ဘာကိုများ ထပ်လိုချင်ပါသလဲ

ဘာကိုများ ထပ်လိုချင်ပါသလဲ

သိန်းစိန်က သန်းရွှေအမိန့်  နဲ့ (၂၀၀၈) ဖွဲ့ စည်းပုံကို ကိုင်ပြီး သမတ
တက်လုပ်တယ်။ ပြီးတော့  စစ်အာဏာရှင် ဆန်ဆန် မလုပ်ပြဖူး၊ ကြံ့ ဖွတ် အစိုးရ အဖွဲ့ က လူ့ အခွင့်အရေးမပါတဲ့  ဒီမိုကရေစီ အကြောင်းပြော လာတယ်၊
စစ်အာဏာရှင် လက်ထက်တုံးက ခိုးထားတဲ့  ငွေတွေ နိုင်ငံတကာမှာ
တရားဝင်ဖြစ်လာဖို့  နဲ့  စစ်အာဏာရှင်တွေ အပေါ် ပိတ်ဆို့ မှု့ တွေပြန်ဖွင့်ပေးဖို့   မြစ်ဆုံ နဲ့  နိုင်ငံရေးအကျဉ်းသား ကိစ္စတွေနဲ့  အလဲအလှယ်သဘောမျိုး ဆိုင်းငံ့ တယ် အချိ့ အ၀က် လွတ်ပေးတယ်၊ စစ်အာဏာရှင်အသွင်ဆောင်ထားတုံးက အတင်းဖိနှိပ်ထားတာ လေတွေ နည်းနည်း ဖွပေးတယ်၊
ကချင်(KIA) ကို သူတို့  စီးပွားရေးအတွက် အတင်းစစ်တိုက်ပြီး နယ်မြေလုတယ်၊သူတို့ လက်လှမ်းဝေးနေတဲ့  စစ်အာဏာရှင် အတိုက်အခံတွေကို နီးစပ်ရာနဲ့ လက်တို့  ပြန်ခေါ်တယ်၊ အဲဓိတော့ ဘာမှ မကောင်းသေးမပြောင်းသေးဖူးလို့ ပဲပြောချင်တယ်။ မြန်မာပြည်မှာ ပြည်သူတွေကို ဘာလို ချင်သလဲ မေးမဲ့  အစား စစ်အာဏာရှင် သန်းရွှေ နဲ့  သူ့ ရဲ့ တပည့် သိန်းစိန်အပါအ၀င် သူတို့ အားလုံးကို သာမေးလိုက် ကြပါစို့ ...

အောင်ထွန်း (နော်ဝေး)

No comments: