောင်းသား မိဘတွေ၊ အလှူရှင်တွေနဲ့ ရပ်မိရပ်ဖ
တွေ စုံညီစွာ တက်ရောက် ခဲ့ကြပါတယ်။ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားမှာ ကျောင်းသား ကလေးငယ်တွေက
တက်ရောက်လာသူတွေကို အဆို အကတွေဖြင့် ဖျော်ဖြေ ခဲ့ကြပါတယ်။ ဒီကျောင်းမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ ကလေးငယ် အယောက်
၇၀၀ ကျော်ကို သူငယ်တန်းကနေ ၈တန်းအထိ အခမဲ့ပညာ သင်ကြား ပေးနေတာ ဖြစ်ပါတယ်။

No comments: