မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရစွပ်စွဲ

 06 April 2013  |By Popular News

ကော့သောင်း ဒေသတွင် မြန်မာ -ထိုင်းနယ်စပ် အနီး မြန်မာ့ တပ်မတော်သား ၁၃ ဦး အသတ် ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသော ထိုင်းစစ်သား ၆ ဦးအား စစ်ဆေး မေးမြန်း ပေးရန် မြန်မာ အာဏာပိုင် များက ထိုင်းအစိုးရအား တောင်းဆို ထားကြောင်း သိရသည်။
ရနောင်းဒေသ ကရာဘူရီခရိုင် အစိုးရ မြန်မာနယ်စပ် ရွာတစ်ရွာတွင် ယမန်နေ့က မြန်မာ တပ်ဖွဲ့များနှင့် မည်သည့် အဖွဲ့အစည်းမှန်း မသိရသော လက်နက်ကိုင်တပ်ဖွဲ့ များအပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာ တပ်သား ၁၃ ဦး သေဆုံး၍ နှစ်ဦးမှာ ပျောက်ဆုံး လျက်ရှိကြောင်း ထိုင်းစစ်ဘက် အရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သတ်၍ မြန်မာ အာဏာပိုင်များက ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသော ထိုင်းစစ်သား ၆ ဦးမှာ အဓိက တာဝန်ရှိသူ ဟုဆိုကာ စစ်ဆေးမေးမြန်း ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
မြန်မာ့ ကာကွယ်ရေး ၀န်ကြီးဌာနမှ အမည်မဖော်လိုသူ သတင်းရင်း မြစ်၏ အဆိုအရ အဆိုပါ စစ်သား ၆ ဦးခန့် ရင်ဆိုင်ပစ်ခတ်မှု အပြီးတွင် နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ၀င်ရောက်သွား ကြောင်းသိရသည်။ သေဆုံးသူ ၁၃ ဦးတွင် တပ်ရင်း ၅၉၂ မှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦး ပါဝင်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင် များကမှု အဆိုပါ ဖြစ်ရပ်အတွက် တာဝန်ရှိ သူများမှာ ယမန်နှစ်က မြန်မာ့ ပိုင်နက်အတွင်း ဖမ်းဆီး ခံရသူတိုင်း နိုင်ငံသား များနှင့် ဆက်စပ်မှု ရှိမရှိ စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း၊ ဖြစ်ရပ်တွင် မည့်သည့် အဖွဲ့အစည်းမှန်း မသိရသည့် လက်နက်ကိုင် ဦးရေ ၅၀ မှ ၆၀ ခန့်အထိ ပါဝင်ခဲ့ကြောင်း ဆိုသည်။ “ထိုင်းစစ်သားတွေ ဒီတိုက်ခိုက်မှုကို လုပ်စရာ ဘာအကြောင်းမှ မရှိပါဘူး။”ဟု ထိုင်းအမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏ အထူးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး Kriang Krai Srirak ကဆိုသည်။
ယမန်နှစ်က ထိုဒေသတွင် ထိုင်းနိုင်ငံသား ၉၂ ဦးအား တရားမ၀င် လက်နက် ကိုင်တွယ်မှု အပါအ၀င် စွဲချက်များ ဖြင့် ဖမ်းဆီးခဲ့ပြီး ၉၀ ဦးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ၂ ဦးကိုမှု မူးယစ်ဆေးမှု အပါအ၀င် စွဲချက်များဖြင့် ထောင် ဒဏ် နှစ် ၂၀ ထက်မနည်း ချမှတ် ခဲ့သည်။

No comments: