လက်ပန်တောင်းတောင်ဒေသအခြေအနေ

ယနေ့မနက်တွင်ညောင်ပင်ကြီးရဲစခန်းမှစခန်းမှုးဦးရဲအောင်မှတုံရွာနေပြည်သူများအား
လယ်သမားအရေးကူညီဆောင်ရွက်နေသူများအားတုံရွာမှလက်မခံထားရန်လိုက်လံ
ပြောဆိုနေပါသည်၊၊မိမိတို့အနေဖြင့်ပုဒ်မ(၁၄၄)ထုတ်ထားသောဆည်တည်းရွာတွင်
ဝင်ရောက်ဖမ်းဆီးရပါကပြစ်ခတ်ဖမ်းဆီးရလျှင်လဲ(၁၄၄)ထုတ်ထားသောရွာတွင်ဖြစ်
သည့်အတွက်မိမိတို့အလွန်မဖြစ်ကြောင်း၊တုံရွာဆိုလျှင်ရွာသားများနှင့်ထိပ်တိုက်
ဖြစ်ပါကရွာနာလိမ့်မည်ဖြစ်ကြောင်း၊ပြောဆိုခြိမ်းခြောက်နေပါသည်၊၊မိုးကြိုးပြင်ကျေး
ရွာအပါအဝင်လမ်းဆုံလမ်းခွများ၌လယ်သမားရေးကူညီသူများဓတ်ပုံများနှင့်အလိုရှိသူ
စာရင်းနှင့်လက်ခံထားသူများကိုအရေးယူသွားမည်ဖြစ်ကြောင်းကြော်ငြာစာရွက်များကို
လုံထိန်းများ၊ထောက်လှမ်းရေးများ၊ရဲများ၊ရဲသတင်းပေးများလိုက်လံဝေငှနေပါသည်၊၊
ယနေ့(၁)နာရီထိုးတွင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးဆန္ဒပြပွဲကိုဆင်နွဲပါက၊ဒေ
သခံအလိုရှိစာရင်းပါသူရွာသား(၄)ယောက်ကိုလဲဖမ်းဆီမည်ဖြစ်ကြောင်းစခန်းမှုးဦး
ရဲအောင်မှပြောဆိုရှင်းလင်းနေပါသည်၊၊မကြာမီမချိန်အတွင်းရွာသားများဆန္ဒပြတော့မည်ဖြစ်သောကြောင့်ရဲများအနေဖြင့်
အပြစ်ရှာအကြမ်းဖက်မှုများကိုမလုပ်ဆောင်နိုင်စေရန်ပြည်သူများအနေဖြင့်ညီညီ
ညွတ်ညွတ်သတိရှိရှိချီတက်လုပ်ဆောင်ကြပါရန်အသိပေးမှုများကိုလယ်သမားခေါင်း
ဆောင်များမှဆွေးနွေးနေပါသည်၊၊
(၂၉-၄-၂၀၁၃)
နေ့(၁၁း၅)မိနစ်
လက်ပန်တောင်း





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: