တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်



တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
 နိုင်မင်းအောင် 
 Myanmar Institute of Peace and Security Studies (MIPSS)
စစ်ရေး နှင့် မဟာဗျူဟာ လေ့လာရေး စာစဉ် အမှတ် (၈)
ဧပြီလ၊ ၂၀၁၃ ခုနှစ်

နိုင်ငံတိုင်းတွင် အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အချိန်များတွင် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူတို့၏ ဘ၀လုံခြုံမှုအတွက် ကာကွယ်စောင့်ရှောက်ရန် တောင့်တင်းခိုင်မာသည့် လက်နက်ကိုင်တပ်ဖွဲ.များ ဖွဲ.စည်းထားရှိရန် လိုအပ်ပါသည်။ ဒုတိယကမ္ဘာစစ် ကာလအတွင်း၊ ကိုလိုနီလက်အောက်ခံနိုင်ငံများ၏ နိုင်ငံလွတ်လပ်ရေးတိုက်ပွဲ ကြိုးပမ်းစဉ်ကာလမှ စတင်၍ လက်နက်ကိုင်တပ်ဖွဲ.များကို တည်ထောင်ဖွဲ.စည်းလာခဲ့ကြသည်။ ထိုဖွံ့ဖြိုးဆဲ တိုင်းပြည်များထဲမှ အာရှ-ပစိဖိတ်ဒေသတွင် အင်အားကြီးမားစွာ ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ကို ညွန်းဆိုပြ ရလျှင် တရုတ်ပြည်သူ.လွတ်မြောက်ရေး တပ်မတော်ကို ညွှန်းဆိုရပေမည်။
ဖက်ဆစ်ဂျပန်ဆန်.ကျင်ရေး တိုက်ပွဲနှင့်အတူ ပေါ်ပေါက်လာသည်. တရုတ်ပြည်သူ.လွတ်မြောက်ရေး တပ်မတော်သည် စစ်အေးတိုက်ပွဲကာလအတွင်း မည်သည့် စစ်ရေးမဟာမိတ်စာချုပ်အဖွဲ.များတွင်မှ ပါဝင်ခြင်းမရှိခဲ့ပေ။ သို့ရာတွင် ယခင်ဆိုဗီယက်ပြည်ထောင်စု၏ နည်းပညာ၊ ရုပ်ဝတ္ထု အကူအညီများဖြင့် စစ်ရေးတည်ဆောက်မှုကို ပြုလုပ်ထားခဲ့သည်။ ၁၉၆၄ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ.တွင်၊ အနုမြူနည်းပညာကိုပိုင်ဆိုင်ပြီး နောက်ပိုင်း တရုတ်ပြည်သူ.လွတ်မြောက်ရေး တပ်မတော်၏ ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာတွင် အပြောင်းအလဲများရှိလာခဲ့သည်။ People’s War စစ်ရေးမူဖြင့် စတင်ခဲ့သော တရုတ်ပြည်သူ.လွတ်မြောက်ရေးတပ်မတော်သည်၊ To win local wars under conditions of Informatization စစ်ရေးမူဝါဒသို. ပြောင်းလဲကျင့်သုံးပြီး အင်အားကြီး တပ်မတော် အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည်။
မျက်မှောက်ခေတ်ပီအယ်အေကို ပင်မတပ်ဖွဲ့၊ မြေပြင်တပ်ဖွဲ.၊ ရေတပ်၊ လေတပ်၊ မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့နှင့် အရန်တပ်ဖွဲ့တိုဖြင့်ဖွဲ.စည်းထားသည်။ ပီအယ်အေ အနေဖြင့် နိုင်ငံတကာစစ်ပွဲ အတွေ့အကြုံ နည်းပါးသော်လည်း ဘော်လကန်ဒေသ၊ ပင်လယ်ကွေ.ဒေသ၊ အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများ၏ အတွေ.အကြုံနှင့်သင်္ခန်းစာများအပေါ် အခြေတည်ပြီး အနာဂါတ်တွင် ကျစ်လစ်တောင့်တင်း ခိုင်မာသည့် တပ်မတော်တရပ်ဖြစ်ရေးအတွက်၊ တရုတ်စစ်ရေးမဟာဗျူဟာရေးဆွဲသူများက စဉ်းစားလာ ခဲ့ကြသည်။ ထို.အပြင် အာကာသစစ်ပွဲ(Space Warfare)၊ ဆိုက်ဘာစစ်ပွဲ (Cyber Warfare) စသည်. နည်းပညာယှဉ်ပြိုင်မှုများတွင် ပါဝင်ပြီး၊ ၂၁ရာစု သတင်းနည်းပညာခေတ်သို. တက်လှမ်းလာခဲ့သည်။

အမြဲတမ်းတပ်ဖွဲ.၀င်အင်အား
Active
၂၂၈၅၀၀၀
မြေပြင်တပ်ဖွဲ.
(Ground Force)
၁၆၀၀၀၀၀
လေတပ်
(Air Force)
၂၅၅၀၀၀
ရေတပ်
(Navy)
၃၀၀၀၀၀-၃၃၀၀၀၀
မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ.
(Strategic Missile Force)
၁၀၀၀၀၀
ပြည်သူ.ရဲတပ်ဖွဲ.
(People’s Armed Force)
၆၆၀၀၀၀
ပြည်တွင်းလုံခြုံရေးတပ်ဖွဲ.များ
(Internal Security Forces)
၄၀၀၀၀၀
အရန်တပ်ဖွဲ.၀င်အင်အား

၅၁၀၀၀၀
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ပီအယ်လ်အေ)ကို၊ နန်ချန်းလူထုအုံကြွမှု (Nanchang Uprising) ကာလအတွင်း ၁၉၂၇ခုနှစ် သြဂုတ်လ(၁)ရက်နေ.တွင် စတင်ဖွဲ.စည်းခဲ့သည်။ နောက်ပိုင်းတွင် ပီအယ်လ်အေကို တရုတ်တပ်နီတော် (the Chinese Red Army) (သို.) ပထမ အလုပ် သမားနှင့်လယ်သမား တပ်မတော် ( First Workers and Peasents’ Army) အနေဖြင့် သိရှိလာခဲ့ကြသည်။ ၁၉၃၄-၃၅ ကာလတွင် တပ်နီတော်သည် ခရီးရှည်ချီတက်ပွဲ (Long March)တွင် ပါဝင်ခဲ့ပြီး၊ မြောက်များစွာသော ကူမင်တန်ဆန်.ကျင်ရေး လှုပ်ရှားမှုများနှင့်အတူ ရှင်သန်ကြီးထွား လာခဲ့သည်။
၁၉၃၇-၃၉ ဒုတိယ တရုတ်-ဂျပန် စစ်ပွဲကာလတွင် တရုတ်ကွန်မြူနစ်တပ်ဖွဲ.များဖြစ်သည့် the Eight Route Army နှင့် the New Fourth Army ယူနစ်များကို တရုတ်ပြည်သူ့သမတနိုင်ငံ၏ အမျိုးသား တော်လှန်ရေးတပ်မတော် (The National Revolutionary Army of Republic of China) အသွင်ပေါင်းစပ်ခဲ့သည်။ ယင်းကာလတွင် ထိုတပ်ဖွဲ.နှစ်ခုသည် ပျောက်ကြားစစ်ပွဲများကိုဆင်နွဲပြီး ဂျပန်ကိုတိုက်ခိုက်ခဲ့သည်။ ထိုအချိန်ကလည်း ရန်သူဂျပန်နောက်ကျောကို အမြဲတမ်းတပ်မတော် မဟုတ်သည်.တပ်ဖွဲ.များ (Paramilitary Forces) နှင့် အမျိုးသားရေးဝါဒီ တပ်ဖွဲ.များ (The Nation- alistForces) တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေတောင့်တင်း ခိုင်မာအောင်လုပ်နေစဉ် အချိန်ဖြစ်သည်။ ဒုတိယ တရုတ်-ဂျပန်စစ်ပွဲအပြီးတွင် ကွန်မြူနစ်ပါတီသည် the Eight Army နှင့် The New Fourth Army နှစ်ခုကို အသွင် တဖြည်းဖြည်း ပြောင်းလာခဲ့ကာ The Multimillion Force (အင် အားနှစ်သန်းထက်ပိုရှိသည်) တရုတ်ပြည်သူ.လွတ်မြောက်ရေးတပ်မတော် အမည်သို. ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး၊ နောက်ဆုံးတွင် တရုတ်ပြည်တွင်းစစ်ကို အောင်နိုင်ခဲ့သည်။
၁၉၄၉ခုနှစ်တွင် စစ်ဒေသကြီးအချို.ကို တည်ထောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်နိုဝင်ဘာလ(၁၁)ရက်နေ.တွင် တရုတ်ပြည်သူ.လွတ်မြောက်ရေး တပ်မတော် လေတပ်ကို ဖွဲ.စည်းတည်ထောင်ခဲ့သည်။ ထို.နောက်ပိုင်း၁၉၅၀ ဧပြီတွင် ရေတပ်ကို ဆက်လက်တည်ထောင်ခဲ့သည်။ ၁၉၅၀ တွင်အခြားတပ်ဖွဲ.များဖြစ်သည့် အမြောက်တပ်ဖွဲ. (Artilllary)၊ သံချပ်ကာတပ်ဖွဲ.များ (Armoured troops)၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ.များ (The Air defence troops)၊ ပြည်သူ.လုံခြုံရေးတပ်ဖွဲ.များ (People Security Forces) နှင့် အလုပ်သမားစစ်သည်ပြည်သူ.စစ် (Worker-soldier militias) များကိုလည်း ဖွဲ.စည်းတည်ထောင်ခဲ့သည်။ ထို.အပြင် အခြားတပ်ဖွဲ.များနည်းတူ ဓါတုစစ်ပွဲ ကာကွယ်ရေးတပ်ဖွဲ.များ (the Chemical Warfare defense forces)၊ မီးရထားလမ်းတပ်ဖွဲ.များ(The railroad forces)၊ ဆက်သွယ်ရေးတပ်ဖွဲ.များ (the communications forces)၊ မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ. (The strategic missile force or the second artillery) တို.ကိုလည်း တိုးချဲ့ဖွဲ.စည်းတည်ထောင်ခဲ့သည်။၁၉၅၀ခုနှစ်များကာလအတွင်း ပီအယ်လ်အေသည် ဆိုဗီယက် အကူအညီဖြင့် လယ်သမားတပ်မတော် (Peasant Army) တခုမှ ခေတ်မှီတပ်မတော်အဆင့်သို.ပြောင်းလဲတည်ဆောက်လာခဲ့သည်။
၁၉၅၅ ခုနှစ်တွင် အဆိုပါလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအနေဖြင့် စစ်ဒေသကြီး(၁၃)ခုအထိ ပြန်လည်ပြင်ဆင်စုဖွဲ.ခဲ့သည်။ ထိုပြင်ဆင်စုဖွဲ.မှုတွင် ပီအယ်အေကို စွန်.ခွါထွက်ပြေးခဲ့သည်. ဗိုလ်ချုပ်ကြီး များနှင့် မြောက်မြားစွာသော အမျိုးသားတော်လှန်ရေးတပ်ယူနစ်များ (National Revolutionary Army Units) ပါဝင်လာသည်။ ၁၉၅၀ခုနှစ်၊နိုဝင်ဘာလတွင် ဖြစ်ပွါးခဲ့သည်. ကို၇ီးယားစစ်ပွဲတွင် ပီအယ်အေသည် People's Volunteer Army အမည်ဖြင့် ယာလူမြစ်ကို ချဉ်းကပ်လာခဲ့သည့် ဗိုလ်ချုပ်ကြီး ဒေါက်ဂရပ်စ်မက်အာသာ ဦးဆောင်သော ကုလသမဂ္ဂတပ်ဖွဲ.များကို ကြားဝင်ဟန်.တားခဲ့သည်။ ထိုပြင်းထန်ကြီးမားသည့် ထိုးစစ်အောက်တွင် ပီဗွီအေတပ်ဖွဲ.များသည် မက်အာသာ၏ တပ်ဖွဲ.များကို မြောက်ကိုရီးယားမြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည့်အပြင် ဆိုးလ်မြို.တော်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။သို.သော် ၃၈မျဉ်းပြိုင် မြောက်ဘက်သို. ပြန်လည်ဆုတ်ခွါခဲ့ရသည်။ ထိုစစ်ပွဲသည် ပီအယ်အေလေတပ်၏ လျင်မြန်စွာခေတ်မှီဖွံဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုခဲ့သည်။

၁၉၆၂ခုနှစ်တွင် တရုတ်-အိန္ဒိယစစ်ပွဲတွင် ပီအယ်အေသည် ရည်မှန်းချက်အားလုံးကို ရရှိသည့်အပြင်အိန္ဒိယကာကွယ်ရေးစနစ်များကို အောင်မြင်စွာ ဦးနှိမ်တိုက်ခိုက်ထားနိုင်ခဲ့သည်။ တရုတ်-ဆိုဗီယက် သွေစွန်းသည့် နယ်စပ်ပြသနာ တိုက်ခိုက်မှုများလည်း ဖြစ်ပွါးခဲ့သည်။ ထိုဖြစ်ပွါးမှုက ယခင် ကူညီထောက်ပံသည့် မိတ်ဆွေများအဖြစ်မှ ယှဉ်ပြိုင်ဘက်ရန်သူများအဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုယှဉ်ပြိုင်မှုမှာ ကြီးထွားလာပြီး၊ ဆိုဗီယက်တပ်များ အာဖဂန်နစ္စတန်ကို ကျူးကျော်ဝင်ရောက်ပြီးသည့် အခါတွင် ပြန်လည်ခုခံတိုက်ခိုက်သည်. အာဖဂန်မူဂျာဟီဒင်အဖွဲ.ကို လေ့ကျင့်မှုနှင့်ထောက်ပံ့မှုများ ပြုလုပ်ပေးသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ ၁၉၇၉ခုနှစ် တရုတ်-ဗီယက်နမ်စစ်ပွဲတွင်လဲ ပီအယ်အေသည် နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုထက် ကျော်လွန်ပြီး ဗီယက်နမ်ကို တိုက်ခိုက်ခဲ့သည်။
ယဉ်ကျေးမှုတော်လှန်ရေးကာလ(The cultural Revolution) မတိုင်မှီက စစ်ဒေသကြီးတပ်မှူးများသည် ၄င်းတို.၏ တာဝန်ရာထူးကို ကြာရှည်စွာထိန်းသိမ်းထားရန်ကိုသာ အာရုံစိုက်ခဲ့သည်။ ပီအယ်အေ၏ နိုင်ငံရေး အခန်းကဏ္ဍ ကြီးထွားလာသည်နှင့်အမျှ၊ ပါတီ (သို့မဟုတ် အရပ်ဘက်) မှ လက်နက် ထိန်းချုပ်ရေးကို တစုံတရာ ခြိမ်းချောက်လာသည့်အသွင်ဖြင့် ရှုမြင်မှုများ ပေါ်ထွက်လာခဲ့ပါသည် တိန်.ရှောင်ဖိန်၏ထောက်ခံမှုနှင့် ချူအင်လိုင်း၏ ကဏ္ဍလေးရပ် ခေတ်မှီရေး ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် ခေတ်မှီစစ်လက်နက်များနှင့် စစ်ဘက်မူဝါဒများဖြင့် တပ်ဆင် ထားသည့် စစ်ရေးကဏ္ဍကိုသာ သီးခြားလုပ်ဆောင်သည်. တပ်မတော်အဖြစ်သို. တည်ထောင်ခဲ့သည်။ တိန်ရှောင်ဖိန်၏ လုပ်ပိုင်ခွင့်နှင့် လျော်ညီစွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပီအယ်အေသည် ၁၉၇၈ခုနှစ် ကတည်းက သန်းနှင့်ချီသောတပ်ဖွဲ.၀င် အမျိုးသား၊အမျိုးသမီးများကို စစ်မှုထမ်းအဖြစ်မှု နှုတ်ထွက်ခွင့်ပေးခဲ့သည်။ ထိုစဉ်မှစ၍ ပီအယ်အေသည် လေ့ကျင့်ရေးနှင့်ပညာရေး၊ လူသစ်စုဆောင်းမှု၊လူသားစွမ်းရည်၊ နှင့် မဟာဗျူဟာ စသည့် ကဏ္ဍများတွင် ခေတ်မှီနည်းနာများကိုအသုံးပြုစတင်ခဲ့သည်။
၁၉၈၀ခုနှစ်များတွင် စီးပွါးရေးတိုးတက်ရန်အတွက် လိုအပ်သော လူအင်အားအရင်းအမြစ်များကို အသုံးပြုနိုင်ရန်အတွက် ပီအယ်လ်အေသည် ၄င်း၏ မြောက်များစွာသောတပ်ဖွဲ.၀င်များကို လျှော့ချခဲ့သည်။ ၁၉၈၀ခုနှစ်များ၏ အစပိုင်းတွင်၊ ပီအယ်အေသည် ထုထည်ကြီးမားသည့် မြေပြင်တပ်အပေါ် ဗဟိုပြုခဲ့သည့် မြေပြင်အခြေစိုက်စွမ်းရည်စစ်ဆင်ရေးကို ပြုပြင်ပြောင်းလဲရန် ကြိုးစားလာခဲ့သည်။ တရုတ်ပြည်နယ်နမိတ်ကို ကျော်လွန်ပြီး ကျယ်ပြန်.သည့် တိုက်စစ်ဆင်မှုများကို ပြုလုပ်နိုင်သည့် အဆင့်မြင့် နည်းပညာတပ်ဆင်ထားပြီး လျင်မြန်စွာလှုပ်ရှားနိုင်သော သေးငယ်ကျစ်လစ်သည်. တပ် စုဖွဲ.မှုကို ပြောင်းလဲလာခြင်းဖြစ်သည်။ အချိန်တိုအတွင်း ကြီးမားစွာ ခြိမ်းခြောက်မှုတခုအနေဖြင့် ရှိခဲ့သည်. ရုရှား၏ကြီးမားသော နယ်မြေကျူးကျော်ထိုးစစ်၊ အသစ်ခြိမ်းခြောက်မှုများဖြစ်သည်. အမေရိကန်၏ ထောက်ပံမှုနှင့် ထိုင်ဝမ်မှ လွတ်လပ်ရေးကြေညာနိုင်ခြေရှိမှုများ နှင့် တောင်တရုတ်ပင်လယ်ကျွန်းစုများနှင့် ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှု စသည်များမှာ အဆိုပါ ပြုပြင်ပြောင်းလဲ စုဖွဲ.ရခြင်း၏ အခြေခံ အကြောင်းတရားများပင်ဖြစ်သည်။
၁၉၈၅ခုနှစ်တွင် ပီအယ်အေသည် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင် တို.၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းသည့်အချိန်ကာလတခုအတွင်း စစ်တပ်ဖွံ.ဖြိုးတိုးတက်ရန် အဆက်မပြတ် ကြိုတင်ပြင်ဆင်ထားရှိခြင်း(Being constantly prepared) မှ လက်ဦးမှုအရယူ (hit early)၊ ပြင်းထန်စွာထိုးနှက်(Strike hard)၊ ညူကလီးယားစစ်ပွဲတခုကိုတိုက်ခိုက်ရန် (to fight a nuclear war) ဆီသို. ပြောင်းလဲခဲ့သည်။ ပီအယ်အေသည်ခေတ်မှီပြီး တိုက်စွမ်းရည် ဖွံ.ဖြိုးတိုးတက်သည်. ကမ္ဘာ့အဆင့်မှီ တပ်တခုဖြစ်လာရန် ဦးတည်ရည်မှန်ဲးလာခဲ့သည်။ တိန်ရှောင်ဖိန်အနေဖြင့် ပီအယ်အေကို အရည်အတွက် မှ အရည်အချင်းရှိသည့် တပ်ဖြစ်လာစေရန် အထူးအလေးထားခဲ့သည်။ ၁၉၈၅ခုနှစ် တရုတ်အစိုးရဆုံးဖြတ်ချက်အရ ပီအယ်အေကို ၁၉၈၇ခုနှစ်တွင် ပြီးပြည်.စုံသည့် အမြဲတမ်းစစ်သည် တသန်း အရွယ်အစားရှိသည့် စစ်တပ်တခုသို. လျော့ချဖွဲ.ရန်ဖြစ်သည်။ စစ်တပ်ဦးဆောင်မှု အခန်းကဏ္ဍ မှာရှိသည်. ဦးစီးအဖွဲ့အမှုထမ်း အရေအတွက်ကိုလည်း ၅၀ ရာခိုင်နှုံး လျော့ချခဲ့သည်။ န၀မမြောက် ငါးနှစ်စီမံကိန်း(၁၉၉၆-၂၀၀၀) (The Ninth Five Year Plan) တွင် နောက်ထပ်အင်အား ၅၀၀၀၀ ကိုလည်း လျော့ချခဲ့သည်။
ပီအယ်အေသည် အလွန်အဆင့်မြင့်သည့် စစ်ပွဲတခုကို ဆင်နွဲနိုင်ရန်အလို.ငှါ သတင်းနည်းပညာနှင့် စက်ယန္တယားကိရိယာဖွံ.ဖြိုးတိုးတက်မှုအပေါ်တွင် ဦးတည်ရည်မှန်းလာခဲ့သည်။ ဗဟိုစစ်ကော်မရှင် ဥက္ကဌဟောင်း ကျန်ဇီမင်းက စစ်တပ်ကို ထောက်ပံ့ရေးဆိုင်ရာ အထောက်အကူများကို လုံလောက် အောင်ဖြည့်ဆည်းပေးရန်၊ စည်းကမ်းကို တင်းကြပ်စွာ လိုက်နာရန်၊ကောင်းမွန်သည့် အလုပ်ပုံစံတခု ဖြစ်စေရန်၊ စစ်မက်ရေးရာနှင့်ပတ်သက်ပြီး အရည်အချင်း ဗဟုသုတ ရှိစေရန်နှင့် နိုင်ငံရေးဆိုင်ရာ အဆင့်အတန်းများကိုဖြည်.ဆည်းပေးရန်ပန်ကြားခဲ့သည်။
၁၉၉၁ခုနှစ် ပင်လယ်ကွေ.စစ်ပွဲသည် တရုတ်ဦးဆောင်သူများကို ပီအယ်အေမှာ အရွယ်အစားကြီးမားပြီး ခေတ်မမှီသည်.စစ်တပ်ဖြစ်ကြောင်း လုံးလုံးလျားလျား လက်ခံသဘောပေါက်စေရန် မီးမောင်းထိုးပြ ခဲ့သည်။ ထို.ပြင် ၁၉၉၀ခုနှစ်များ၏ နှောင်းပိုင်းကတည်းက အိမ်နီးချင်းဂျပန်နိုင်ငံ၏ စစ်ပြင်ဆင်မှု အလားအလာများကလည်း တရုတ်ပြည်ဦးဆောင်သူများကို စိုးရိမ်ကြောင့်ကြမှု တခုအနေဖြင့် ဆက်လက်ရှိနေစေခဲ့သည်။ ထို့အပြင် အမေရိကန်စစ်တပ်၏ အီရတ်သူပုန်များကို စစ်ဆင်မှုနှင့် ၂၀၀၃ ခုနှစ် အီရတ်ကိုကျူးကျော်မှု၊ ၂၀၀၁ခုနှစ် အာဖဂန်နစ်တန်ကျူးကျော်မှု နှင့် ကိုဆိုဗိုစစ်ပွဲများ ကာလအတွင်း အောင်မြင်မှုများနှင့်ဆုံးရှုံးမှုများက တရုတ်စစ်ဘက်ဆိုင်ရာဦးဆောင်သူများ၏ လေ့ လာသင်ယူမှုနှင့် တုံ.ပြန်မှုများကို ဆောင်ကျဉ်းပေးခဲ့သည်။ အဆိုပါ လေ့လာသင်ယူမှုများက ပီအယ်အေကို အရေအတွက်အပေါ် အခြေခံသည်. စစ်တပ်တခုအဖြစ်မှ အရည်အချင်းပေါ် အခြေခံသည့် စစ်တပ်တခုသို.ပြောင်းလဲစုဖွဲ.ရန် တရုတ်ပြည်ကို စေ့ဆော်ပေးခဲ့သည်။
ဥက္ကဌကျန်ဇီမင်းက တရုတ်လက်နက်ကိုင်တပ်ဖွဲ.များ ခေတ်မှီစေရန် အလို.ငှါ ၁၉၉၃ခုနှစ်တွင် တရားဝင် အမျိုးသားစစ်ဘက်မဟာဗျူဟာ၏ အစိတ်အပိုင်းတခုဖြစ်သည်. စစ်ဘက်ရေးရာ တော်လှန်ပြုပြင် ပြောင်းလဲမှု(The Revolution In Military Affairs- RMA) တခုကို ပြုလုပ်ခဲ့သည်။ RMA ၏ ရည်မှန်းချက်တခုမှာ အရည်အချင်း ပြည်.၀ပြီး အောင်မြင်မှုကို လက်တွေ.လုပ်နိုင်စွမ်းသော တပ်တခု (a force capable of winning) ဆီသို. ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ ဆိုလိုရင်းမှာ မြောက်မြားစွာသောမြေပြင်အနေအထားမျိုးစုံကို စိုးမိုးထားသည်.ထုထည်ကြီးမားသော စစ်ပွဲတခု (a massive,numbers-dominated ground-type war) ထက် အဆင့်မြင့်နည်းပညာ အခြေအနေအောက်မှာ ထိရောက်သော ဒေသန္တရ စစ်ပွဲများ(local wars under high-tech conditions) ကို ဆင်နွှဲနိုင်သည်. တပ်ဖြစ်ရန် ရည်ရွယ်ခဲ့သည်။
တရုတ်စစ်ဘက် စီမံချက်ရေးဆွဲသူများက နိုင်ငံရေးရည်မှန်းချက်များနှင့် ပထ၀ီနယ်ပယ်နှစ်ခုစလုံး အပေါ်မှာ ကန်.သတ်ထား၇ှိသော တိုတောင်းပြီး လျင်မြန်စွာအဆုံးအဖြတ်ပေးနိုင်သည်. တိုက်ပွဲစဉ်များ ကိုသာ ရေးဆွဲကြသည်။ အတိတ်နှင့်မတူ အထူးအာရုံစိုက်လာသည်ကတော့ တရုတ်ပြည်မှ အလှမ်းဝေးကွာသည့် နေရာများသို.ထောက်လှမ်းနိုင်စွမ်းရှိပြီး လှုပ်ရှားစစ်ကစားနိုင်မှုများကို ဦးစားပေး လာခြင်းဖြစ်သည်။ ဒီ စစ်ရေးမူအသစ်များက ရေတပ်နှင့်လေတပ်၏ တာဝန်ထမ်းဆောင်နိုင်မှု စွမ်းရည်ကိုတောင့်တင်းခိုင်မာလာအောင် ပြောင်းလဲပေးခဲ့သည်။ ပီအေအယ်သည် ဆိုက်ဘာ စစ်ပွဲ (Cyber warfare) နှင့် အာကာသစစ်ပွဲ (Space warfare) များအတွက်လည်း စိတ်ဝင်တစား ပြင်ဆင်လုပ်ဆောင်ထားခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်၊ အနှစ်(၂၀)ကာလမှစတင်ပြီး ပီအယ်အေသည် ရုရှားမှ အချို.သော အဆင့်မြင့် စစ်လက်နက်စနစ်များကို ရယူခဲ့သည်။ ထိုအထဲတွင် ရေတပ်အတွက် ဖျက်သဘောင်္များ၊ Kilo-class ဒီဇယ်အင်ဂျင်သုံး ရေငုပ်သဘောင်္များ နှင့် လေတပ်အတွက် Sukhoi Su -27 နှင့် Sukhoi Su – 30,35 အမျိုးအစား လေယာဉ်များ ပါဝင်သည်။ ထို.အပြင် 2AAW type 052C class ပဲ့ထိန်းလမ်းညွန် ဒုံးပျံများတပ်ဆင်ထားသည်. ဖျက်သဘောင်္များအပါအ၀င် အသစ်တည်ဆောက်ခဲ့သည် ဖရီးဂိတ်နှင့် ဖျက်သဘောင်္များဖြင့် ရေတပ်ကိုအားဖြည့်ထားခဲ့သည်။ တရုတ်ပြည်တွင် ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်ထုတ်လုပ်ခဲ့သည်. J-10,11 ဂျက်တိုက်လေယာဉ်ပျံများကိုထုတ်လုပ်ပြီး လေတပ်တွင် ဖြည့်ဆည်းခဲ့သည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ပီအယ်အေသည် ညူကလီးယားထိပ်ဖူးများ (nuclear warheads) တပ်ဆင် ပစ်ခတ်နိုင်စွမ်း၇ှိသည်. Jin class ညူကလီးယား စွမ်းအင်သုံးရေငုပ်သဘောင်္အသစ်များကို ရေချတပ်ဆင်ခဲ့သည်။ ထိုရေငုပ်သဘောင်္များမှ ပစိဖိတ်သမုဒ္ဒရာဖြတ်ကျော်ပြီး ပစ်မှတ်များကို စမ်းသပ် ပစ်ခတ်နိုင်စွမ်း၇ှိခဲ့သည်။ ယခုအခါတွင် ပီအယ်အေရေတပ်တွင် လေယာဉ်တင်သဘောင်္တစီးဖြင့် ရေတပ်စွမ်းရည်ကိုအားဖြည်.ထားသည်။ ၂၀၁၀ သြဂုတ်လတွင် ပီအယ်အေ နေ.စဉ်သတင်းစာမှ တရုတ်စစ်တပ်မဟာဗျူဟာများမှာ ခေတ်မမှီတော့ကြောင်းနှင့် နိုင်ငံခြားစစ်တပ်များ၏ သတင်းနည်းပညာ ဖွံ.ဖြိုးမှုအတွေ.အကြုံများမှ ရဲရဲတင်းတင်း လေ့လာသင်ယူသင့်ကြောင်း အကြံပြုရေးသားခဲ့သည်။
စစ်တပ်ဖွဲ.စည်းပုံ (The Military System)
အမျိုးသားစစ်ဘက်ကွပ်ကဲမှုဌာနချုပ် (National Military Command)
တရုတ်နိုင်ငံစစ်တပ်ဖွဲ.စည်းပုံတွင် လက်နက်ကိုင်တပ်ဖွဲ.အားလုံးအပေါ် ကွန်မြူနစ်ပါတီကအကြွင်းမဲ့ ဦးဆောင်မှုကို ရယူထားသည်။ ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ကောင်စီတို. ပူးပေါင်းထားသည့် ဗဟိုစစ်ကော်မရှင်ကို ဖွဲ.စည်းထားသည်။ ထိုစစ်ကော်မရှင်မှ လက်နက်ကိုင်တပ်ဖွဲ.များအပေါ် အမြင့်ဆုံး စစ်ဘက်ဦးဆောင်မှုတာဝန်များကိုလုပ်ဆောင်သည်။ ၁၉၅၄ခုနှစ် ဖွဲ.စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမတသည် လက်နက်ကိုင်တပ်ဖွဲ.များကို တိုက်ရိုက်အမိန်.ပေးသည်။ သမတသည်ကာကွယ်ရေး ကော်မရှင်(The Defense Commisson) ၏ ဥက္ကဌတာဝန်ကို ယူရသည်။ (ထိုကော်မ၇ှင်သည် အကြံပေးဘုတ်အဖွဲ.ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ.များကိုဦးမဆောင်ပေ။) ၁၉၅၄ခုနှစ် စက်တင် ဘာလ(၂၈)ရက်နေ.တွင် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် လက်နက်ကိုင်တပ်ဖွဲ. များနှင့် ပီအယ်အေကို ဦးဆောင်သည်. ခေါင်းဆောင်များနှင့် ဗဟိုစစ်ကော်မရှင်(Central Military Comission) ကို ပြန်လည်ဖွဲ.စည်းခဲ့သည်။
ထိုအချိန်မှ စတင်ပြီး ပါတီနှင့်နိုင်ငံတော်တို.ပူးတွဲစစ်ဘက် ဦးဆောင်မှုစနစ်ကို တည်ထောင်ခဲ့သည်။ ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် စစ်ဘက်ရေးရာအားလုံးကို ဦးဆောင်သည်။ နိုင်ငံတော်သမတသည် နိုင်ငံတော်ကောင်စီ၏ စစ်ဘက်ဆိုင်ရာတပ်ဖွဲ.များ ဖွံ.ဖြိုးတိုးတက်ရေးအတွက် စီမံခန်.ခွဲမှုများနှင့် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ.များအားလုံးကို တိုက်ရိုက်စီမံကွပ်ကဲသည်။ ကွန်မြူနစ်ပါတီ၏ အကြွင်းမဲ့ဦးဆောင်မှုကို သေချာစေရန်အလို.ငှါ စစ်ဘက်ရေးရာလက်နက်ကိုင် တပ်ဖွဲ.များတွင် ပါတီကော်မတီအဆင့်များကို ဒီမိုကရက်တစ်ဗဟိုဦးစီးစနစ်အခြေခံသဘောတရား (The Principle of democratic centralism) ဖြင့ိ အကောင်အထည်ဖေါ်ထားသည်။ တပ်မများ(The Divisions) နှင့် ၄င်းအထက် အဆင့်များတွင် နိုင်ငံရေးမှူးများ(political commissars) ကို ခန်.အပ်တာဝန်ပေးထားသည်။ ထိုအစုအဖွဲ.အမျိုးမျိုးတွင် တပြေးညီဖြစ်အောင် စီမံထားရှိသည်။ ထိုစုဖွဲ.မှုပုံစံက အုပ်ချုပ်ရေးပိုင်း ဦးဆောင်မှု နှင့် ပါတီ၏ ဦးဆောင်မှုကို ရရှိစေရန်အတွက် စစ်ဘက်အစုအဖွဲ.များနှင့်အတူ ပါတီ အစုအဖွဲ.များကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဒီစနစ်မှာ စစ်တပ်အပေါ် ပါတီ၏ အကြွင်းမဲ့ဦးဆောင်မှုကို အဓိက အာမခံပေးထားချက်ဖြစ်သည်။
စစ်ဘက်ဦးဆောင်မှု(Military Leadership)
ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုသည် တရုတ်ပြည်စစ်ဘက်ကွပ်ကဲမှုစနစ်၏ အခြေခံသဘောတရား တခုပင်ဖြစ်သည်။ ပီအယ်အေအနေဖြင့် နိုင်ငံတော်ကောင်စီတခုထဲသို. အစီရင်ခံမှုမလုပ်ရပေ။ ဗဟိုစစ်ကော်မရှင် နှစ်ခုစလုံးသို.အစီရင်ခံရသည်၊။ ထိုစစ်ကော်မရှင်နှစ်ခုမှာ နိုင်ငံတော်ကောင်စီမှဖွဲ.စည်း
ထားသည့် စစ်ကော်မရှင်နှင့် ကွန်မြူနစ်ပါတီမှ ဖွဲ.စည်းထားသည့် စစ်ကော်မရှင်တို.ဖြစ်သည်။ လက် တွေ.တွင် ထိုစစ်ကော်မ၇ှင်နှစ်ခုသည် တခုနှင့်တခု ကြားပြသနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုဗဟိုစစ်ကော်မ၇ှင်နှစ်ခုစလုံးသည် အစဉ်အမြဲ ထပ်တူနီးပါးဖြစ်နေသောကြောင့်ဖြစ်သည်။ သို.သော် ငါးနှစ်မြောက် နှစ်စဉ်တိုင်း လအနည်းလောက်တွင် ထိုဗဟိုစစ်ကော်မရှင်နှစ်ခုကြား အဖွဲ.၀င်များ ကွဲပြားမှုဖြစ်ပေါ်တတ်သည်။ ထိုကွဲပြားမှုအချိန်မှာ ပါတီကွန်ဂရက်မှ ဗဟိုစစ်ကော်မရှင်ပြောင်းလဲချိန်နှင့်ပြည်လုံးဆိုင်ရာ ပြည်သူ.ကွန်ဂရက်မှ ဗဟိုစစ်ကော်မရှင် အဖွဲ.၀င်များ ပြောင်းလဲချိန်ကာလ အပိုင်းအခြားဖြစ်သည်။ ပါတီမှ ဗဟိုကော်မတီနှင့်ပေါ်လစ်ဗျူရိုများ ကြိုတင်ရွေးချယ်သည့် အစည်းအဝေး ကြိုတင်ကျင်းပပြီး၊ ပြည်သူ.ကွန်ဂရက်မှ သမတ၊ ၀န်ကြီးချုပ် နှင့် နိုင်ငံတော်ကောင်စီဝင်များကို ရွေးချယ်ပွဲကို ဆက်လက်ကျင်းပသည်။ ဗဟိုစစ်ကော်မရှင်သည် ဖွဲ.စည်းပုံအခြေခံဥပဒေနှင့် အမျိုးသား ကာကွယ်ရေးဥပဒေ (The Constitution and National Defense Law) က အပ်နှင်းထားသည်. လုပ်ပိုင်ခွင့်အရ တာဝန်ရှိမှုများကို ဆက်လက်လုပ်ဆောင်သည်။
စစ်တပ်တပ်ဖွဲ.အမျိုးအစားတခုခြင်း၏ ဦးဆောင်မှုသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ဗဟို စစ်ကော်မရှင်အလားတူအစိတ်အပိုင်းမှ ဦးဆောင်မှုနှင့်စီမံခန်.ခွဲမှု အောက်တွင်ရှိသည်။ ပီအယ်အေ တပ်မတော် တခုခြင်းစီအောက်မှာရှိသည်. တပ်ဖွဲ.များ (သို.) ထိုထက်တဆင့်နိမ့် တပ်ဖွဲ.များကဲသို.တပ်၊ အကယ်ဒမီများနှင့်ကျောင်းများ၊ သိပ္ပံသုတေသနနှင့် အင်ဂျင်နီယာ အင်စတီကျူးရှင်းများ၊ထောက်ပံ့ ပို.ဆောင်ရေးဆိုင်ရာ အထောက်အကူအစုအဖွဲ.များ (Logistical support organizations) သည်လည်း ဗဟိုစစ်ကော်မရှင်၏ ဦးဆောင်မှုအောက်တွင်၇ှိသည်။ ထိုစီမံမှုက များစွာအသုံးဝင်ခဲ့သည်။ အဆိုပါ အကျိုးဆက်အနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်များစွာအတွင်း တရုတ်ပြည် သည် ပီအယ်အေကို စစ်တပ်တခုထက်ပိုသည်. တပ်ဖွဲ.များ ရောယှက်ပေါင်းစပ်ထားသည်. စစ်ဘက် အစုအဖွဲ.များဆီသို့ ရွေ့လျားပြောင်းလဲလာခဲ့သည်။ ၁၉၈၂ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်အမိန်.ပေးကွပ်ကဲမှု စည်းလုံးတောင့်တင်းခိုင်မာစေရန်၊ အဆင့်ဆင့်သော တာဝန်ထမ်းဆောင်နေသည်. တပ်၊ ဌာနများ အပါအ၀င် တပ်ဖွဲ.များ၏ ဌာနချုပ်အချင်းချင်း အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ခေတ်မှီလိုအပ်ချက်များ ဖြည်းဆည်းဆောင်ရွက်နိုင်ရန် အလို.ငှါ ဗဟို စစ်ကော်မရှင် သည် အမျိုးမျိုးကွဲပြားနေသည်. စစ်ဘက်ဌာနအသီးသီး၏ ဦးဆောင်မှု အစုအဖွဲ.များကို ဖျက်သိမ်းရန် အမိန်.ပေးခဲ့သည်။
မျက်မှောက် ပီအယ်အေတွင် မြေပြင်တပ်ဖွဲ.၊ လေတပ်၊ ရေတပ် နှင့် မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ. စသည့် ဦးဆောင်မှုအဖွဲ.အစည်းများပါရှိသည်။ ၁၉၈၆ခုနှစ်တွင် The People’s Armed ForcesDepartment ကို အချို.သော နယ်စပ်ဒေသများမှအပ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပီအယ်အေ ပူးတွဲဦးဆောင်မှု အောက်တွင် ထား၇ှိခဲ့သည်။ သို.ရာတွင် အချို.လက်တွေ.ဘ၀ပြသနာများ၏ အကျိုးရလာဒ်တခု အနေဖြင့်The People’s Armed Forces Department ကို ဒေသန္တရပါတီများမှ နီးကပ်စွာဂရုစိုက်ပြီး လစာငွေများထောက်ပံ့ခဲ့ရသည်။ ၁၉၉၆ခုနှစ် ဧပြီလ(၁)ရက်နေ.ကျော်လွန်ပြီးနောက် The People’s Armed Forces Department ကို တဖန်ပြန်လည်ပြီး ပီအယ်အေ၏ လက်အောက်သို. ထား၇ှိရန် ဗဟိုစစ်ကော်မရှင်မှ ဆုံးဖြတ်ခဲ့ရသည်။
ဗဟိုစစ်ကော်မရှင်(Central Military Commission)
တရုတ်ပြည်၏ ဗဟိုစစ်ကော်မရှင်ကိုလေ့လာကြည့်လျှင် နှစ်ပိုင်းတွေ့ရသည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဗဟိုစစ်ကော်မရှင်နှင့် နိုင်ငံတော်ဗဟိုစစ်ကော်မရှင်(The State Central Military Commission) တို.ဖြစ်သည်။ ၁၉၈၂ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပခဲ့သည်. ငါးကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ.ကွန်ဂရက်မှ နိုင်ငံတောအစိုးရ်ဗဟိုစစ်ကော်မရှင်သည် တိုင်းပြည်ရှိ လက်နက်ကိုင်တပ်ဖွဲ.အားလုံးကို ဦးဆောင်မှုအတွက်အထောက်အပံ့ဖြစ်စေရန် ဖွဲ.စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။ နိုင်ငံတော်ဗဟိုစစ်ကော်မရှင်ဥက္ကဌကို ပြည်သူကွန်ဂ
ရက်တက်ရောက်သူအားလုံးမှ ရွေးချယ်ခြင်း၊ တာဝန်မှဖယ်ရှားခြင်းတို.ကို လုပ်ဆောင်ခဲ့သည်။ ကျန်အဖွဲ.၀င်များကို ပြည်သူ.ကွန်ဂရက် အမြဲတမ်းကော်မတီမှ ရွေးချယ်သည်။ ထိုသဘောက ပါတီဗဟိုကော်မတီ၏ ဗဟိုစစ် ကော်မရှင်နှင့် နိုင်ငံတော်အစိုးရဗဟိုစစ်ကော်မရှင် ဆိုပြီး one group and one organization ဖြစ်သည်။ သို.ရာတွင် ၄င်းတို.၏ အစုအဖွဲ.ပုံစံကိုကြည်.လျှင် အဆိုပါ ဗဟိုစစ်ကော်မရှင်နှစ်ခုသည် ပါတီဖွဲ.စည်းပုံနှင့် နိုင်ငံတော် အစိုးရ ဖွဲ.စည်းပုံ ဟုခေါ်သည့် မတူကွဲပြားသော ဖွဲ.စည်းပုံနှစ်ခု၏ တဆင့်နိမ့် များသာလျင်ဖြစ်သည်။ ထို.ကြောင့် လက်နက်ကိုင်တပ်ဖွဲ.များအားလုံးသည် ကွန်မြူနစ်ပါတီ၏ အကြွင်းမဲ့ဦးဆောင်မှုအောက်တွင် ရှိသည်ဟု ဆိုနိုင်သည်။ တပြိုင်နက်ထဲမှာပင် နိုင်ငံတော်အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ.များလည်း ဖြစ်သည်။ အဆိုပါအခြေအနေသည် ပူးတွဲဦးဆောင်မှုပုစံ၏ ထူးခြားချက်တမျိုးဖြစ်သကဲ့သို့ ကွန်မြူနစ်ပါတီ၏ စစ်ဘက်ဌာနတခုအနေဖြင့် ပီအယ်အေ၏ မူလအခြေအနေကိုလည်း ရောင်ပြန်ဟပ်သည်။ ပီအယ်အေသည်၁၉၄၉ခုနှစ်တွင် တရုတ်ပြည်သူ. သမ္မတနိုင်ငံကို ထူထောင်ပြီး အချိန်တွင် အမျိုးသားတပ်မတော် ဖြစ်လာခဲ့သည်။ အစဉ်အလာအားဖြင့် ဗဟို စစ်ကော်မရှင် ဥက္ကဌနှင့် ဒု-ဥက္ကဌသည် ကွန်မြူနစ်ပါတီ၏ အရပ်သားအဖွဲ.၀င်များဖြစ်သည်။
ကျန်ဇီမင်းနှင်တိန်.ရှောင်ဖိန်တို. နှစ်ဦးစလုံးသည် အခြားသူတို. တာဝန်အဆင့်များကို စွန်.လွှတ် သွားသည့်တိုင်အောင် ထိုဥက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ဗဟိုစစ်ကော်မရှင်သည် အခြားလက်နက်ကိုင်တပ်ဖွဲ.များနှင့် စစ်တပ်ကို တိုက်ရိုက် ဦးဆောင်သည်. ပါတီအဖွဲ.အစည်းအနေနှင့် ဆက်လက်တည်ရှိနေသည်။ အခြားဗဟိုစစ်ကော်မရှင် အဖွဲ.၀င်များသည် စစ်တပ်တွင် အချိန်ပြည်.စစ်မှုထမ်းနေသည့် အရာရှိများဖြစ်သည်။ အခြားနိုင်ငံများနှင့် မတူသည်မှာ ကာကွယ်ရေးဝန်ကြီးသည် စစ်တပ်အကြီးအကဲမဟုတ်ပေ။ သို.သော် ဗဟိုစစ်ကော်မရှင်ရဲ. ဒု-ဥက္ကဌ တာဝန်ကို ပုံမှန်ထမ်းဆောင်သည်။ ၂၀၁၂ ခုနှစ်တွင် တရုတ်တပ်မတော်အမြင့်ဆုံး အဆင့်များ၌ အကျင့်ပျက်ခြစားမှုများ ထိန်းချုပ်လျော့ချရန် ကြိုးပမ်းရန်သည်. အနေဖြင့် ဗဟိုစစ်ကော်မရှင်သည် စစ်တပ်ဧည်ခံကြိုဆိုရေးပွဲများ၌ အရက်ဖြင့်ဧည်.ခံဝန်ဆောင်မှုကို တားမြစ်ခဲ့သည်။
ဗဟိုစစ်ကော်မရှင်အဖွဲ.၀င်များတွင် Minister of the Ministry of National Defense ၊ Chief of General Staff of the People’s Liberation Army ၊ Director of the Political Department၊ Director of the Logistics Department ၊ Director of the Armaments Department၊ Commander of the Artillery Corps ၊ Commander of the PLA Navy ၊ Commander of the PLA Air force စသူများ ပါဝင်သည်။
ပီအယ်အေ စစ်ဦးစီးဌာနချုပ် (PLA General HQ)
ပီအယ်အေ စစ်ဦးစီးဌာနချုပ်တွင် ဌာနလေးခုပါဝင်ဖွဲ.စည်းထားသည်။ ၄င်းတို.မှာ စစ်ဦးစီးဌာန (GeneralStaff Department-GSD)၊ နိုင်ငံရေးဌာန(General Political Department-GPD)၊ ထောက်ပံ့ရေးဌာန (General Logistics Department-GLD) နှင့် စစ်လက်နက်များဌာန (အထူးသဖြင့် အမြောက် လက်နက်ကြီးများ၊ ဗုံးများနှင့်တင့်ကားများ)(General Armaments Department-GAD) တို.ဖြစ်သည်။
(က) စစ်ဦးစီးဌာန( General Staff Department)
ဗဟိုစစ်ဌာနချုပ် စစ်ဦးစီးဌာနသည် ပီအယ်အေအတွက် ဌာနချုပ်နှင့် အမိန်.ပေးယန္တရားဖြစ်သည်။ ၄င်းဌာနသည် ဗဟိုစစ်ကော်မရှင်၏ အကြွင်းမဲ့ဦးဆောင်မှုအောက်တွင် ရှိသည်။ အဆိုပါဌာန၏ တာဝန်များမှာ ပီအယ်အေ၏ လေ့ကျင့်ရေးနှင့်အုပ်ချုပ်မှု.များ (Trainings and Administrations)၊ တပ်စု ဖွဲ.ဖြန်.ခွဲခြင်း (Formation)၊ စစ်စည်းရုံးခြင်းများ (Mobilization)၊ စစ်သားစုဆောင်းခြင်းများ (Re-Cruitments)၊ စစ်ဆင်ရေးကွပ်ကဲမှု (Operations Command) စသည်တို.ဖြစ်သည်။ စစ်ဦးစီးဌာန အောက်တွင် တိုက်ပွဲဝင် စစ်ဆင်ရေးကွပ်ကဲရေးဌာန (Combat Operation Command)၊ တိုက်ပွဲဝင်ဆက်သွယ်ရေးဌာန(Combat Communications)၊ စစ်ဘက်ထောက်လှမ်းရေးဌာန (Military Intelligence)၊ စစ်စည်းရုံးခြင်းဌာန(Mobilization)၊ အီလက်ထရောနစ်စစ်ဆင်ရေး(Electronic Warfare)၊ နိုင်ငံခြားဆက်ဆံရေး(Foreign Relations) နှင့် စီမံအုပ်ချုပ်ရေးဌာန(Management) စသည်တို.ကိုပါဝင်စုဖွဲ.ထားသည်။ ပီအယ်အေ၏ စစ်ဦးစီးအဖွဲ.ဌာနချုပ် (PLA General Staff Headquarters)သည် ပီကင်းမြို.တွင်ထားရှိသည်။ စစ်ဦးစီးဌာနချုပ်တည်ဆောက်ပုံမှာ စစ်ဦးစီးချုပ် (၁)ဦး(Chief of Staff)၊ ဒု-စစ်ဦးစီးချုပ်(၁)ဦး၊ လက်ထောက်စစ်ဦးစီးချုပ်(၂)ဦး၊ နိုင်ငံရေးဌာန ဒါရိုက်တာ(၁)ဦး နှင့် ရုံးအဖွဲ.တို.ပါဝင်သည်။
(ခ) နိုင်ငံရေးဌာန (General Political Department-GPD)
ဗဟိုစစ်ဌာနချုပ် နိုင်ငံရေးဌာနသည် ဗဟိုစစ်ကော်မရှင်လက်အောက် နိုင်ငံရေးဆိုင်ရာ ယန္တရား၏ အနှစ်ဖြစ်သည်။ ၄င်းသည် ပီအယ်အေ၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ဦးဆောင်သည်။ပီအယ်အေ နိုင်ငံရေးဌာနသည် ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း မော်စီတုန်းအတွက်အရေးကြီးသည်. အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့သည်။ တရုတ်ပြည်နိုင်ငံတော်ယန္တရားတခုလုံးတွင် ဖွဲ.စည်း တည်ထောင်ခဲ့သည်. နိုင်ငံရေးဌာန၏ လုပ်ပိုင်ခွင့်အာဏာကို အခြေခံပြီးလုပ်ဆောင်ခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေးမတိုင်ခင် ၁၉၆၄ခုနှစ် နွေရာသီကာလတွင် ဒေသဆိုင်ရာနှင့်ဗဟိုအဆင့်များတွင် တရုတ်ပြည်၏ အုပ်ချုပ်မှုကဏ္ဍခွဲများတခုလုံးတွင် နိုင်ငံရေးဌာနလို.ခေါ်သည်. အဖွဲ.အစည်းများကို ဖွဲ.စည်း တည်ထောင်ခဲ့သည်။ အဖွဲ.၀င်များသည် စစ်တပ်ကို ကောင်းသထက်ကောင်းအောင်နှင့် မော်စီတုန်း၏ အလုပ်များကို လေ့လာရန်ဖြစ်ခဲ့သည်။ ထိုအဖွဲ.အစည်းများကို နိုင်ငံရေးဌာနမှဦးဆောင်ခဲ့ သည်။
အဆိုပါယန္တရားဖြင့် မော်စီတုန်းနှင့် Lin Biao တို.သည် လက်နက်ကိုင်တပ်ဖွဲ.များအပေါ် ထိန်းချုပ်မှုကို လက်တွေ.ကျင့်သုံးခဲ့သည်။ ပါတီဗဟိုကော်မတီထက် လက်နက်ကိုင်တပ်ဖွဲ.များ၏ ကွပ်ကဲမှုအောက်မှာ နိုင်ငံရေးဌာန အကျိုးစီးပွါးကို ပြုလုပ်ခဲ့သည်။ ယင်းလုပ်ဟန်သည် ပါတီ၏ လုပ်ရိုးလုပ်စဉ် နည်းလမ်းများမှ ဖယ်ခွါခဲ့ပြီး အကျိုးသက်ရောက်မှုရှိသည့် အပြိုင်ဆင့်ကဲအမိန်.ပေးစနစ်တခု (parallel chain of command) ကိုဖန်တီးခဲ့သည်။
GPD ကို ဒါရိုက်တာ(၁)ဦး၊ ဒု-ဒါရိုက်တာ(၅)ဦး၊ လက်ထောက်ဒါရိုက်တာ(၂)ဦးနှင့် GPD ရုံးအထွေထွေ အတွင်ရေးမှူးတို.ဖြင့် စုဖွဲ.ထားသည်။ လက်ရှိဒါရိုက်တာမှာ Li Jinai ဖြစ်သည်။ GPD ဦးဆောင်မှုအောက်တွင် အခြားဌာနများလည်း ရှိသည်။ ၄င်းတို.မှာ The Discipline Inspection Department , The Foreign Affairs Bureau General Office, The Justice Bureau General Office, Mass Work Bureau General Office, Cadre Department, Culture Department တို.ဖြစ်သည်။ Directly subordinated organs Work Department များဖြစ်သည့် Liaison Department, Organization Department, Propaganda Department, Security Department များကိုလည်း ပါဝင်ဖွဲ.စည်းထားသည်။ GPD သည် the Military Museum of the Chinese People’s Revolution, Liberation Army Daily, The PLA Literature and Art Press, PLA Pictorial နှင့် PLAPress ကိုလည်း ကြီးကြပ်သည်။ GPD ဌာနသည် Political Commissars ဖွဲ.စည်းပုံတခုကို ထားရှိပြီး အရပ်သားအစိုးရနှင့်ပါတီအပေါ်သစ္စာစောင့်သိမှုကိုခိုင်မာစေရန် သီးခြားဆင့်ကဲကွပ်ကဲမှု စနစ်တခု (separate chain of command) ပြုလုပ်ထားသည်။ ဗဟိုစစ်ကော်မရှင်သည် အထက်ဖေါ်ပြပါ ဌာနလေးခုကို ဖြတ်ပြီး မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ.၊ လေတပ်၊ရေတပ်နှင့် စစ်ဒေသကြီးများအပေါ် ဦးဆောင်မှုကို လက်တွေ.ကျင့်သုံးသည်။
(ဂ) ပီအယ်အေ ထောက်ပံ့ရေးဌာန(The PLA General Logistics Department-GLD)
ပြည်သူ.လွတ်မြောက်ရေးတပ်မတော် ထောက်ပံရေးဌာနသည် ဗဟိုစစ်ကော်မရှင်အောက်မှာ ရှိသည်. ပီအယ်အေစစ်ဌာနချုပ်ရှိ ဦးဆောင်ယန္တရားတခုဖြစ်သည်။ ၄င်းဌာနသည် ပီအယ်အေ၏ ထောက်ပံရေး လမ်းကြောင်း လုံခြုံချောမွေ.စေရေးအတွက် ဦးဆောင်စီစဉ်ရသည်။ GLD ရဲ.လက်ရှိ ဒါရိုက်တာမှာ Liao Xilong ဖြစ်ပြီး Political commissioner မှာ Sun Dafa ဖြစ်သည်။ GLD၏ ဖွဲ.စည်းတည်ဆောက်ပုံမှာ ဒါရိုက်တာတဦး၊ ဒု-ဒါရိုက်တာ(၄)ဦး၊ Political Commissar (၁)ဦး၊ Deputy Political Commissar(၁)ဦး၊ နိုင်ငံရေးဌာနဒါရိုက်တာ(၁)ဦး၊ Chief of Staff(၁)ဦး၊ General office ယင်းအပြင် Directly subordinated organs Work Department များဖြစ်သည်. Liaison Department, Organization Department, Propaganda Department နှင့် Security Department တို.လည်း ပါဝင်ဖွဲ.စည်းထားသည်။ General office အောက်တွင် Discipline Inspection Department ထားရှိသည်။
(ဃ) ပီအယ်အေ စစ်လက်နက်များဌာန(The PLA General Armaments Department-GAD)
ပြည်သူ.လွတ်မြောက်ရေးတပ်မတော် စက်လက်နက်များဌာနကို ၁၉၉၈ခုနှစ်၊ ဧပြီလတွင် တည်ထောင်


 (၁၁)ခု အထိပြန်လည်လျှော့ချခဲ့သည်။ ထို စစ်ဒေသကြီး(၁၁)ခုမှာ- Shenyang, Beijing, Jinan, Nanjing, Guangzhou, Kunming, Wuhan, Chengdu, Lanzhou, Xinjiang တို.ဖြစ်သည်။ ၁၉၈၅-၈၉ ခုနှစ်များတွင် စစ်ဒေသကြီး(၁၁)ခုကို (၇)ခုသို. ပြန်လည်လျော့ချခဲ့သည်။ ၄င်းတို.မှာ Shenyang Military Region၊ Beijing Military Region၊ Jinan Military Region၊ Nanjing Military Region၊ Guangzhou Military Region၊ Chengdu Military Region၊ Lanzhou Military Region စသည်တို့ ဖြစ်သည်။
စစ်ဒေသကြီးများကို ခရိုင်နှင့် ယင်းထက်နိမ့်သည်. Sub-districts များဖြင့် ခွဲခြားထားသည်။ ပီအယ်အေသည် ဂေါင်ဇူစစ်ဒေသကြီး(Guangzhou MR) ၏ အုပ်ချုပ်မှုအောက်ရှိ ဟောင်ကောင်နှင့် မက္ကာအို တို.တွင် တပ်များပေးပို.ချထားသည်။ စစ်ဒေသတခုစီအတွင်း ပီအယ်အေ၏ တပ်ဖွဲ.သုံးခု ဖြစ်သည်. မြေပြင်တပ်(Ground Force)၊ ရေတပ်(Navy)၊ လေတပ်(Air force) များကို စစ်ဘက်ခရိုင်၏ တစည်းတလုံးတည်း ကွပ်ကဲမှုအောက်တွင် တိုက်ပွဲစစ်ဆင်ရေး(The battle operations) ကို ဟန်ချက်ညီစေရန် ပေါင်းစပ်ညှိနှိုင်းပေးထားသည်။ မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ.(The Strategic missile force) ကို ဗဟိုစစ်ကော်မရှင်၏ တိုက်ရိုက်ဦးဆောင်မှုအောက်တွင် ထားရှိသည်။ စစ်ဒေသကြီး တခုချင်းစီရှိ မြေပြင်တပ်ဖွဲ.ယူနစ်များသည် ထိုစစ်ဒေသကြီး၏ ဦးဆောင်မှုအောက်တွင်ရှိသည်။ ရေတပ်နှင့်လေတပ်တို.မှ တပ်ဖွဲ.များသည်လည်း သက်ဆိုင်ရာတပ်များနှင့်စစ်ဒေသကြီး၏ ပူးတွဲဦးဆောင် မှုအောက်တွင်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနကဲ့သို့သော အရပ်ဘက်အမျိုးသား လုံခြုံရေးအုပ်စုများ နှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုကို ကွန်မြူနစ်ပါတီ၏ ဦးဆောင်အုပ်စုများက အဓိကအားဖြင့် ရရှိသည်။
နိဂုံး
ဗဟိုစစ်ကော်မရှင်ဥက္ကဌနှင့် သမ္မတဟောင်းဖြစ်သူ ဟူကျင်းတောင်က ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှု အဆင့်ဆင့်ကို တောင့်တင်းခိုင်မာစေရေး၊ နိုင်ငံတော်ဖွံ.ဖြိုးတိုးတက်မှု ဆက်လက်တိုးတက်ဖြစ်ပေါ်စေရန်အလို.ငှာ တရုတ်ပြည်၏ အချုပ်အခြာအာဏာ၊ နယ်မြေ တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်းလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရုတ်ပြည်၏ ကျယ်ပြန့်လာနေသော အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုကူညီဆောင်ရွက်ရေး စသော လမ်းညွှန်သဘောတရားများကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အား ချမှတ်ပေးခဲ့ပါသည်။ အဆိုပါ လမ်းညွှန်သဘောတရား များကို ခံယူလျက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အာရှပစိဖိတ်ဒေသ၏ အင်အားကြီးမားသော တပ်မတော်အဖြစ် ပေါ်ထွက်နေခြင်းဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
ရည်ညွန်းကိုးကား
Ben, B. "China paper warns military thinking outmoded", Reuters. August, 15, 2010
Blasko, D. “PLA Ground Forces” in The People's Liberation Army as Organisation, RAND
CIA. Communist China's Weapons Program for Strategic Attack, NIE 13-8-71 (Top Secret, declassified June 2004), Central Intelligence Agency, Washington D.C., 1971.
Franz, S. Ideology and Organization in Communist China (2 ed.). California: University of California Press, 1973.
Gucheng Li, A Glossary of Political Terms of the People's Republic of China, Chinese University Press, 1995.
Roderick, M. The Cambridge History of China. The People's Republic 15, Cambridge, Cambridge University Press, 1991.
Scobell, A., Lai,D., Kamphausen, R. (eds.) Chinese Lessons From Other Peoples’ Wars, Strategic Studies Institute Book, November 2011
Xingzu , P. (ed.) “ The State System”, in The Political System of the People's Republic of China, Shanghai, Shanghai People's Publishing House, 2005.

No comments: